Arc 3.5

3.1K 418 3
                                    

Unicode

မူလဇာတ်​ကြောင်းကိုပြန်စဥ်းစားမိသွားတဲ့အခါမှာ ရှီရှန်းက မီး​နဲ့လွတ်ရာကိုခုန်ထွက်လိုက်တယ်
"​တော်ပါပြီ"
ရှီရှန်းရဲ့တုံ့ပြန်မှုကိုမြင်တဲ့အခါမှာ ဖုန်းစီကအနည်းငယ်စိတ်ပျက်သွားပုံ​ပေါ်​ပေမယ့် သူ့ရဲ့အ​တွေး​တွေကိုဖုံးကွယ်ထားပြီးရှီရှန်းကိုအဖိုးတန်ရတနာတစ်ခုလို မက်မက်​မော​မောနဲ့စိတ်လှုပ်ရှားစွာကြည့်​နေတယ်
'ဖုန်းစီက ဒီ၀တ္ထုရဲ့final bossဖြစ်ပြီး​တော့ဇာတ်လိုက်မရင်ဆိုင်ရမယ့် အကြီးမားဆုံးနဲ့ ​နောက်ဆုံး​သော အခက်အခဲပဲ '

ဖုန်းစီက နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုကဆင်းသက်လာသူပဲ
သူက စွမ်းအားကြီးမားစွာ​​မွေးဖွားလာခဲ့​ပေမယ့် အဲ့ဒီစွမ်းအား​တွေနဲ့အတူ ဒီမီး​တောက်​တွေပါ ပါလာတယ်
ဖုန်းစီရဲ့ပတ်ပတ်လည်တိုင်းမှာအပူရှိန်ပြင်းထန်တဲ့မီး​တောက်​တွေ၀န်းရံ​နေတာ​ကြောင့်  ဘယ်သူကမှသူ့အနားကိုမကပ်ရဲကြဘူး
သူ့ရဲ့မိဘအရင်း​တွေက​တောင် နဲနဲ​လောက်သတိမပြုမိလိုက်တာနဲ့မီး​လောင်သွားမှာစိုးလို့ ဖုန်းစီအနားကိုမကပ်ရဲကြဘူး
နဂါးမျိုးနွယ်စုနဲ့ဖီးနစ်မျိုးနွယ်စုတို့က ဖုန်းစီမ​မွေးခင်ထဲက ဆက်ဆံ​ရေးမှာ အဖုအထစ်​လေး​တွေရှိခဲ့တယ်
ဖုန်းစီက ဒီလိုမျိုး​မွေးဖွားလာတဲ့အခါမှာ​တော့ နဂါးမျိုးနွယ်စု၀င်ဖြစ်တဲ့ သူ့အ​ဖေက သူ့ကိုကျက်သ​ရေမရှိဘူးလို့ယူဆပြီး ဖီးနစ်မျိုးနွယ်စု၀င်သူ့ဇနီးကိုလုံး၀လျစ်လျူရှုလိုက်​တယ်
ခင်ပွန်းရဲ့လျစ်လျှူရှုခြင်းကိုခံရတဲ့ အ​ကြောင်းအရင်းဟာ ဒီကျက်သ​ရေမရှိတဲ့ ဒုက္ခအိုး သားတစ်​ယောက်​ကြောင့်လို့သတ်မှတ်ပြီး ဖုန်းစီကိုစွန့်ပစ်လိုက်တယ်

အဲ့ဒီလိုနဲ့ပဲဖုန်းစီက အထီးကျန်စွာ တစ်ကိုယ်ထဲကြီးပျင်းလာခဲ့ရတယ်
မူလဇာတ်​ကြောင်းထဲမှာ​တော့ ဖုန်းစီက ဇာတ်လိုက်မ ​ကောင်းကင်​လောကကိုပထမဆုံး​ရောက်လာပြီး အမျိုးသားဇာတ်လိုက်ကသူမကိုသွားကြိုတဲ့အချိန်မှာ ​ပေါ်လာခဲ့တာဖြစ်တယ်
ဖုန်းစီက ဒီလိုမျိုးရုတ်တရပ်ကြီး​ပေါ်လာတဲ့အခါမှာ​တော့ အဲ့ဒီမှာရှိ​နေတဲ့အခြားလူ​တွေက မီး​တောက်​တွေကို​ကြောက်လန့်တဲ့အတွက် တခြား​နေရာကို ထွက်​ပြေးကုန်ကြပြီး ဇာတ်လိုက်နှစ်​ယောက်ကသာ သူနဲ့ကျန်​နေခဲ့တယ်
ဇာတ်လိုက်မကဖုန်းစီအ​ကြောင်းကိုမသိ​ပေမယ့် အမျိုးသားဇာတ်လိုက်က​တော့ သူနဲ့ရန်ငြှိုးရှိတယ်
နဂါးမျိုးနွယ်စုရဲ့သခင်​လေးဖြစ်တဲ့ အမျိုးသားဇာတ်လိုက်က သူ့ထက်အင်အားကြီး​နေပြီး နဂါး-ဖီးနစ်​သွေး​နှောလည်းဖြစ်တဲ့ဖုန်းစီကိုကြည့်မရဘူးဆိုတာက ဖြစ်သင့်တဲ့ကိစ္စပဲ
ဒါ​ပေမယ့် သူက ဖုန်းစီရဲ့အတုမရှိတဲ့စွမ်းအား​တွေ​ကြောင့် ပုံမှန်ဆိုရင်သူ့ဘက်ကစပြီးရန်မရှာရဲဘူး
ဒါ​ပေမယ့်ဇာတ်လိုက်မ​ရှေ့မှာ​တော့ဘယ်တူမလဲ
သူ့ရဲ့အားနည်းချက်ကိုနည်းနည်း​လေးမှ​ဖော်ထုတ်ပြမှာမဟုတ်ဖူး

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now