1959တုန်းက မိုးကြီးပြီးနောက် ထူးဆန်းတဲ့အလောင်းတစ်ခုရှာတွေ့ခဲ့ကြတယ်။ အဲ့ဒီအလောင်းကို ဒီပို့ခဲ့ကြပြီး စစ်ဆေးခဲ့ကြတယ်။ ဓာတ်ခွဲခန်းထဲကအလောင်းက ထူးဆန်းတဲ့အလောင်းရဲ့မျိုးစိတ်ကို ပွားယူထားတဲ့ ပုံတူအလောင်းတစ်ခုပဲ။ သက်ရှိပေါင်းများစွာရဲ့ မျိုးရင်းတွေနဲ့ ထူးဆန်းတဲ့အလောင်းရဲ့မျိုးရင်းတွေကို ယှဥ်ပြီး စမ်းသပ်ခဲ့ကြတယ်။ အဓိကရည်ရွယ်ချက်က အလောင်းရဲ့မျိုးရင်းကို သိရဖို့ပဲဲဖြစ်တယ်။

လှောင်ကန်ထဲက သူတွေက ဒီစမ်းသပ်မှုရဲ့ စတေးခံတွေပဲဖြစ်တယ်။

နောက်နှစ်တွေကြတော့ ချန်းဆုက ဒီစမ်းသပ်ချက်မှာ ပါဝင်လာခဲ့ပြီး ဒိုင်ယာရီထဲက အတိုင်းဆက်ဖြစ်ခဲ့တယ်။ နောက်တော့ သူတို့ရှာတွေ့လာခဲ့ကြ‌တာက ဒီအလောင်းကလူသားကနေကွဲထွက်တာဖြစ်ပြီး အသက်မရှုတဲ့ ဒါမှမဟုတ် နှလုံးခုန်နှုန်းမရှိတဲ့ သတ္တဝါဆိုတာပဲ ဖြစ်တယ်။

ပြီးတော့ သူတို့ကအလောင်းကောင်ကို ပြန်အသက်သွင်းချင်ခဲ့ကြတယ်။

" အဓိပ္ပါယ်မရှိတာ သေပြီးသားလူကို အသက်သွင်းမယ်! " ချင်းယုက သူ့လက်ထဲက ဖိုင်ကိုခါရင်း  ပြောလာတယ်။

ဝတုတ်က မေးတယ်။
"ဒါဆို အသက်သွင်းတဲ့နည်းကို သူတို့ရှာတွေ့သွားကြတာလား "

" မသိဘူး။ အချက်လက်က ဒီမှာပဲပြီးသွားပြီ။ ကျန်တာတွေက တစ်ယောက်ယောက်က ဖြဲယူသွားတဲ့ပုံပဲ။ ဒါနဲ့ ဘောစ့်ရော "
ချင်းယုက ပတ်ပတ်လည်မှာ ကုနန်းကို လိုက်ရှာတော့တယ်။ နောက်ဆုံး ဖန်ပြွန်တစ်ခုနားမှာ တွေ့သွား‌တယ်။

သုံးယောက်သား အချင်းချင်းကြည့်ပြီး ကုနန်းနားသွားလိုက်ကြတယ်။ သူရှေ့မှာက ခရစ်စတယ်အခေါင်းတစ်ခုကြီးရှိနေပြီး ‌ပုံစံကလည်းထူးဆန်းတယ်။ တိုင်းရင်းမျိုးနွယ်စုရဲ့ အကြီးမြတ်တိရစ္ဆာန်ကောင်တွေ ပုံစံလိုမျိုးလည်း ပါတယ်။

" ဘောစ့်...ဒါ..ဒါက ‌အခေါင်းကြီးမလား ဒါကဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ "

သူက တက်တူးတွေကို သေချာကြည့်ပြီး အောက်ထိုင်ချလိုက်တယ်။ မီးမှိန်မှိန်အောက်မှာ ကြည့်နေတဲ့ သူ့မျက်လုံးတွေက ကြုတ်လာတယ်။
' ကြည့်ရတာ ငါဖြေရှင်းရမှာတွေက မလွယ်တဲ့ပုံတွေပဲ...ချန်လိရဲ့ဇစ်မြစ်က တော်တော်လေး ကြီးမဲ့ပုံပဲ  '

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now