လုံ့ကျွယ်ကသူ့ရဲ့အစွမ်းတွေကိုအကုန်အသုံးမပြုဘဲရှီရှန်းကိုစက်ကွင်းရဲ့အလယ်ကိုရောက်အောင်သာတွန်းပို့နေတယ်
ရှီရှန်းကသူဘာလုပ်နေတယ်ဆိုတာကိုရိပ်မိတဲ့အတွက်ကြောင့် အဲ့နေရာကိုမရောက်အောင်နေတယ်
သူမထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ယဲ့ချင်ချိုးက အနောက်ကနေပေါ်လာပြီးတိုက်ခိုက်တော့တယ်

ရှီရှန်းက ရုတ်တရက်ခြေချော်သွားတာကိုအခွင့်ကောင်းယူပြီးလုံ့ကျွယ်ကရှီရှန်းကိုမြေပြင်ပေါ်ရောက်အောင်လေပွေတစ်ခုကိုပစ်လွှတ်လိုက်တယ်
ရှီရှန်းကစက်ကွင်းထဲကိုရောက်သွားတဲ့အခါမှာအလင်းတန်းတွေဖြာထွက်လာပြီးသူမကိုဖုံးအုပ်သွားတာ​ကြောင့်အပြင်ဘက်ကလူတွေရဲ့မြင်ကွင်းကပါအရမ်းကိုဝေဝါးသွားတယ်

' ဖာ့ခ်, ငါ့ကျင့်ကြံဆင့်တွေကအားနည်းနေသေးတာသိပါတယ်ဟ!!'
ရှီရှန်းက သူမကိုဖုံးအုပ်ထားတဲ့အဖြူရောင်အလင်းတန်းတွေကိုစိတ်ကသိကအောက်ဖြစ်စွာကြည့်ရင်းတွေးလိုက်တယ်
သူမကလက်ချောင်းထိပ်ကိုကိုက်ပြီးသွေးနဲ့လေထဲမှာသ​​​ေင်္ကတတစ်ခုကိုဆွဲလိုက်တယ်
သူမရဲ့မျက်နှာကဖျော့တော့နေပေမဲ့မျက်လုံးတွေကတည်ငြိမ်နေတုန်းပဲ

နောက်ဆုံးစုတ်ချက်ကိုဆွဲ ပြီးသွားတဲ့အခါမှာအလင်းတန်းတွေကကွယ်ပျောက်သွားပြီးတော့အပြင်ဘက်ကိုထင်ထင်ရှားရှားမြင်လိုက်ရတယ်
အပြင်ကသူတွေလည်းသူမကိုထင်ထင်ရှားရှားမြင်နေရတယ်

" အဲ့ဒါဘာကြီးလဲ!!"
ထုန်းတောင်ဂိုဏ်းချုပ်က ရှီရှန်းရဲ့အရှေ့မှာပျံနေတဲ့သွေးစာ စာလုံးကိုကြည့်ပြီးကြောင်နေတယ်

အနက်ရောင်ဝတ်ရုံအရှည်ကိုဝတ်ထားတဲ့သူမကစက်ကွင်းရဲ့အလယ်မှာပျံနေပြီးတော့သူမရဲ့ပုံစံက မတူညီတဲ့သတ်ဖြတ်ခြင်းအတွက်ကျင့်ကြံခြင်းလောက ကသူလိုမျိုးတည်ငြိမ်နေတယ် သူမရဲ့မျက်လုံးတွေက ကျယ်ဝန်းလာပြီးသူတို့လုပ်သမျှအားလုံးကိုရယ်စရာတစ်ခုအဖြစ်လို့သာသတ်မှတ်နေတယ်
သူမကအပြင်ဘက်က အသက်ရှူရပ်တော့မဲ့သူတွေကိုလက်ညှိုးထိုးပြလိုက်တယ်

"ဒီနေ့အဖြစ်အပျက်ကို အားလုံးမှတ်မိလိမ့်မယ်လို့မျှော်လင့်ပါတယ်"
ရှီရှန်း ရဲ့အသံကိုစက်ကွင်းရဲ့အပြင်ဘက်အခြေအနေကနေရှင်းရှင်းလင်းလင်းကြားရတယ် အကာအရံကအနည်းငယ်အက်ကွဲနေပြီဆိုပေမဲ့သူမအသံကိုရှင်းရှင်းလင်းလင်းကြားနေရတုန်းပဲ
ရှီရှန်းကစကားပြောပြီးတဲ့အခါမှာလက်ညှိုးနဲ့အနီရောင်စာလုံးကိုထိလိုက်ပြီး အဖြူရောင်စက်ကွင်းကနေ အနီရောင်အဖြစ်ကိုပြောင်းသွားတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now