Arc 3.17

2.5K 350 10
                                    

Unicode

ဖုန်းစီနိုးလာတဲ့အချိန်မှာ ရှီရှန်းက ၀င်​ပေါက်ရဲ့အပြင်ဘက်မှာရပ်​နေပြီး အ​ပေါ်ကို​မော့ကြည့်​နေတယ်
"​ရှောင်ရှူ.."
သူမကိုမြင်တဲ့အခါမှာ ဖုန်းစီက ​မြေကြီး​ပေါ်က​နေထလာပြီး လျှပ်စီးလိုအမြန်နှုန်းနဲ့ ရှီရှန်းကို​​နောက်​ကျောက​နေပြေးဖက်လိုက်တယ်
"​တော်​သေးတာ​ပေါ့ မင်းဘာမှမဖြစ်လို့ "
ရုတ်တရပ် မပြင်ဆင်ထားမှု​ကြောင့် ရှီရှန်းက ပြင်းပြင်းထန်ထန်​ချောင်းဆိုးလိုက်ပြီး ​​လေထုထဲမှာ ဖျော့​တော့တဲ့ ​သွေးနံ့တစ်ချက် ပျံ့နှံ့သွားတယ်
"ဘာဖြစ်တာလဲ"
ဖုန်းစီက ရှီရှန်းကို့ သူ့ဘက်ဆွဲလှည့်လိုက်တယ်
"မင်းမျက်နှာက ဘာလို့အရမ်း​ဖျော့​တော့​နေရတာလဲ  မင်းရဲ့ကျင့်ကြံဆင့်​တွေဘယ်ရောက်ကုန်တာလဲ အဲ့ဒီ့လူ​တွေ​ကြောင့်လား...မ​ကြောက်နဲ့ ​ရှောင်ရှူ ..ကိုယ်မင်းအတွက် သူတို့ကိုလက်စား​ချေပေးမယ်..မင်း သူတို့ကိုဘယ်လိုနည်းနဲ့​သေ​စေ​ချင်လဲ..ကိုယ့်ကို​ပြော..ကိုယ်​မင်းဖြစ်​စေချင်တဲ့အတိုင်းလုပ်​ပေးမယ် "
ရှီရှန်းက ပင့်သက်ရှိုက်ပြီး ဖုန်းစီကို​မော့ကြည့်လိုက်တယ်
သူမက စကားမ​ပြောနိုင်​သေးတာ​ကြောင့် အ​ပေါ်ဘက်ကိုသာလက်ညွှန်ပြလိုက်တယ်
ဖုန်းစီရဲ့နီညို​ရောင်မျက်လုံး​တွေက စိုးရိမ်ပူပန်မှု​တွေနဲ့ အပြည့်ဖြစ်​နေပြီး ရှီရှန်းကို နားမလည်စွာကြည့်​နေတယ်ရုတ်တရပ် ရှီရှန်းရဲ့ ခန္ဓာကိုယ်ကတုန်ရီသွားပြီး ဖုန်းစီကို ​ဘေးဘက်တွန်းလိုက်တယ်.
​လေးလံတဲ့အရာ၀တ္ထုတစ်ခု​​ကသူမတို့ခုနကမြေပြင်ပေါ်ပြုတ်ကျလာတဲ့အသံကို ကြားလိုက်ရတယ်
ရှီရှန်းရဲ့​နောက်​ကျောက ​မြေကြီးမှာကပ်​နေပြီး ဖုန်းစီရဲ့ခန္ဓာကိုယ်ကသူမကို ဖိမိထားတယ်
သူ့ရဲ့​အေးစက်​နေတဲ့နှုတ်ခမ်းက ရှီရှန်းရဲ့နှုတ်ခမ်းဖျားကိုထိမိ​နေတယ်
ဖုန်းစီရဲ့မျက်လုံး​တွေက ပြူးကျယ်​နေပြီး သူ့ရဲ့ရှည်လျားလှပတဲ့မျက်​တောင်ရှည်​တွေက တုန်ရီ​နေတယ်
သူတို့နှစ်​ယောက်ရဲ့အ​ခြေအ​နေက နီးကပ်​နေ​လွန်းလို့ တစ်​ယောက်အသက်ရှူသံကိုတစ်​ယောက်ကကြား​နေရတယ်
ဖုန်းစီက ရှီရှန်းရဲ့နှုတ်ခမ်းကိုဆက်ခနဲနမ်းလိုက်ပြီး ဓါတ်လိုက်ခံရသလိုမျိုး တုန်လှုပ်သွားပြီး​တော့ အ​ဝေးကို ခုန်ထွက်လိုက်တယ်
သူ့အကြည့်​တွေကတုန်လှုပ်​နေပြီး နားရွက်ဖျား​လေး​တွေကလည်း နီရဲ​နေတယ်ရှီရှန်းကခန​လောက်ကြောင်သွား​ပေမယ့် သူမရဲ့နှုတ်ခမ်းစွန်း​လေးက​ကွေးသွားပြီး အပြုံးတစ်ခုဖြစ်သွားတယ်
(TN/အမကြီးစ​ကြွေပါပြီ😞)
ဒါ​ပေမယ့်ခုနကအ​ခြေအ​နေက ရှီရှန်းရဲ့အတွင်းဒဏ်ရာ​တွေကို နှိုးဆွလိုက်သလိုဖြစ်သွားတာ​ကြောင့် သူမရဲ့မျက်နှာက​နောက်တစ်ကြိမ်ရှုံ့မဲ့သွားပြန်တယ်
'​နောက်တစ်ကြိမ်နမ်းမိမယ်ဆိုရင် ငါ့ဒဏ်ရာ​တွေ​ကောင်းဖို့​နေ​နေသာသာ ​နောက်ထက်ဒဏ်ရာ​တွေ​ပေါ်လာလိမ့်အုံးမယ့်ပုံပဲ'
"ငါ့ကို နဲနဲ​လောက်ကူပါအုံး"
ရှီရှန်းက အားနည်းစွာ ​ပြောရင်း ဖုန်းစီ ဆီကိုလက်တစ်ဖက်ဆန့်​ပေးလိုက်တယ်ရှက်​သွေးဖြာ​နေတဲ့ဖုန်းစီက ရှီရှန်းကိုတည့်တည့်မကြည့်ရဲဘဲ မျက်နှာ​​လေး​အောက်ငုံ့ပြီး ဂရုတစိုက် ဆွဲထူ​ပေးလိုက်တယ်
ဖုန်းစီက အခု​လော​လောဆယ် အရမ်းကို ပူပန်​ကြောင့်ကြ​နေတယ်
'သူမစိတ်ဆိုးသွား​တော့မှာလား ငါ့ကိုထားသွား​တော့မှာလား ငါဂရုမစိုက်ဖူး  သူမက ငါနဲ့ပဲတစ်သက်လုံး​နေသွားရမှာ  သူမသာငါ့ကိုထားသွားချင်တယ်ဆိုရင် .ငါ..ငါ.....'
ဖုန်းစီက အရမ်းစိတ်ဓါတ်ကျသွားတယ်
'သူမသာငါ့ကိုထားသွားမယ်ဆိုရင် ငါဘယ်လိုလုပ်ရ​တော့မလဲ သူမကိုငါ့အခန်းထဲမှာ​သော့ပိတ်ထားလိုက်ရမလား ဒါ​ပေမယ့်..ဒါ​ပေမယ့်..အဲ့လိုလုပ်ရင် ​ရှောင်ရှူက ငါ့ကိုစိတ်ဆိုးလိမ့်မယ်..သူမကို စိတ်မဆိုး​စေချင်ဘူး..သူမငါ့ကိုပြုံးပြတာကိုပဲငါလိုချင်တာ အဲ့လိုအချိန်ဆိုရင် ငါရဲ့​ရှောင်ရှူ​လေးကအရမ်းလှတာ ....'
ရှီရှန်းကသူမတို့ခုနကရပ်​နေတဲ့​နေရာကိုစိုက်ကြည့်​နေတဲ့အတွက် ဒီစက္ကန့်ပိုင်း​လေးအတွင်းဖုန်းစီရဲ့စိတ်ထဲမှာ ကမ္ဘာပျက်​နေမှန်း မသိဘူး
​မြွေနှစ်​ကောင်က တစ်​ကောင်နဲ့တစ်​ကောင်ရစ်ပတ်​နေကြတယ်
​မြွေတွေက တစ်​ကောင်နဲ့တစ်​ကောင်ရစ်ပတ်ထားရင်းနဲ့ သူတို့နဲ့သိပ်မဝေးတဲ့​နေရာမှာရှိ​နေတဲ့လူသားနှစ်​ယောက်ကို လုံး၀လျစ်လျူရှုထားပြီး တရှူးရှူးတရှဲရှဲ ​အော်​နေကြတယ်
​မြွေနှစ်​ကောင်ကိုမြင်သွားတဲ့အခါ ဖုန်းစီရဲ့မျက်နှာက မဲ​မှောင်သွားပြီး ရှီရှန်းရဲ့မျက်လုံး​တွေကို လက်နဲ့အုပ်လိုက်တယ်
"မကြည့်နဲ့​ ညစ်ပတ်တယ်"
ရှီရှန်း"........."
'နင်ဖုံး​နေတဲ့ဟာ​တွေကို ခုနကပဲ ငါမြင်ပြီးပြီဟဲ့ အခုမှငါ့မျက်လုံး​တွေကိုဘာကိစ္စလာအုပ်​နေ​သေးတာလဲ'
ရှီရှန်းက ​မြွေနှစ်​ကောင်မိတ်လိုက်​နေကြတာကို​တွေ့မြင်ပြီးဖြစ်တယ်
'နင့်​မေကြီး​တော်ပဲ..သစ်ပင်​ပေါ်မှာတွဲ​လောင်း​နေပြီး မိတ်လိုက်​နေကြတယ်လား ဘယ်လို​တောင်စ​ကေးကြမ်း​နေတာလဲ'
ဖုန်းစီသူမကိုလာဖက်တဲ့အချိန်မှာပဲ ​ချစ်ရည်လူး​နေတဲ့မြွေနှစ်​ကောင်က သစ်ပင်​ပေါ်က​နေပြုတ်ကျလာတာဖြစ်တယ်
ရှီရှန်းက ထူးဆန်းတဲ့တဖျစ်ဖျစ်မြည်သံ​တွေကိုကြားလိုက်တယ်
သူမရဲ့မျက်လုံးကိုအုပ်ထားတဲ့လက် ဖယ်သွားတဲ့အခါမှာ​တော့ ​ပြာပုံတစ်ပုံကိုသာ​တွေ့ရ​တော့တယ်
'သူတို့မိတ်လိုက်​နေတုန်းကြီးကို မီးရှို့သတ်ပစ်လိုက်တယ်လား  အနည်းဆုံး​တော့ သူတို့ကိစ္စ​လေးပြီးပါ​စေအုံးဟ...နင်​တော့၀ဋ်လည်​တော့မှာပဲ'
"ညစ်ပတ်တယ်"
ဖုန်းစီက ရှီရှန်း​ရှေ့ကမြင်ကွင်းကိုကွယ်လိုက်တယ်
"ကိုယ့်ကိုပဲကြည့် "
ရှီရှန်း"......"
'နင့်ကိုပဲ..ကြည့်ရမယ်တဲ့လား....'
'နင်ကအရမ်း​ချော​နေရင်​တောင်မှပဲ ငါ့ပတ်၀န်းကျင်ကိုငါကြည့်ဖို့လို​သေးတယ်​လေ ပြီး​တော့ သူတို့က​မြွေစုံတွဲ​လေးတစ်တွဲပါ...နင်အဲ့​လောက်ထိလုပ်ဖို့လိုလို့လား...သနားစရာ​မြွေ​လေး​တွေ...'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now