Arc 3.21

2.5K 334 1
                                    

Unicode

တစ်ဦးနဲ့တစ်ဦးရန်ငြိုးတွေသာမရှိဘူးဆိုရင်သူတို့တွေတိုက်ခိုက်ကြမှာမဟုတ်ဘူး
ရှီရှန်းကိုလင်းရီရီကမြူခိုးတောင်ဂိုဏ်းကိုပြန်ခေါ်သွားတယ်

အချို့လူတွေရဲ့မျက်နှာကဒေါသထွက်နေပုံ​​ပေါ်ပေမဲ့ဘာတစ်လုံးမှထုတ်မပြောရဲဘူး
ယဲ့ချင်ချိုးကမြူခိုးတောင်ဂိုဏ်းမှာမရှိဘူး
ပြီးတော့လင်းရီရီက ကိုယ်ရေးကိုယ်တာအရတောင်သခင်တစ်​ယောက်ရဲ့တပည့်နဲ့ဇနီးလည်းဖြစ်တာကြောင့်ဘယ်သူကမှသူမကိုရန်မစရဲဘူး

ပိုအရေးကြီးတဲ့အချက်ကသူမကိုသူတို့မနိုင်ဘူး

သူတို့သူမကိုနိုင်တယ်ပဲထားပါအုံး
လင်းရီရီကကောင်းကင်ဘုံစွန်း​တောင်ထွဋ်သခင်ဆီသွားပြီးသူတို့ကိုဒုက္ခပေးရင်အရှက်ရစရာတွေပဲဖြစ်လာလိမ့်မယ်

"ဆရာကထွက်သွားပြီတဲ့လား"
ဒါကရှီရှန်းလုံးဝကိုမျှော်လင့်မထားတဲ့အရာဖြစ်တယ်
ယွီရှောင်းကပိုင်လန်ကိုကောင်းကင်ဘုံစွန်းတောင်ထွဋ်ရဲ့ဆရာသခင်အဖြစ်လွှဲပြောင်းပေးပြီးတော့ထွက်သွားပြီ

"အင်း....,ဒေါ်လေးလျှောက်သွားနေတဲ့အချိန်တုန်းကကောလဟာလတွေအများကြီးပဲဆရာကထွက်သွားပြီအစပိုင်းတုန်းကတော့အဆက်အသွယ်ရှိသေးတယ်...နောက်ပိုင်းကြတော့ဘာသတင်းမှမကြားရတော့ဘူးဂိုဏ်းတူဒေါ်လေးထုန်းတောင်ဂိုဏ်းမှာဘာတွေဖြစ်ခဲ့တာလဲ...ဘာလို့သူတို့ကဒေါ်လေးကိုမကောင်းဆိုးဝါးကျင့်ကြံသူလို့ပြောနေကြတာလဲ"

"မကောင်းဆိုးဝါးကျင့်ကြံသူ..."
ရှီရှန်း ကသူမမျက်ခုံးကိုပင့်လိုက်တယ်
"ပြောစမ်းပါဦး,သူတို့ငါ့အကြောင်းဘာတွေများပြောကြသေးလဲ"

အရင်ကသူမလွတ်သွားပြီးတဲ့အချိန်တုန်းကယဲ့ချင်ချိုးနဲ့လုံ့ကျွယ်ကအကြောင်းအရင်းတစ်ခုကြောင့်အငြင်းပွားကြပြီးသူတို့အချင်းချင်းတိုက်တောင်တိုက်ခိုက်လိုက်ကြသေးတယ် ပြီးတော့လုံ့ကျွယ်ကကောင်းကင်ဘုံလောကကိုပြန်သွားပြီးတော့ယဲ့ချင်ချိုးကလည်းမြူခိုးတောင်ဂိုဏ်းကိုပြန်ရောက်လာခဲ့တယ်

ကောလဟာလတွေအရဆိုရင်ရှီရှန်းကမကြာခင်ပြန်ပေါ်လာလိမ့်မယ်တဲ့
သူတို့ပြောတာတွေက သူမကပျောက်ဆုံးသွားတဲ့ရေဝိညဥ်သွေးကြောပိုင်ရှင်အမျိုးသမီးကျင့်ကြံသူတွေကိုအသုံးပြုပြီးတော့မကောင်းဆိုးဝါးဆေးဖော်နေတယ်ဆိုပဲပြီးတော့သူမအဲလိုလုပ်နေတာကိုသူတို့သိသွားတဲ့အခါမှာရှီရှန်းကိုဖမ်းဖို့လုပ်ပေမဲ့မမျှော်လင့်ပဲသူမလွတ်သွားတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now