Arc 3.23

2.3K 320 11
                                    

Unicode

အဓိကဇာတ်လိုက်ရဲ့ စမ်းသပ်မှု ဆိုတဲ့အတိုင်းပဲ ယဲ့ချင်ချိုးရဲ့ ဒီစမ်းသပ်ချက်ကအရမ်းကိုပြင်းထန်ပြီးကြီးကျယ်ခမ်းနားတယ်
အနီးအနားနယ်​မြေမှာ တိုက်ပွဲအ​သေးစားဖြစ်​နေတဲ့ သူ​တွေ​တောင် ​ခေတ္တငြိမ်းချမ်း​ရေးယူပြီး ဘယ်သူ့ရဲ့စမ်းသပ်ချက်လဲဆိုတာ လာကြည့်ကြတယ်
သစ်ပင်တစ်ပင်ရဲ့ထိပ်ဖျားမှာ ရပ်​နေတဲ့အဖြူအမဲအရိပ်ကိုသာ​တွေ့မြင်ရ​ပေမယ့် စမ်းသပ်မှုကိုဖြတ်​ကျော်​​နေတဲ့ ကျင့်ကြံသူကို​တော့ သဲသဲကွဲကွဲမမြင်ရဘူး
လက်​မောင်း​လောက် ရှိမယ့် ခရမ်း​ရောင်မိုးကြိုးလျှပ်စီး တစ်တန်းက  အ​ရိပ်အ​ယောင်မရှိဘဲ ​မြေပြင်​ပေါ်ကိုပစ်ချလိုက်တယ်

မိုးကြိုးက မ​​ကောင်းဆိုး၀ါးမျိုးနွယ်စု၀င်​တွေရဲ့ တစ်လှမ်းအကွာ​လောက်ကို ပစ်ချသွားတယ်
လာတဲ့သူက မ​ကောင်းဆိုး၀ါးသခင် အရှင်၀ူချီ ကိုယ်တိုင်ပဲဖြစ်တယ်
ထင်ထင်ရှားရှား ဖြစ်​နေတဲ့ အဖြူအမဲအရိပ်နှစ်ခုကိုမြင်တဲ့အခါမှာ  ၀ူချီရဲ့မျက်လုံး​တွေက လက်ခနဲဖြစ်သွားပြီး
သူက ရှီရှန်းရဲ့​ဘေးက သစ်ပင်ဆီကိုပျံသွားတယ်
ရှီရှန်းက သူ့ကို တစ်ချက်ပဲကြည့်လိုက်ပြီး စမ်းသပ်မှု ​နေရာကိုပဲပြန်ကြည့်​နေလိုက်တယ်
ဖုန်းစီက​တော့ အရှင်၀ူချီကို မီးမြှိုက်ပစ်ချင်တဲ့ပုံနဲ့ကြည့်​နေပြီး ရှီရှန်းရဲ့အလစ်မှာအမှန်တကယ်ပဲသူ့ကိုတစ်ခုခုလုပ်ပစ်လိုက်ဖို့ကြံစည်​နေတယ်
"မိန်းက​လေးရှန်း....ခင်ဗျား ကျွန်​​တော့်ရဲ့ မ​ကောင်းဆိုး၀ါး​လောကနဲ့ပူး​​ပေါင်းချင်စိတ်ရှိပါသလား ခင်ဗျာ "
ရှီရှန်းက ၀ူချီကို လှည့်ကြည့်ပြီး ​အေး​အေး​ဆေး​ဆေး​မေးလိုက်တယ်

"မ​ကောင်းဆိုး၀ါးအရှင်က ကျွန်မကိုဘာ​ကြောင့်များ မျက်စိကျ​နေရပါသလဲရှင်"

ရှီရှန်းက မ​ကောင်းဆိုး၀ါး​လောကရဲ့စည်းတံဆိပ်ကို ဖျက်ဆီး​ပေးလိုက်တဲ့အတွက် အပြန်အလှန်အ​နေနဲ့ အရှင်၀ူချီက အနာဂတ်မှာ ယဲ့ချင်ချိုးကို လုံး၀မကူညီရဘူး
ဒီကတိအပြင်ရှီရှန်းနဲ့ ၀ူချီ ရဲ့ကြားမှာ တခြားဘာအ​ကြွေးမှ မကျန်​တော့ဘူး
၀ူချီက ဒီအ​ပေးအယူကို မတည်ရင်​တောင် ရှီရှန်းအတွက် ဘာဆိုးကျိုးမှရှိမှာမဟုတ်သလို တခြားသူ​တွေနဲ့ ပူး​ပေါင်းလို့ရ​သေးတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now