အဲဒီအတွေးကလူတိုင်းရဲ့စိတ်ထဲကိုဝင်ရောက်သွားပြီးတော့အငြင်းပွားတာတွေရပ်သွားကြတယ်
'မကောင်းဆိုးဝါးဘုရင်က ကောင်းကင်ဘုံလောကထဲကိုသူလျှိုများလွှတ်ထားတာလား'

ဒါပေမဲ့သူတို့ကဘယ်သူသစ္စာဖောက်မှန်းလည်းမသိဘူး
ပြီးတော့သံသယရှိတဲ့သူကအများကြီး
တစ်ယောက်ပြီးတစ်ယောက်လိုက်မေးနေရမယ်ဆိုရင်ပြီးတော့မှာမဟုတ်ဘူး

လုံ့ကျွယ်ကဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ခေါင်းကိုက်နေရတယ်
အချိန်အကြာကြီးဆွေးနွေးပြီးတာတောင်အဖြေကထွက်မလာဘူး

"သခင်လေး..,မိန်းက​လေးယဲ့က သခင်လေးကိုတွေ့ချင်ပါတယ်တဲ့"

"ငါမတွေ့ဘူး"
လုံ့ကျွယ်ကမျက်မှောင်ကြုတ်လိုက်တယ်
သူ့မျက်လုံးတွေကမှောင်မဲနေတယ်

"သခင်လေး....."
လာလျှောက်တင်တဲ့သူကချီတုံချတုံဖြစ်နေတယ်
" မိန်းက​လေးယဲ့ကသခင်လေးကိုအရေးကြီးတဲ့ကိစ္စပြောစရာရှိတယ်လို့ပြောနေတယ်ပြီးတော့ချုံခိုတိုက်ခိုက်ခံရတဲ့ကိစ္စနဲ့လည်းပတ်သတ်နေတယ်တဲ့"

လုံ့ကျွယ်ရဲ့အေးစက်တဲ့မျက်လုံးတွေကသူ့ဆီကိုရောက်သွားတယ်
"သူမကိုဝင်လာခိုင်းလိုက်.,မင်းတို့တွေထွက်သွား"

အကုန်လုံးထွက်သွားကြတာနဲ့ယဲ့ချင်ချိုးကဝင်လာတယ်ရက်အနည်းငယ်လောက်မတွေ့ဖြစ်တာကြောင့်သူမကကြည့်ရတာနည်းနည်းပိုကောင်းနေပြီးဖူးပွင့်တော့မယ့်ပန်းကလေးလိုပဲလှပ​လန်းဆန်းနေတယ်
သူမရဲ့အပြုအမူတိုင်းကလူတစ်ယောက်ရဲ့နှလုံးသားကိုအလွယ်တကူဖမ်းစားနိုင်တယ်

ယဲ့ချင်ချိုးကလုံ့ကျွယ်အပေါ်မှာထိုင်လိုက်ပြီးတော့သူ့ရဲ့လက်မောင်းနဲ့လည်ပင်းကိုပွတ်သပ်လိုက်တယ်
"ကျွန်မကိုဒီရက်ပိုင်းမတွေ့ရတာမလွမ်းဘူးလား"

လုံ့ကျွယ်ကသူမကိုအဝေးကိုတွန်းထုတ်ပစ်ချင်ပေမယ့်သူမကသူ့ခန္ဓာကိုယ်နဲ့ထိ​န်းချုပ်ထားတယ်
လုံ့ကျွယ်ရဲ့မျက်လုံးထဲမှာဟာကွက်တစ်ခုပေါ်လာပြီးတော့ယဲ့ချင်ချိုးကိုလှန်ချလိုက်တယ်ပြီးတော့သူမရဲ့ပုခုံးကိုစားပွဲပေါ်မှာဖိထားတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now