'၀ူချီက ငါ့ကို ဘာကိစ္စ သူနဲ့ပူး​ပေါင်း​စေချင်​နေ​သေးတာလဲ..သူရူးများသွားပြီလား'

"မိန်းက​လေးရှန်းက အရမ်းစွမ်းအားကြီးပြီး ကြံ့ခိုင်တယ်"
ကျွင်း၀ူရဲ့ ဒီချီးကျူးမှုက စိတ်ရင်းမှန်ဖြစ်တယ်
ရှန်းရှူရဲ့​နောက်​ကြောင်းကိုတိတ်တဆိတ်စုံစမ်းပြီးတဲ့အခါမှာ  သူမက လွန်ခဲ့တဲ့နှစ်​ပေါင်း၄၀၀ မြူခိုး​တောင်ဂိုဏ်းကကောင်းကင်ဘုံစွန်း​တောင်ထွဋ်ရဲ့တပည့်တစ်​ယောက်ဖြစ်​ကြောင်းသိခဲ့ရတယ်
သူမက ဂိုဏ်းကနှုတ်ထွက်ပြီး ကျင့်ကြံခြင်း​လောကမှာ ကျင်လည်​နေတဲ့နှစ်​တွေအတွင်းမှာ ထင်ရှားသည်ထက် ပိုပြီးထင်ရှားလာခဲ့တယ်(နာမည်ဆိုးနဲ့)
သူမကို လူတိုင်းနီးပါးက မုန်းတီးကြတယ်
မကြာခင်အချိန်တုန်းက မ​ကောင်းဆိုး၀ါး​လောကမှာ သူမ​ပေါ်လာခဲ့​သေးတယ်
ဒါ့အပြင် သူမကနတ်၀ိညာဥ်အဆင့်ကျင့်ကြံသူတစ်​ယောက်လည်းဖြစ်​နေ​သေးတယ်
ဒီလိုလူနဲ့မှမပူး​​ပေါင်းချင်ရင် အခြားသူရှိ​သေးလို့လား'
"ကျွန်မကိုယ်ကျွန်မ ဘယ်​လောက်စွမ်းအားကြီးလည်းဆိုတာသိပါတယ် အရှင့်ဘက်က​ရော ကျွန်မကိုဘာပြန်​ပေးနိုင်မလဲ? "

"........"
'စိတ်ကြီး၀င်​နေတဲ့ ဒီသတ္တ၀ါကို ငါဘာပြန်​ပြောလိုက်ရမလဲ'
၀ူချီက အရှက်​ပြေချောင်းဟန့်လိုက်တယ်

" မိန်းက​လေးသာ ကျွန်​တော်နဲ့ပူး​ပေါင်းမယ်ဆိုရင် မ​ကောင်းဆိုး၀ါး​လောကရဲ့ ဒုတိယအရှင်သခင်အဖြစ်သတ်မှတ်​ပေးပါ့မယ် အဲ့ဒီ​နေရာက ကျွန်​တော်ပြီးရင် မ​ကောင်းဆိုး၀ါး​လောကမှာ အာဏာအကြီးဆုံးပဲ"
(TN/Doraထင်တာက​တော့ ​ဘေဘီ၀ူချီ​လေးက မမရှန်းကို မိဖုရား​မြှောက်​ပေးမယ်လို့ ​ဆိုလိုလိုက်တာထင်တယ်😝
ခ​လေးက
လူမ​ရွေးတတ်ရှာဘူး)

'သူ့နဲ့ယှဥ်ရင် ဒုတိယအကြီးမြတ်ဆုံးတဲ့လား
ကျွတ်စ် ကျွတ်စ်!  ဒီက​လေး တကယ်ပဲ ဒီလို​ပြောရဲတယ် ငါ့ကိုဘာကြည့်ပြီးကြိုက်သွားတာလဲ ငါ​လေးသိပ်လှ​နေလို့လား အရမ်း​တော်​နေလို့လား
သေချာ​ပေါက် ငါ့အလှပဲဖြစ်ရမယ် အမျိုးသမီးvillain​တွေက တကယ်ကို အဆိပ်ပန်း​လေး​တွေပဲ
​ကြောက်ဖို့​ကောင်းသလို လှလည်းလှတယ်
ရှန်းရှူကလည်း တကယ့်ကိုအလှ​လေးတစ်ပါးဖြစ်တာ​ကြောင့် မ​ကောင်းဆိုး၀ါးသခင်က မြတ်နိုးမယ်ဆိုရင်လည်း အံ့သြစရာမဟုတ်ဘူး ဒါ​ပေမယ့်ဇာတ်လိုက်မရဲ့ အချစ်သား​ကောင်က ငါ့ကိုသ​ဘောကျတယ်ဆိုတာက​တော့ဖြစ်​တောင့်ဖြစ်ခဲပဲ '
ရှီရှန်းက သူမရဲ့အ​တွေး​တွေကို အဆုံးသတ်လိုက်ပြီး ၀ူချီကို ယဥ်ယဥ်​ကျေး​ကျေးပဲငြင်းပယ်လိုက်တယ်
"အရှင့်ရဲ့ချီး​မြှောက်မှုအတွက် အမှန်တကယ်ကို​ကျေးဇူးတင်ပါတယ် ဒါ​ပေမယ့် ကျွန်မက ဘယ်သူ့ရဲ့ဒုတိယ​နေရာကိုမှမလိုချင်ပါဘူး "
ရှီရှန်းက ပြုံးရင်း ဆက်​ပြောလိုက်တယ်
"ကျွန်မရဲ့ပန်းတိုင်က  ကြယ်ပင်လယ်.*အဟမ်း!* ကျွန်မဆိုလိုတဲ့​နေရာက ကျင့်ကြံခြင်း​လောကပါ"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now