Arc 4.27

2.3K 313 1
                                    

Unicode

ရှီရှန်းက မြို့တော်ကထွက်လာပြီး သူရဲ့အုပ်စုကိုခေါ်ကာ Bမြို့ကိုပြန်လာခဲ့တယ်။ သူမက မြို့တော်မှာ ဒီထက်ကြာကြာနေရမယ်လို့ တွက်ထားပေမဲ့ ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ဘူး။ သူမထပ်မထင်ထားခဲ့တာက questကဒီလောက်ကြီးရှုပ်ထွေးမယ်‌လို့ရောပဲလေ။ ဒါကြောင့် သူကအရင်နှစ်တွေကတွေးထားခဲ့တဲ့ ပထမဆုံးအစီအစဥ်ကို အ‌စဖော်တော့တယ် : Zombieအင်ပါယာကြီး တည်ထောင်ခြင်း။

သူBမြို့ဝန်းကျင်ကိုရောက်တော့ သူ့ကောင်လေးတွေ အခြေစိုက်စခန်းအခြေစံစနစ်ကို စီစဥ်ပြီးသွားပြီဆိုတာ သိလိုက်ရတယ်။ သူတို့ရှေ့မှာ ကိုယ်ထင်ပြလိုက်တော့ သူတို့လုံးဝကို အံ့သြသွားကြတော့တယ်။

' ဘောစ့်က တကယ်ကြီးအစောကြီး ပြန်လာတာလား။ ဘောစ့် Bမြို့ကထွက်သွားတော့(ငါတို့ကိုယ်တိုင်မမြင်ရပေမဲ့), အဲ့အကြောင်းကငါတို့ကိုတကယ် တုန်လှုပ်သွားစေတယ်။ အခုလိုရုတ်တရက်ကြီး အစောကြီး ပြန်ရောက်လာမယ်ဆိုတာမျိုးတွေးကြည့်လိုက်ရင် ဖုတ်ကောင်တွေကိုတောင် ထပ်ကြောက်မှာမဟုတ်တော့ဘူး!!! '

စခန်းမှာက လူတွေစရှိနေပြီဖြစ်တယ် ရာဂဏန်းလောက်ပဲ ရှိသေးတယ်ဆိုပေမဲ့လို့ပေါ့။ ရှီရှန်းက သူ့ရဲ့ဖုတ်ကောင်တပ်ကြီးကို စခန်းထဲခေါ်လာတော့ ကျန်တဲ့သူတွေခမျာ အတင်းတောင်မတုတ်ရဲကြတော့ဘူး။ စိတ်ထဲကတော့ ဆန္ဒတွေပြနေကြာပေါ့..,

ဖုတ်ကောင်တွေက လွတ်လွတ်လပ်လပ်အလုပ်ခွင့်ရတဲ့အခါမှာတော့ စခန်းနံရံအကြီးကြီးကို ကြိုးစားပမ်းစားဆောက်ကြတော့တယ်။ လူတွေက အံ့သြရာကနေ ကြောက်ရွံမှု အဲ့ကနေတဖြေဖြေးနဲ့လက်ခံလာနိုင်ကြတော့တယ်။ ဒီရာကျော်လူတွေက ကြာလာတော့ ≤≤Fight Us!!! ≥≥ မှာပဲ အခြေချနေကြတဲ့သူတွေ ဖြစ်လာကြတယ်။

လအနည်းငယ်ကြာပြီးနောက် သူတို့က ရှီရှန်းရဲ့စခန်းမှာနောက်ထပ်လူတွေလက်မခံဘဲ ဖုတ်ကောင်တွေသာများများလာတာတဲ့အချက်ကို သဘောကျလာတော့တယ်။

ချန်းယုတို့ကတော့ သူတို့ဘောစ့်ဘာလုပ်ဖို့ကြံနေလဲဆိုတာ  မသိကြပေမဲ့ သူဆန္ဒအားလုံးကို‌ပဲ ဖြည့်ဆည်းပေးနေကြတယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now