" လက်မခံနဲ့ "
ကုနန်းခေါင်းခါလိုက်တယ်။
' ဒီလိုအဆင့်တွေက ပုံမှန်မဟုတ်ဘူး။ ‌လှည့်ကွက်တစ်ခုခုရှိနေမှာပဲ '

" ဒါမဲ့ ဆုကြေးတွေက အများကြီး.,,,"
လင်းဖုန်းကဝမ်းနည်းကြီး ပြောလာတယ်။

"..... "
'နင်ပြောနေတဲ့ ပုံက မသိရင် ငါကပဲ နင်တို့ကို ခိုင်းစားနေတဲ့ပုံ '

" နင်အစားသောက် ပြတ်နေတာလား အဏုမြူကျေက်တုံးတွေရော ကုန်သွားပြီလား "

လင်းဖုန်းခေါင်းခါလိုက်တယ်။
ဟုတ်ပါတယ်။ သူတို့မှာ အရေးကြီးပစ္စည်းနှစ်မျိုးလုံး မပြတ်တဲ့အပြင် အများကြီးရှိနေပါတယ်။

'ငါတို့အရင်တုန်းက missionတွေကနေ အများကြီးရပြီးလာခဲ့ပြီးပြီ။ ကျားဖြူရဲ့spaceက ဘယ်လောက်ထိကြီးလဲ မသိပေမဲ့ ငါတို့ရှာလို့ရသမျှ ထည့်လို့ဆန့်နေတာပဲ။ တစ်ခုလေးပဲ...,ကျားဖြူက zombieအရှင်တွေကို စုရတာတော်တော်သဘောကျနေတာပဲ ဘော့စ်ကတားရင်တောင်မှ အဲ့ကောင်လေးက သောက်ဖတ်မလုပ်ဘဲ ဆက်ထည့်နေတာ။ တော်သေးတာက ငါတို့ပစ္စည်းတွေတစ်ခုမှ အဖျက်ဆီးမခံထားရတာပဲ။ '

" သွားပြီးတော့ စုံစမ်းခဲ့။ ဘယ်ကိုသွားရမှာလဲလို့ ပြီးတော့ လုပ်ရမဲ့missionကိုလည်း အကြမ်းဖျင်းလောက်သိအောင်လုပ်ခဲ့ "

" အမ်?ကျွန်တော်တို့ လက်မခံတော့ဘူးဆို..."

"သတင်းလေးဘာလေး နည်းနည်းပါးပါးသိရတော့ ဘာဖြစ်သွားမှာမို့လဲ "

လင်းဖုန်း "..."
'မကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ အနံ့ရနေပြီ... '

သူတို့သုံးယောက်လည်း သူမ သင်ပေးတာတွေ တော်တော်တတ်နေကြပြီဲဖြစ်တယ်။ ဥပမာအနေနဲ့
1.မသနားနဲ့ မစာနာနဲ့။
2.ကိုယ့်သောက်လုပ်မဟုတ်ရင် ဝင်မပါနဲ့။
3.လူတွေပါးစပ်ကထွက်တဲ့ အရည်မရအဖတ်မရ အတင်းတွေကို သောက်ဂရုမပြုနဲ့။

နောက်ဆုံးတစ်ချက်က မူလရှီရှန်းဘဝဆက်တိုင်း ကျင့်သုံးတဲ့နည်းပဲ။ အခုတော့ လင်းဖုန်းက သူမရဲ့နည်းတွေကို လက်ဆင့်ကမ်းသင်ယူနေပြီ ဖြစ်တယ်။

.........

SSအဆင့်ရှိတဲ့ ဒီတစ်ခေါက်missionက တော်တော်လေးသိုသိပ်ထားတာမို့လို့ သတင်းအချက်လက်လေးရဖို့ကို  လင်းဖုန်းမှာ မနဲအားစိုက်လိုက်ရတယ်။ ဒါပေမဲ့ ဒါကအရင်missionတွေလိုပါပဲ။ Missionလုပ်ရမဲ့ နေရာက Dမြို့မှာရှိပြီး Dမြို့အထိ စစ်တပ်ကဦးဆောင်လိုက်ပို့ပေးမှာဖြစ်တယ်။ missionမှာပါဝင်ဖို့ လက်မှတ်ထိုးပြီးတဲ့လူတိုင်းက သဘောတူညီချက်အတိုင်း လုပ်ကြရမှာပဲဖြစ်တယ်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Tahanan ng mga kuwento. Tumuklas ngayon