(TN/လွယ်လွယ်​ပြောရမယ်ဆိုရင်​တော့ Powerbankနဲ့ဖုန်းကို စဥ်းစားကြည့်ကြမယ်ကွာ
Power bank က မီးပြင်းဖို​ပေါ့ 
ဖုန်းက အတွင်းအားယူ​ဆောင်သူ​ပေါ့ကွာ

Power bankထဲမှာ ရှိသမျှ အား​တွေကို ဖုန်းက စုပ်ယူပစ်လိုက်တာ

မီးပြင်းဖို လူသားရဲ့ ကျင့်ကြံဆင့်​တွေကို အတွင်းအားယူ​ဆောင်သူက စုပ်ယူပစ်လိုက်တာ
မီးပြင်းဖို ရဲ့ကျင့်ကြံဆင့်ကကျသွားပြီး တစ်ဖက်လူရဲ့ကျင့်ကြံဆင့်ကတက်လာ​ရော
ယဲ့ချင်ချိုးက ​ရေ၀ိညာဥ်​သွေး​ကြောသမားဆို​တော့အမှန်ဆိုရင် သူမကမီးပြင်းဖိုဖြစ်ပြီး ချူးယဲ့က အဆင့်တက်တဲ့သူဖြစ်ရမှာ
ဒါ​ပေမယ့် ယဲ့ချင်ချိုးကမိစ္ဆာနဲ့ ​သွေးစာချုပ်ရှိ​နေ​တော့ အ​ခြေအ​နေက​ပြောင်းပြန်ဖြစ်သွားတယ်
နားမလည်မှာစိုးလို့ ဒီမှာပဲ ရှင်းလိုက်တယ် )

ယဲ့ချင်ချိုးက ချူးယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ့​ပေါ်မှာ ​နေရာယူလိုက်တယ်
အိပ်ချင်မူးတူးဖြစ်​နေတဲ့ ချူးယဲ့က ​ကြောင်​​တောင်​တောင်ဖြစ်သွား​ပေမယ့်လည်း ယဲ့ချင်ချိုးရဲ့ခန္ဓာကိုယ်ကို ပြန်လည်​ပွေ့ဖက်လိုက်ပြီး ​​နောက်တစ်ကြိမ်လူးလှိမ့်လိုက်ကြပြန်တယ်

(Wtf.အထန်​ကောင်များ😑)

"လူ​တွေ​ပျောက်​နေတယ်လို့ငါကြားတယ်"
ထုန်း​တောင်ဂိုဏ်းသား​လေး​တွေက ​တောင်​အောက်ဆင်း​နေရင်းနဲ့ စကား​ပြော​နေကြတယ်
"ဒါနဲ့ဆိုရင် လူ​ပျောက်မှုဖြစ်တာဘယ်နှကြိမ်​တောင်ရှိ​နေပြီလဲ..ဂိုဏ်းချုပ်က ဒီကိစ္စကိုတိုးတိုးတိတ်တိတ်​ဖြေရှင်းခိုင်းထား​ပေမယ့် ဒီ​လောက်လူ​တွေအများကြီးက​စောင့်ကြည့်​နေကြတာကိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ငါထင်တာ​တော့ ဟိုနှစ်​ယောက် လက်ချက်ပဲဖြစ်ရမယ် "
​ပြောရင်းဆိုရင်းအဲ့ဒီဂိုဏ်းသားက ​တောင်ထိပ်ဘက်ကို လက်ညှိုးညွှန်ပြလိုက်တယ်
"ရှူး!!..မင်း​သေချင်​နေပြီလား "
သူနဲ့အတူပါလာတဲ့တခြားသူ​တွေကသူ့ကို ခပ်တိုးတိုး​ငေါက်လိုက်တယ်
"အဓိပ္ပါယ်မရှိ​တာ​တွေမ​ပြောနဲ့...ဆရာသခင်ရဲ့​ပြောပုံအရဆိုရင် ဒီကိစ္စက သူတို့၂​ယောက်နဲ့ ဘာမှမဆိုင်ဘူး "
"ဟမ်..ဘာလို့လဲ"
"ဆရာက​ပြောတယ် သူတို့နှစ်​ယောက်က ပြန်​ပေးဆွဲတဲ့ကိစ္စနဲ့မဆိုင်ဘူးဆိုတာကို သက်​သေပြ​ပေးနိုင်တဲ့သူရှိတယ်တဲ့
ပြီး​တော့ ​တစ်နေရာစီမှာရှိ​နေတဲ့လူနှစ်​ယောက်​ပျောက်သွားတဲ့အချိန်မှာ​တောင် ရှန်းရှူနဲ့ဟိုမ​ကောင်းဆိုး၀ါးက တစ်​နေရာထဲမှာတူတူရှိ​နေကြတာ "
"သူတို့ဘယ်လိုထူးဆန်းတဲ့နည်းလမ်း​တွေအသုံးပြုလိုက်သလဲမှမသိတာ"
" ရှူး!!!မင်းပတ်၀န်းကျင်ကိုသတိထားစမ်းပါ.. ဘာပဲဖြစ်ဖြစ် သူတို့နှစ်​ယောက်က
လက်ရှိမှာသံသယအဖြစ်သင့်ဆုံးသူ​တွေပဲ "
သူတို့အဖွဲ့ ​ထွက်သွားတဲ့အချိန်မှာ အနက်​ရောက်အရိပ်တစ်ခုက ကြီးမားတဲ့ သစ်ပင်အကွယ်က​နေထွက်လာပြီး  ထွက်သွားတဲ့ဂိုဏ်းသားတွေကိုစိုက်ကြည့်​​နေခဲ့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now