သူမြင်ဖူးတဲ့ ချန်လိရဲ့ပုခုံးပေါ်က တက်တူးတွေက အခေါင်းပေါ်က ပုံစံတွေနဲ့ တူတူပဲ။ သူထင်ခဲ့တာက ချန်လိဖုတ်ကောင်မဖြစ်ခင် တက်တူးထိုးခဲ့တာလို့ပေါ့; ပုံစံက သူ မမေ့နိုင်လောက်တဲ့ ဒီဇိုင်းပဲ

"System, မင်းတစ်ခုခုပြော။  ငါဒီမှာအရေးကြီးတာ တစ်ခုပျောက်နေတယ်မလား "

ကုနန်စက System ကိုဆက်သွယ်ဖို့ကြိုးစားတယ်။

' ခွေးမသား !  ချန်းဆုရဲ့ဒိုင်ယာရီက ငါ့ကိုမကောင်းတဲ့ခံစားချက်ပေးပြီးပြီ။  ဒါကမှ ပျက်ကိန်းရဲ့မူလအစ။  ချန်လိရဲ့မူလအစကဘာလဲ။ အသက်ပြန်ရလာတဲ့ အလောင်းလား။ ဘယ်လိုကပ်​ဘေးက တစ်ကမ္ဘာလုံးကို ပျက်စီးစေတာလဲ။ ​ခွေးမသား​လေး! ငါဒီလို အပိုတာဝန်မယူချင်ဘူး။အခုတော့ ငါခေါင်းစားတော့မယ်။  ငါကို့အေးအေးဆေးဆေး အလှပန်းအိုးလိုမျိုးနေခိုင်းလို့မရဘူးလား။ ဘယ်ကစမှားခဲ့တာလဲ '

'[...... ]'
Systemက Hostအကြိုက်ကိုလိုက်ပေးမှာမဟုတ်ပါဘူး

သူကလည်း စိတ်ထဲကchatboxတစ်ဆင့် ပြောလိုက်တယ်။

" systemစုတ် နင်သေချင်ယောင်ဆောင်နေတာနဲ့ ရမယ်များ ထင်နေလား။"

  [အပို Questsတွေက ဇာတ်အိမ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်၊ ထို့ကြောင့် သူတို့က Hidden Quests နဲ့ မကြာခဏချိတ်ဆက်တတ်တယ်။  သူတို့ကိုပြီးအောင်လုပ်ပြီး အထူးပစ္စည်းတွေကို ယူလိုက်ပါ။  ]

"အိုကေကောင်းပြီ၊ အရင်ဆုံး cheatတွေ ပေး!"

[... မင်းမှာမင်းရဲ့ကိုယ်ပိုင် cheatရှိပြီးသားလေ]

  “ ငါ့ပိုင်ဆိုင်မှုကို မင်းကသိမ်းချင်တာလား။ အရှက်ရှိစမ်းပါ!!!”

Systemက သူရဲ့ Host ဒေါသကြောင့် ဆံပင်ပါမီးလောင်နေလောက်ပြီလို့ ထင်နေတယ်။

[မင်းအတွက် cheatမရှိဘူး... မင်းရဲ့ကျင့်ဝတ်ဆိုင်ရာအမှတ်တွေက အရမ်းနည်းတယ်။  ]

..................

Systemက နောက်ဆုံးအကြိမ်ထိ မရဘူးပြောခဲ့တာကြောင့် ဒေါသတော်တော်ထွက်ခဲ့တယ်။
သူရဲ့ဒေါသကိုထိန်းကာ ကျားဖြူရဲ့ spaceထဲ အခေါင်းကို ထည့်လိုက်တယ်။ ဒါကတစ်ချိန်မှာအသုံးဝင်လာလိမ့်မယ်။ အသုံးမဝင်ရင်တောင်တော်တော်လေး ကြည့်လို့လှနေတုန်းပဲ။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Opowieści tętniące życiem. Odkryj je teraz