ရှီရှန်း ကိုအလိုရှိတယ်ဆိုပြီးသူမကရာဇဝတ်သားတစ်ယောက်ဖြစ်လာတယ်

"ယဲ့ချင်ချိုးနဲ့လုံ့ကျွယ်တို့ကတိုက်ခိုက်တယ်??"

'ကြည့်ရတာသူတို့နှစ်ယောက်တစ်ဦးနဲ့တစ်ဦးရန်သူတွေဖြစ်သွားတာကိုမျှော်လင့်ထားတာအချည်းနှီးတော့မဖြစ်ဘူးဘဲ'

"အမ်း.."
လင်းရီရီက သူမမေးစေ့ကိုပွတ်လိုက်တယ်
"အဲဒါကိုကျွန်မထုန်းတောင်ဂိုဏ်းသားတွေဆီကကြားတာ
ကြည့်ရတာ​တော့ချူးနဥ်နဲ့ဆက်စပ်နေတဲ့ပုံပဲအသေးစိတ်တော့သေချာမသိဘူး"

'လုံ့ကျွယ်က ဘယ်သူမှန်းတောင်မသိပါဘူး..ဟေးးဂိုဏ်းတူဒေါ်လေးစောင့်ပါဦးးးးအဒေါ်သွားတဲ့နေရာမှားနေပြီ'

'ချူးနဥ်...ငါနင့်ရဲ့ခန္ဓာကိုယ်ကိုပြန်ရဖို့အားတွေအတော်သုံးထားတာငါနင့်ခန္ဓာကိုယ်ကိုအသုံးပြုဖို့တွေဘာတွေ​တော့မစဥ်းစားဖူးပါဘူး ယဲ့ချင်ချိုးကိုခြောက်ဖို့အတွက်ပဲသုံးမိတာပါ ဒါပေမဲ့ ယဲ့ချင်ချိုးနဲ့လုံ့ကျွယ်က ချူးနဥ်ကြောင့်တိုက်ခိုက်ရအောင်ဘာကြောင့်လဲ,'

လင်းရီရီဆီကနေရှီရှန်းကသတင်းအချို့ကိုရလိုက်တယ်
ဥပမာ...ယဲ့ချင်ချိုးအတွက်အလုပ်လုပ်ပေးနေတဲ့ကျင့်ကြံသူတွေအများကြီးရှိပြီးတော့သူတို့ကသူမနဲ့ပတ်သက်ပြီးလေးနက်တဲ့ဆက်ဆံရေးတွေရှိကြတယ်

ပြီးတော့အမျိုးသားကျင့်ကြံသူတွေအတွက်ရည်မှန်းချက်ကလည်းယဲ့ချင်ချိုးရဲ့အိပ်ရာထဲကိုဝင်နိုင်ဖို့ပဲ..ဘာလို့လဲဆိုတော့သူမနဲ့အတူအိပ်ရာထဲမှာအတူတူနေနိုင်လေလေ သူတို့ရဲ့ကျင့်ကြံဆင့်တွေကပိုပြီးတော့မြင့်လာလေလေပဲ

ပြီးတော့ပိုင်လန်က လင်းရီရီနဲ့လက်ထပ်ပြီးသွားပြီဆိုတာကိုလည်းသိလိုက်ရတယ်

"ချူးယဲ့ကရော"

"ချူးယဲ့.."
လင်းရီရီကသူမမျက်ခုံးကိုပင့်ပြီးတော့မှတ်မိဖို့ကြိုးစားနေတယ် ခနအကြာတော့သူမစကားပြောတယ်
"ချူးနဥ်ရဲ့အကို..ချူးယဲ့လားး??သူသေ သွားတာနှစ်ပေါင်း၃၀၀လောက်ရှိပြီ...ပြီးတော့သူလည်းဆိုးဆိုးဝါးဝါးသေ သွားရတာပဲ"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now