ပတ်ဝန်းကျင်တစ်ခုလုံးကဝေဝါးပြီးအမှောင်ကျသွားတယ်အနီရောင်အလင်းတန်းတွေကြားမှာရပ်နေတဲ့အနက်ရောင်ဝတ်ရုံရှည်ဝတ်ထားတဲ့သူမကိုပဲမြင်ရတယ်
အဲ့အချိန်မှာအရာအားလုံးကတိတ်ဆိတ်နေပြီးတော့ရှီရှန်းကိုကြောက်ကြောက်လန့်လန့်ကြည့်နေကြတယ်

အရာအားလုံးကအနှေးကွက်နဲ့ပြနေတဲ့အတိုင်းပဲအနီရောင်အလင်းတန်းတွေကရှီရှန်းကိုမြင်ကွင်းကနေဖုံးကွယ်သွားတယ်ရှီရှန်းကလှောင်ရယ်တဲ့အပြုံးတစ်ခုကိုပြုံးပြလိုက်တယ်

ရှီရှန်းကိုအနီရောင်အလင်းတန်းတွေဖုံးအုပ်လိုက်တဲ့အချိန်သူမဆီကိုတိုးဝင်လာတဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်တယ်

.........

ရှီရှန်းက အားထုတ်ပြီးတော့သူမရင်ဘတ်ကသွေးထွက်နေတဲ့နေရာကိုဖိလိုက်တဲ့အခါမှာသူမပါးစပ်ကသွေးတွေအန်ထွက်လာတယ် နှုတ်ခမ်းစွန်းထောင့်တစ်နေရာရဲ့သွေးတွေကိုလက်နဲ့သုတ်လိုက်ပြီးအေးစက်စွာရေရွတ်လိုက်တယ်

" အဲတော့...ဇာတ်လိုက်နဲ့ဇာတ်လိုက်မရဲ့လက်သဏ္ဍာန်နှစ်ခုပေါင်းဆုံရင်မြင်ကွင်းကိုဖျောက်ပစ်နိုင်တယ်ပေါ့ဟုတ်လားး.."

ရှီရှန်းက အဲ့အချိန်တုန်းကိုတိုက်ကွက်ကိုရှောင်လိုက်လို့ရပေမဲ့လုံ့ကျွယ်ရဲ့လေပွေထဲရောက်သွားလို့သူမဘေးနားကလေတွေကခဲလာပြီးရှောင်ချိန်မရလိုက်ဘူး.
ပြီးတော့အဲ့တိုက်ကွက်က.......

"ဒီလိုအဆင့်မြင့်တိုက်ကွက်ကိုငါ့ကိုဖမ်းဖို့သုံးတယ်ဆိုတော့  ငါကိုအထင်မသေးဘူး ဆိုပြီးကျေးဇူးတင်ရတော့မှာပေါ့"

ရှီရှန်းက လေကိုခပ်ပြင်းပြင်းရှူထုတ်လိုက်တယ်သူမအတွင်းပိုင်းကတစ်စဆီဆွဲ​​ဖြဲခံနေရသလိုခံစားနေရတယ်
ခနလောက်နေသားကြသွားတဲ့အခါမှာရှီရှန်းကပတ်ဝန်းကျင်ကိုစူးစမ်းတော့တယ်
ဒီနေရာက ထူးဆန်းလိုက်တာကြည့်ရတာချောက်ကမ်းပါးရဲ့အစွန်းကိုရောက်နေတာနဲ့တူကာအရမ်းကိုကျဥ်းမြောင်းပြီးတော့နက်တယ်ဗြုန်းဆိုင်းကြီးရောက်လာတဲ့ရှီရှန်းအတွက်တော့ဒီနေရာကအပင်တွေအားလုံးကထူးဆန်းနေတယ်
သူမခနလောက်ပြန်ဆန်းစစ်ပြီးတဲ့အခါမှာသူမရဲ့ကျင့်ကြံဆင့်တွေအကုန်လုံးလည်းပျောက်ဆုံးသွားပြီဖြစ်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Donde viven las historias. Descúbrelo ahora