အဆုံးမှာ​တော့ ယဲ့ချင်ချိုးရဲ့ အား​​ပေးနှစ်သိမ့်ခြင်းက အိပ်ရာ​ပေါ်မှာအတူတကွလူးလှိမ့်​ပေးခြင်းအဖြစ်​ပြောင်းသွားတယ်
သူတို့ကိစ္စပြီးတဲ့အချိန်မှာ ချူးယဲ့က​မောဟိုက်ပင်ပန်း​နေပြီး မျက်လုံးတစ်ချက်​တောင် ဖွင့်မကြည့်နိုင်​တော့ဘဲ အိပ်​ပျော်သွားခဲ့တယ်

ယဲ့ချင်ချိုးက​တော့ ​သွေးပူ​လေ့ကျင့်ခန်းလုပ်​နေရသ​လောက်​တောင်မပင်ပန်းဘူး
ချူးယဲ့နဲ့ဆန့်ကျင်ဘက်အဖြစ် သူမက ဒီလူးလှိမ့်ပွဲက​နေ ခွန်အား​တွေ​တောင်ပိုပြီးရလာသလိုပဲ
လန်းဆန်းတက်ကြွ​နေပြီး မျက်နှာအသားအ​ရေကလည်း ကြည်လင်​တောက်ပ​နေတယ်
သူမက အိပ်​ပျော်သွားပြီဖြစ်တဲ့ချူးယဲ့ကို ခပ်​​လှောင်​လှောင်ကြည့်လိုက်ပြီး လက်သဏ္ဍာန်တစ်ခုကိုပြုလုပ်ကာ ​ရေနဂါးကို ဖိတ်​ခေါ်လိုက်တယ်
'လူသားမီးပြင်းဖို​.....​သေချာအသုံးပြုမယ်ဆိုရင် ကျင့်ကြံခြင်းအတွက်​ကောင်းမွန်တယ်'

(TN/ ဟိုဒင်းဟိုဟွာလုပ်ပြီး တစ်ဖက်လူရဲ့ အတွင်းအားကို စုပ်ယူပြီး မိမိရဲ့အတွင်းအားတိုးတက်​အောင်လုပ်တာပါ
အတွင်းအားစုပ်ယူခြင်းခံရတဲ့သူက မီးပြင်းဖို​ပေါ့
ကျင့်ကြံခြင်း၀တ္ထု​တွေဖတ်​လေ့ရှိရင် သိကြမှာပါ)

ချူးယဲ့နဲ့ ပထမတစ်ကြိမ်အတူ​နေပြီးတဲ့အခါမှာ ဒီအ​ကြောင်းကို ​တွေ့ရှိခဲ့ရတာဖြစ်တယ်
သူမက အ​ခြေတည်ပြည့်စုံခြင်းအဆင့်မှာပဲရှိ​နေ​သေးတဲ့ သူမက ချူးယဲ့ နဲ့လုပ်ပြီးတဲ့အခါမှာ​တော့ ​နောက်တစ်ဆင့်ကို လုံး၀တက်လှမ်းသွားရတယ်

​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်​တွေဟာ ကျင့်ကြံခြင်း​လောကရဲ့လူသားမီးပြင်းဖို​တွေအဖြစ် လူသိများတယ်
ဒါ​ပေမယ့် သူမက တစ်ဖက်လူရဲ့စွမ်းအားကိုတိုးမြင့်​စေတဲ့ မီးပြင်းဖို မဟုတ်ခဲ့ဘူး
မ​ကောင်းဆိုး၀ါးကို​မေးကြည့်တဲ့အခါမှာ သူနဲ့​သွေးစာချုပ်ချုပ်ထားမှု​ကြောင့် ယဲ့ချင်ချိုးက ကူး​ပြောင်း​ပေးသူ က​နေ ယူ​ဆောင်သူအဖြစ် ​ပြောင်းလဲသွားရတာလို့ သူက​ပြောခဲ့တယ်

ယဲ့ချင်ချိုးက အဲ့ဒီအ​ခြေအ​နေကို အခု စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး သူ​ပြောတာတကယ်မှန်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now