Arc 4.20

2.3K 335 2
                                    

Unicode

တံခါးဖွင့်ဖို့ရာ အချိန်အကြာကြီးမယူခဲ့ရပါဘူး။ ချင်းယုတို့အထင်ကြီးထားကြသလိုပဲ တံခါးကိုခနလေးအတွင်းမှာ ဖွင့်နိုင်ခဲ့တယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ပြန်ပိတ်သွားခဲ့တယ်။ တံခါးပိတ်ချိန်က ဖွင့်ချိန်ထက်တောင် မြန်သေးတယ်။

"အမြန်ဝင်ကြ " ကုနန်းက လင်းဖုန်းနဲ့ချင်းယုကိုတွန်းလိုက်ပြီး ဖက်တီးလေးကိုဂုတ်ကနေ ဆွဲလာခဲ့တယ်။

ဆောင်းရှီတို့အဖွဲ့ကလည်း ဝင်ဖို့လုပ်ကြပေမဲ့ နောက်ကျသွားပြီ။ တံခါးကပြန်ပိတ်သွားပြီဖြစ်တယ်။ ကျန်တဲ့လူတွေအားလုံး ဒီအခန်းထဲမှာ ပိတ်မိနေဆဲပဲ။

" ဒီကုနန်းက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။သူ့လူတွေကိုပဲ ခေါ်သွားတယ်!ဟမ့် အပြင်ထွက်နိုင်လည်း အသက်ရှင်မှာမို့လား!ဘယ်ချိန် ဖုတ်ကောင်အဖြစ်ပြောင်းမလဲ ကြည့်နေဦးမယ် "

" သူတို့ အပြင်တကယ်ရောက်သွားပြီလား? "

" ဘယ်သူသိမှာလဲ။ zombieတွေမရှိဘူးလို့ ပြောလို့ရတာမှမဟုတ်တာ။ "

ဒီလူတွေက ကုနန်းတို့လွတ်သွားတာကို မနာလိုဖြစ်ခဲ့ကြတယ်။ မနာလိုမှုမြှင့်လာလေ သူတို့အတွက် ဆုတောင်းပေး‌ကြလေပဲ။

" သူဒါ‌ကျန်ခဲ့တယ် "
တစ်ယောက်ယောက်က နံရံဆေးအစပိုင်းတစ်ခုကို ကောက်ယူပြီး ပြောလိုက်တယ်။

" ငါခနလောက် ကြည့်လို့ရမလား "
ချီမင်ယွဲ့က သာသာလေးမေးလိုက်တယ်။

ဆေးချပ်အစကို ကိုင်ထားတဲ့လူက ခေါင်းငြိမ့်ပြီး လှမ်း​ပေးလိုက်တယ်။

ချီမင်ယွဲ့က‌ ဆောင်းရှီကို‌လက်ပြန်လှမ်းပြီး ပြောလိုက်တယ်။
" အားရှီ စစ်​ဆေးကြည့်ပါအုံး....တစ်ခုခုများတွေ့မိလား "

..............

"ဘုရားရေ။ ...အပြင်မှာပိုဆိုးနေတယ် "

ဝတုတ်က ဖန်ပြွန်ကန်ကိုကြောက်ရွံစွာ‌ကြည့်ရင်းပြောလာတယ်။

ဖန်ပြွန်ကန်တွေက သိပ်သည်းစွာရှိနေကြတယ်။ တစ်ချို့ကန်တွေမှာက လူတစ်ဝက် ဖုတ်ကောင်တစ်ဝက်ဖြစ်နေကြတဲ့သူတွေ။ တချို့မှာတော့ ကန်အလွတ်တွေ။ ဒီမှာကမှ ဓာတ်ခွဲခန်းထဲကထက် အချက်လက်ပိုရှိ​နေတယ်။ ကြည့်ရတာ အပြင်မှာ အဓိကအလုပ်လုပ်ကြတာနေမှာ။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now