"မင်းဘယ်နားမှာနေချင်လည်း"
ဖုန်းစီက ရှီရှန်းကိုမေးလိုက်တယ်,

"ကျွန်မမှာရွေးချယ်ခွင့်ရှိတာလား" , 'ကောင်းကင်ဘုံကတက်လာတဲ့သူတိုင်းကိုဒီလိုပဲနွေးနွေးထွေးထွေးဆက်ဆံတာလား'

ဖုန်းစီကပြုံးပြလိုက်ပြီးတော့မာန်တက်နေတဲ့အသံနဲ့ပြောလိုက်တယ်
"မင်းနေချင်တဲ့နေရာမှန်သမျှကိုယ်လုယူပေးမယ်"

ရှီရှန်း "....." ,
' ငါ့နှယ် ကောင်းကင်ဘုံဘုရင်ရဲ့နန်းတော်ထဲမှာနေချင်တယ်​ပြောရင်​တောင်သူကသွားလုမယ့်ပုံပဲ'

"ရှင်ဘယ်မှာနေတာလဲ"
ရှီရှန်းကသူမရဲ့အတွေးကိုဖုန်းစီကိုပြောပြလိုက်ရင်သူတကယ်သွားသိမ်းမှာစိုးလို့ကြောက်နေရတယ်
သူမကအခုမှသာအဆင့်တက်လာတယ်
နာမည်ကကြီးနေပြီ

ဖုန်းစီရဲ့မျက်လုံးလေးတွေကလင်းလက်သွားပြီးတော့သူဂရုတစိုက်နဲ့ရှီရှန်းကိုမေးလိုက်တယ်
"မင်းကိုယ်နေတဲ့နေရာမှာနေချင်တာလားး"

"ကျွန်မနေလို့ရလား" 

'ဒီမေးခွန်းကြီးကလေ ဖုန်းစီက ငါကသူ့အပိုင်ပါဆိုပြီးတစ်ကမ္ဘာလုံးကိုကြေငြာလိုက်တော့မယ့်အတိုင်းပဲ'

ရှီရှန်းကဖုန်းစီကိုသံသယဖြစ်စွာကြည့်လိုက်တယ်
' final boss တစ်ယောက်ဖြစ်နေတာကိုသူ့ရဲ့အိမ်ကအဲလောက်ထိမဆိုးလောက်ဘူးမလား'

ဖုန်းစီက သူ့နှုတ်ခမ်းကိုကွေးလိုက်ပြီးခနလောက်ငြိမ်နေပြီးတော့သူခေါင်းညိတ်ပြတယ်

ရှီရှန်းကဖုန်းစီနေတဲ့နေရာကိုရောက်မှလူနေတဲ့နေရာတောင်မ​ဟုတ်လောက်မှန်းသ​ဘော​ပေါက်လိုက်တယ်

'ဒါကသက်ရှိတစ်ယောက်နေလို့ရတဲ့နေရာတောင်မဟုတ်ဘူးဟ!နင့်အမေ... ရေညှိတွေကလူတစ်ရပ်စာလောက်ကိုမြှင့်နေပြီ! အိမ်ကကောဘယ်မှာလဲ,ရေညှိတွေဖုံးသွားပြီလို့တော့မပြောနဲ့နော်'

'ကောင်းကင်ဘုံနန်းတော်မှာနေချင်တယ်လို့အခုပြောရင်မှီသေးလား'

"ရှောင်ရှူ"
ဖုန်းစီကရှီရှန်းကိုသေသေချာချာစိုက်ကြည့်လိုက်တယ်
"မနက်ဖြန်ကြရင်မင်းအတွက်နေရာတစ်ခုဆောက်ဖို့ကိုယ်လူတွေသွားဖမ်းခဲ့မယ်..အဲ့နေရာကအလှပဆုံးဖြစ်စေရမယ်"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now