ပတ်ပတ်လည်ကလူတွေကသဘောတူကြောင်းမပြောမီအချင်းချင်းကြည့်နေကြတယ်
အဲဒီမကောင်းဆိုးဝါးကအမြဲတမ်းသွေးဆာနေပြီးအကြမ်းဖက်တဲ့နေရာမှာခက်ထန်တယ်
ကျင့်ကြံခြင်းလောက ကသူတွေကထိန်းရုံပဲထိန်းနိုင်လောက်တယ်
သူတို့ကိုယ်တိုင်မကောင်းဆိုးဝါး​လောကကိုချိတ်ပိတ်ဖို့ဆိုတာမဖြစ်နိုင်ဖူး

ဂျိန်းးးဂျိန်းး

ရုတ်တရပ်ငလျင်လှုပ်လာပြီးအက်ကွဲပီးကျိုးပဲ့တဲ့အသံတွေကပါအနောက်ကနေလိုက်လာတယ်
၀ါး​တွေကလည်းအပိုင်းပိုင်းကျိုးကုန်ပြီးအနက်ရောင်တွင်းနက်ကြီးပေါ်လာတယ်

......
ရှီရှန်းက ဒီမကောင်းဆိုးဝါးလောကထဲကထွက်လာတဲ့အချိန်မှာပထမဦးဆုံးမြင်တွေရတာက ဒီတာအိုဘုန်းကြီးသင်္ကန်းတွေကိုဝတ်ဆင်ထားပြီးလက်နက်တွေသယ်ထားတဲ့သတိရှိရှိနေ​နေတဲ့လူအုပ်ပဲ

လေထုကမီးခိုးရောင်သမ်းလာပြီးတော့ခရမ်းရောင်ဝါးတွေက တုန်ခါလာတယ်

ဒီတစ်ခေါက်ကသူမထုန်းတောင်မှာဖြစ်ခဲ့တာထက်စာရင်အားအရမ်းအားပြင်းတယ်

ရှီရှန်း နဲ့ဖုန်းစီကအရှေ့ကနေလျှောက်ပြီးတော့မကောင်းဆိုးဝါးတွေကတော့အနောက်ကနေလိုက်တယ်
ခပ်ဝေးဝေးကနေကြည့်မယ်ဆိုရင်တော့ရှီရှန်းနဲ့ဖုန်းစီကမကောင်းဆိုးဝါးတပ်ဖွဲ့ ကိုကျင့်ကြံခြင်းလောကသားတွေဆီ ကိုဦးဆောင်လာတဲ့ပုံစံပေါက်နေတယ်

"ရှန်းရှူ, .."

အော်သံကြောင့်ရှီရှန်းကခနရပ်သွားတယ်ပြီးတော့အနောက်ကတပ်တစ်ခုလုံးကလည်းရပ်သွားတယ်

ရှီရှန်းက အသံလာရာကိုကြည့်လိုက်တဲ့အခါမှာချပ်ဝတ်တန်ဆာအပြည့်အစုံနဲ့ဝတ်ရုံရှည်ကိုခြုံထားတဲ့အမျိုးသမီးတစ်ယောက်ကသူမကိုမယုံကြည့်နိုင်စွာကြည့်နေတယ်

'သူမကဘာလို့မကောင်းဆိုးဝါးတွေနဲ့အတူထွက်လာရတာလဲ'
အရင်တုန်းကရှီရှန်းကိုတိုက်ခိုက်ခဲ့တဲ့သူတွေကပါမျက်နှာအမူအယာတွေပြောင်းလဲကုန်တယ်

သူမအရင်ကပြောခဲ့တဲ့စကားတွေကပြန်ကြားယောင်လာတယ်
"အားလုံးပဲ ဒီနေ့ကိုမှတ်မိလိမ့်မယ်လို့မျှော်လင့်ပါတယ်"
သူမပြောသွားတဲ့စကားလုံးတိုင်းကအေးစက်နေပြီးတော့အဲ့စကားကသူတို့ရဲ့နှလုံးသားထဲမှာတဖန်ပြန်ပြီးနိုးကြားလာတာ​​မို့အကုန်လုံးကစိတ်မသက်မသာတွေဖြစ်ကုန်ကြတယ်
သူမကိုရုတ်တရက်ကြီးမြင်လိုက်ရတာပါကြောင့်သွေးလန့်ခြောက်ခြားကုန်ကြတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now