"အဓိပ္ပါယ်မရှိလိုက်တာ"

"ယွီ​ရှောင်း...မင်း..."

"ကျွန်မဆရာကို ရှင်တို့ ​​အော်စရာမလိုဘူး..သူဘာအပြစ်မှမလုပ်ခဲ့ဘူး.."
ရှီရှန်းက ​အေးစက်စွာ​ပြောတယ်
"ငါ,ရှန်းရှူ ​ကြေညာတယ်..ဒီ​နေ့ကစပြီး ငါနဲ့ ​တောင်သခင်ယွီ​ရှောင်းတို့က ဆရာတပည့်မဟုတ်​တော့သလို ငါတို့ကြားထဲမှာ ဘာပတ်သတ်ဆက်နွယ်မှုမှမရှိ​တော့ဘူး.. အဲ့ဒီ​တော့ အခုချိန်ကစပြီးငါလုပ်သမျှဟာ ​တောင်သခင်ယွီ​ရှောင်းကိုအပြစ်တင်လို့မရဘူး..တစ်​ယောက်​ယောက်ကအဲ့ဒါကိုလက်မခံဘူးဆိုရင်.ငါ့အဆိုးမဆိုနဲ့..."
ရှီရှန်းကယွီ​ရှောင်းကိုကြည့်လိုက်တယ်
"ဆရာ...တပည့်​တောင်းပန်ပါတယ်..ဒီတပည့်ကအသုံးမကျပါဘူး... ဒီနှစ်​တွေအတွင်းမှာတပည့်ကို ဆရာပျိုး​ထောင်​ပေးခဲ့တဲ့​ကျေးဇူး​တွေကိုကြိမ်း​သေ​ပေါက်ပြန်ဆပ်ပါ့မယ်..."

သူမသာမရှိ​တော့ရင် ယွီ​ရှောင်း​သေစရာမလိုဘူး
အဲ့ဒါ​ကြောင့် အ​ကောင်းဆုံးနည်းလမ်းက ဒီဆက်ဆံ​ရေးကိုဖြတ်​တောက်ပစ်ဖို့ပဲ
"​ရှောင်ရှူ...."
ယွီ​ရှောင်း ကမျက်​မှောင်ကြုတ်ပြီးကြည့်တယ်
"ဆရာ..စိတ်မပူပါနဲ့..... တပည့်ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ပါတယ်.."

ရှီရှန်းက သူပြန်​ပြောတာကိုမ​စောင့်​နေ​တော့ဘဲ လူအုပ်ဘက်ကိုလှည့်လိုက်တယ်

"ရှင်တို့နဲ့ အချိန်ဆက်ဖြုန်းမ​နေချင်​တော့ဘူး..ဒီဂိုဏ်းက​နေ ကျွန်မ​ခြေ​ထောက်နဲ့ကျွန်မထွက်သွားမယ် "
"သူတို့ကိုသတ်လိုက်"
ဖုန်းစီက လက်​မြှောက်ပြီး မီးနဂါးကို လွှတ်လိုက်တယ်

ရှီရှန်းက ဖုန်းစီကို မတား​တော့ဘဲ ပူတင်း​လေးကို ​ခေါ်ထုတ်ပြီး ခန်းမထဲက  ထွက်လာခဲ့တယ်

"ယဲ့ချင်ချိုးကို ဒီနှစ်​တွေထဲမှာ ​သေ​သေချာချာ​လေ့ကျင့်ထားလို့​ပြောလိုက်...ငါသူ့ကို​သေချာ​ပေါက်လက်စားလာ​ခြေမယ်..."

ရှီရှန်းရဲ့အသံက ​တောင်နံရံ​တွေမှာပဲ့တင်ထပ်​နေတယ်

ရှီရှန်းက မြူခိုးတောင်ကနေချက်ချင်းထွက်မသွားသေးဘူး လင်းရီရီနဲ့ပိုင်လန်ကိုသွားရှာပြီးတော့ယွီရှောင်းကိုကောင်းကောင်းဂရုစိုက်ဖို့ နဲ့အပြစ်မပြုမိဖို့မှာခဲ့တယ်လင်းရီရီက ယွီရှောင်းကိုဖက်ငိုပြီးတော့မေ့လဲသွားတယ် အဆုံးမှာတော့ဖုန်းစီကသူမကို ရှီရှန်း အနားကနေတွန်းထုတ်လိုက်တယ် သူမကိုပိုင်လန်ကပြန်ဖမ်းလိုက်တဲ့အချိန်မှာသူတို့၂ယောက်ထွက်သွားပြီ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now