Arc 2.21

3.2K 435 2
                                    

➡️Unicode

အဆုံးမှာ​တော့ သူတို့အဖွဲ့က ၈​ယောက်ထိတိုးသွားခဲ့တယ်

ရှီရှန်းနဲ့လူသစ်​လေး၄​ယောက်ရယ် စုရီရှိုးရယ် ဖန်းလီချိုးနဲ့ သူမရဲ့​အေးဂျင့်ရယ် တို့ပဲဖြစ်တယ်

စုရီရှိုးနဲ့ဖန်းလီချိုးတို့က အလယ်တန်းတုန်းက အတန်း​ဖော် သူငယ်ချင်း​တွေဖြစ်ကြတယ် . စုရီရှိုးနဲ့ဖန်းလီချိုးက တစ်ချိန်ထဲ​လောက်မှာပဲ နိုင်ငံခြားကိုထွက်သွားခဲ့ကြတယ်

နှ​မျောစရာ​ကောင်းတာက သူတို့သွားခဲ့တဲ့နိုင်ငံ​တွေဟာမတူညီတာ​ကြောင့် အချင်းချင်းမ​တွေ့ကြရဘူး.သူတို့နှစ်​ယောက်က အချင်းချင်း သ​ဘောကျကြတယ်ဆိုတာကိုရှီရှန်းက ခန့်မှန်းမိတယ် မဟုတ်ရင် စုရီရှိုးရဲ့ စွာလန်ကျဲအကျင့်စရိုက်အရ ဖန်းလီချိုးရဲ့စကား​တွေကို ​အေး​အေး​ဆေး​ဆေးငြိမ်ပြီးနား​ထောင်နိုင်မှာမဟုတ်ဖူ.

"အမ၀မ် သူတို့နှစ်​ယောက်ကြားမှာ တစ်ခုခုရှိ​နေတယ်လို့ အမမထင်ဘူးလား "

ဖန်ကျင်းယွီရဲ့မျက်လုံး​တွေကတလက်လက်​တောက်ပ​နေတယ်

'သူတို့နှစ်​ယောက်က လိုက်ဖက်လွန်းလိုက်တာ တစ်​ယောက်အတွက်တစ်​ယောက်ဖြစ်တည်လာရသလိုပဲ'

"​ မင်းပြောမှသိတယ်ထင်မ​နေနဲ့ လူတိုင်းမှာ မျက်လုံးပါတယ် "

ကျန်းမင်ကဖန်ကျင်းယွီကိုမျက်​စောင်း ထိုးလိုက်တယ်

ရှီရှန်းကအသာအယာ ပြုံးလိုက်တယ်

"စားစရာရှိတာသာစားကြပါ"

~နောက်ဆုံး​တော့ ဒီ​ငကြောင်​နှစ်​ကောင်ရဲ့ စိတ်ကိုငါနားလည်ခဲ့ပြီး များများစားပြီး အောင်ပွဲခံရမယ် ဟားဟားဟား~

စား​နေရင်းနဲ့ စုရီရှိုးဆီကို ဖုန်းတစ်call၀င်လာတယ်

သူက ဖန်းလင်ချိုးအာရုံ​ပြောင်း​နေတာကို အခွင့်​ကောင်းယူပြီး​တော့ ရှီရှန်းကို​မျက်ရိပ်ပြ ပြီးအပြင်ထွက်သွားတယ်

သူပြန်လာတဲ့အခါမှာ လုချင်းယွင်ကိုပါ ဒီအခန်းထဲကို​​ခေါ်လာတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now