ဟာရီကိန်းကလည်း ဒီmissiomမှာ ပါဝင်လေတယ်။ သူတို့တစ်ဖွဲ့လုံးတော့ ပါမလာပေမဲ့ ဆောင်းရှီ ချီမင်ယွဲ့ ကောင်းကျင်း ဆုကျီယဲ့(ကုနန်းကိုကယ်ခဲ့တဲ့ ကလေးမျက်နှာနဲ့လူ)နဲ့ တောင့်တောင့်ဖြောင့်ဖြောင့် လူညိုတစ်ယောက်တို့ပဲ ပါလာခဲ့တယ်။ ကျန်တဲ့အဆင့်မြှင့်အဖွဲ့တွေကလည်း သူတို့ရဲ့လက်ရွေးစင်တွေကို လွှတ်လိုက်ကြတယ်။

ကုနန်းတို့အဖွဲ့လည်း SUVထဲကနေတစ်ဆင့် ဇုန်ကနေခွာနေကြပြီဖြစ်တဲ့ စစ်ကားများကို စောင့်ကြည့်နေလေကြတယ်။
'ဇုန်ကနေပြီး Dမြို့ထိ ကြေးစားတွေကို အင်တိုက်အားတိုက် ထွက်ခိုင်းနေတာ ဘာ‌သဘောလဲ... '

သူမတို့အဖွဲ့လည်း Dမြို့ကို ထွက်ခွာခဲ့ကြတယ်။ ကံကောင်းတာက သူမတို့ဆီမှာ လင်းဖုန်းဆွဲပေးထားတဲ့ မြေပုံ‌ရှိနေတာကြောင့် ဟိုအဖွဲ့တွေထက် စော‌ပြီးရောက်သွားခဲ့တယ်။

Dမြို့က အချက်ချာတဲ့မြို့ဟောင်းတစ်ခုပဲ။ကပ်ကြီးမစခင်တုန်းက နိုင်ငံခြားသားတော်တော်များများကို ဆွဲဆောင်တဲ့ 5Aအဆင့်သတ်မှတ်ခံထားရတဲ့ မြို့ဖြစ်တယ်။ ကပ်ကြီးစတဲ့အချိန်က Dမြို့ရဲ့ ခရီးသွားရာသီကာလကြီးမှာ ဖြစ်တာကြောင့် Dမြို့မှာရှိတဲ့zombieအ​ရေအတွက်က ‌ရေလို့တောင်မရနိုင်ဘူး။

Dမြို့နား တော်တော်နီးလာတဲ့အခါမှာ ချန်လိကမူရင်းzombieပုံစံကို ပြောင်းလဲသွားတယ်။ သူရဲ့လက်သည်းတွေက အမဲရောင်ဖြစ်သွားပြီးရှည်ထွက်လာတယ်။

" meow"ကျားဖြူရဲ့ အသံပိစိလေးပါ ထွက်လာတယ်။

"သူပြောင်းသွားတာလား "
ချင်းယုက ပထမဆုံးသတိထားမိသူဖြစ်တယ်။ သူ့စကားဆုံးတာနဲ့ စတိုက်ဖို့ပြင်လိုက်တယ်။ ကုနန်းလည်း ချန်လိရဲ့ရုတ်တရက်ပြောင်းသွားတာကြီးကို ကြောင်အနေရာ ချင်းယုအသံကြားမှ သတိကပ်ပြီး ချင်းယုကိုတားလိုက်တယ်။

" သူ့ကိုမတိုက်ကြနဲ့ "

၀ုန်း! ဘုန်း!
ကုနန်း ဒီဘက်မှာ သုံးယောက်ကိုတားနေတုန်း ချန်လိကကားတံခါးဆောင့်ဖွင့်ပြီး Dမြို့ထဲ ပြေးဝင်သွားတော့တယ်။ သူ့ရဲ့teleportအစွမ်းကိုပါ ထုတ်သုံးလိုက်သေးတယ်။ ကုနန်းကားပေါ်ကဆင်းပြီးတဲ့အချိန်မှာတော့ ချန်လိကမြင်ကွင်းထဲကလုံးဝပျောက်သွားလေပြီ။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now