ဟိုအုပ်စုလည်း Dမြို့တွင်းထဲ ဝင်လာကြပြီဖြစ်တယ်။ ချန်းရှီလည်း အဖွဲ့က ခွဲထွက်ပြီးလေ့လာနေလေတယ်။ ကုနန်းလည်းချီမင်ယွဲ့နောက်ကနေ သဘာဝကျကျလေး လိုက်လာတယ်။

ရှေ့ကိုကြိုသိနေတဲ့အပြင် cheatတွေပါရထားတဲ့ ချီမင်ယွဲ့က ပထမဆုံးတတိယအဆင့်ကို တက်ရောက်နိုင်တဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ ဆောင်းရှီရဲ့စွမ်းအားအဆင့်ကလည်း သိပ်မကွာတော့ပါဘူး။
ဒါကြောင့် သူတို့နှစ်ယောက်က အမှားယွင်းမရှိ zombieတွေကို အများဆုံးတိုက်နိုင်တဲ့သူတွေပဲ ဖြစ်ကြတယ်။ ခနလောက်အကြာမှာတော့ သူတို့ရှာနေကြတဲ့ ဓာတ်ခွဲခန်းလို‌အဆောက်ရုံကို တွေ့လိုက်ကြရတယ်။

သူတို့က မြေအောက်ခန်းထဲကကြွက်တွေကို ရှင်းပစ်သလို တစ်ထပ်ပြီးတစ်ထပ် သူတို့လိုအပ်တာမှန်သမျှ အကုန်သိမ်းကျုံးလိုက်ကြတယ်။ သူတို့အဖွဲ့က လူသိပ်မများပေမဲ့ နောက်ကရောက်လာကြမယ့်အဖွဲ့တွေအတွက် စေတနာနည်းနည်းပါးပါးတောင် ချန်မထားခဲ့ကြဘူး။မကြာခင် ကုနန်းတို့အဖွဲ့လည်း ဝင်လာတော့ ပြောင်သလင်းခါနေပြီး သေချာပေါက် အဏုမြုကျောက်တုံးတစ်တုံးတောင် မတွေ့ရတော့ပါဘူး။

သူတို့လည်း ရှိသမျှ ယူလိုက်ပြီးတဲ့အခါ ပြန်ထွက်ဖို့လုပ်လိုက်တယ်။ ဒါပေမဲ့သူတို့ယူထားတဲ့ အဏုမြူ​ကျောက်တွေအားလုံးပျောက်ကွယ်သွားတယ်။ ဒါနဲ့ပတ်သတ်ပြီး သူတို့လည်း ပြန်ယူကြဖို့ ကြိုးစားပေမဲ့ အဖြေထွက်မလာခဲ့ပါဘူး။ ဒီနေရာက respawnထဲမှာ အချိန်ပြည့်သွားသလိုပါပဲ။
( Annaအကိုပြောတာတော့ respawnဆိုတာ နောက်ဆုံးfinal ghostနဲ့မချခင် ဖွင့်ရတဲ့အခန်းတဲ့။ သေချာတော့မသိဘူး gameထဲကအခန်းတစ်ခန်းပဲ။ )

"ဒီနားမှာ zombieတွေအများကြီးပဲ။ စောင့်ကြည့်ဖို့တစ်ယောက်လောက် မထားခဲ့ဘူးလား "
ချန်းရှီ သူ့နောက်က အဖွဲ့သားတွေကို ကြည့်ပြီးမေးလိုက်တယ်။ သူတို့လည်း သူတို့နောက်ကသူတွေကို တစ်ဆင့်ပြီးတစ်ဆင့် လှည့်ကြည့်လိုက်ကြတယ်။ သူတို့နားက ရုတ်တရက်တိတ်ဆိတ်သွားပြီး ဒီလိုမျိုးအသံတွေ ထွက်လာခဲ့တယ် :
" မင်း တစ်ယောက်ယောက်ကို နေခဲ့ဖို့ပြောတယ်မလား "

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now