....................

ရှီရှန်းက Bမြို့နားမှာ ဖုတ်ကောင်တပ်ကြီးကို ပိုကြီးပြီးသန်မာလာအောင် လုပ်နေ‌တဲ့အချိန် ချီမင်ယွဲ့ကတော့ အသုံးကျတာဘာမှဖြစ်မလာခဲ့ဘူး။

သူတို့အဖွဲ့က အဖမ်းခံထားခဲ့ရပြီး ဆောင်းရှီက သူလွတ်မြောက်ဖို့သာ ရုန်းကန်ခဲ့တာကြောင့် ချီမင်ယွဲ့ကိုကယ်ချိန်မရှိခဲ့ဘူး... ကယ်ချင်စိတ်မရှိတာလို့ ပြောရင် ပိုတိကျတယ်။

နိဂုံးချုပ်ရရင် ဆောင်းရှီက ချီမင်ယွဲ့ပေါ်ကြွေမကျခင်မှာ သူ့ခံစားချက်တွေကိုတခြား‌တစ်ယောက်ဆီ လေးနက်စွာပေးဖြစ်သွားခဲ့တာပဲဖြစ်တယ်။

ချီမင်ယွဲ့ကတော့ လူအများထင်နေတဲ့ ""သူ့ရဲ့ကုသစွမ်းအားကြီး""ကြောင့် ထိန်းချုပ်ခံထားရဆဲပဲ။ သူ့ကိုဘယ်လောက်ပဲ ဖိအားပေးပေး သူကအခုထိလူအများရှေ့မှာ သူ့စွမ်းအားတွေထုတ်ပြဖို့ ငြင်းဆန်နေခဲ့တယ်။

" သူအရင်တိုင်းပဲလား "
ဇုန်ခေါင်းဆောင်က ချန်းရှီကိုမေးလိုက်တယ်။

ချန်းရှီကခေါင်းငြိမ့်လိုက်တယ်။
"ဟုတ်ကဲ့ သူကအခုထိ စွမ်းအားအကြောင်းထုတ်ပြောဖို့ ထုတ်သုံးပြဖို့ ငြင်းနေတုန်းပဲ "

ဇုန်ခေါင်းဆောင်က အကြာကြီးတွေးနေပြီးမှ ပြောလိုက်တယ်။
" သွား အမြင်စွမ်းအားပိုင်ရှင်တချို့သွားရှာပြီး သူ့ကိုCctvမရှိတဲ့အခန်းထဲ ထည့်ထားပေးလိုက် "

ချန်းရှီမျက်နှာက ဆိုးဝါးလာတယ်။ ဇုန်ခေါင်းဆောင်က သူ့ကိုမော့ကြည့်ရင်းပြောလိုက်တယ်။
"ချန်းရှီ မင်းစလိုက်ကတည်းက နောက်ပြန်လှည့်မရတော့ဘူး။ ကောင်းကောင်းလုပ်ခဲ့ ...မဟုတ်ရင်မင်းမိသားစုအတွက် အာမ မခံဘူး။  "

" ဟုတ်ကဲ့ "

ချီမင်ယွဲ့က Cctvမရှိတဲ့ အခန်းထဲအပို့ခံလိုက်ရတယ်။ သူ့အတွက် အစာပေးနေသေးပေမဲ့လည်းအရမ်နည်းလွန်းတယ်။ သူစားရတဲ့အစာတွေနဲ့တင် ဗိုက်မပြည့်ဘူး။ စားစရာတွေက တဖြေးဖြေးနည်းနည်းလာတော့တယ်။ နောက်ဆုံးတော့ သူ့အတွက် အစာတောင် မပေး​တော့ဘူး။

ချီမင်ယွဲ့က cctvမရှိကြောင်း သေချာစစ်ဆေးပြီးနောက် spaceထဲက အစာနဲ့ရေတွေကို ထုတ်လိုက်ပြီး ဗိုက်ဝအောင်စားလိုက်တော့တယ်။ နောက်တော့ ဒီကလွတ်ဖို့ရာ ကြံတော့တယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now