Arc 1.8

5.2K 613 1
                                    

➡️Unicode

ချူးထန်ထွက်သွားတော့ ချက်လက်မှတ်​က ရှီရှန်းတို့အိမ်မှာကျန်​နေခဲ့တယ်

ရှီရှန်းက ချက်လက်မှတ်​တွေကို​ကောက်ယူလိုက်ပြီး ~ငါသူ့ကို အိမ်မှာအလကား​ခေါ်ထားနိုင်လိုက်တယ်ထင်တယ် ကြည့်ရတာငါ​လေးမြတ်သွားသလိုပဲ~

ရှီရှန်းကချူးထန်ကို၀ယ်ထားဖို့အစီအစဥ်တကယ်မရှိခဲ့ဘူး

ချူးထန်ရဲ့အရည်အချင်းနဲ့ဆိုရင် တကယ်လို့သူလမ်းခွဲချင်တဲ့အခါ ရှီရှန်းဘက်ကဘာမှလုပ်လိုက်နိုင်မှာမဟုတ်ဘူး

အဲ့လိုမျိုးသာဆိုရင်​တော့ သူ့ရဲ့စကားမတည်မှုအတွက် ရှီရှန်းသူ့ကိုရွံရှာလို့ကိုဆုံးမှာမဟုတ်ဖူး.ဒါ​ပေမယ့်systemရဲ့တွန်းအား​ပေးမှု​ကြောင့်ရှီရှန်း ချူးထန်ဆီကိုmessageပို့ရ​တော့တယ်.သူမရဲ့ဂရုစိုက်မှု​တွေကို​ဖော်ပြရင်း​ပေါ့
အချိန်အများစုမှာ​တော့ချူးထန်က သူမကိုreplyမပြန်​ပေမယ့်  စာကားလုံးနဲနဲပါတဲ့စာတိုကို​တော့ရက်ရက်​ရော​ရောပြန်ပို့​လေ့ရှိပါတယ်.

"မ​သေချင်စမ်းပါနဲ့"
ဟုတ်ပါတယ် ချူးထန်ကအမှန်တကယ်ကို အဲ့လိုပို့လိုက်တာပါ
.

ရွှီချန်ယွဲ့ရဲ့အ​ဖေက နန်ကုန်းကျင်းတို့ရဲ့companyနဲ့ဆက်စပ်တဲ့လုပ်ငန်း​တွေအားလုံးကို ရပ်ဆိုင်းလိုက်တယ်.နန်ကုန်းမိသားစုက ဆုံးရှုံးမှု​တွေခံစားရ​ပေမယ့် ဘာမှမတုံ့ပြန်ရဲဘဲငြိမ်ခံ​နေခဲ့တယ်.ရွှီချန်ယွဲ့ကလည်း သူ့ကိုခပ်ခွာခွာ​နေလိုက်ပြီဖြစ်လို့ နန်ကုန်းကျင်းကလည်းရွှီမိသားစုကို ဒုက္ခ​ပေးစရာအ​ကြောင်းမရှိ​တော့ဘူး.
အဲ့ဒါ​ကြောင့်အခု​လော​လောဆယ်မှာရှီရှန်းအတွက်​နေရထိုင်ရလွယ်ကူ​နေတယ် .
ဒါ​ပေမယ့် ရှီရှန်းကနန်ကုန်းကျင်းကိုဒီတိုင်းလွှတ်​ပေးလိုက်ဖို့အစီအစဥ်​တော့မရှိဘူး.

Companyက ပြသနာ​တွေကို​ဖြေရှင်းပြီးသွားတဲ့အခါမှာ ရွှီသခင်မကြီးက အိမ်​တော်ကိုပြန်လာခဲ့တယ်.
သူမကကြံ့ခိုင်တဲ့အမျိုးသမီးတစ်​ယောက်ဖြစ်​ပေမယ့် သူမရဲ့အမျိုးသားနဲ့သမီး​ရှေ့မှာကျ​တော့ နူးညံ့တဲ့ဇနီး​ကောင်း မိခင်​ကောင်းတစ်​ယောက်ရဲ့အသွင်ကိုသာပြပြီး တင်းမာပြတ်သားပြီးမာနကြီးတဲ့အသွင်တစ်စက်​လေးမှထုတ်မပြဘူး.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now