'၀က်သားဖတ်ပဲ!!!!ရှန်းရှူ ကအပြစ်မရှိ​ကြောင်းသက်​သေပြနိုင်မယ်ဆိုရင်​တောင် ဒီလူ​တွေက အဲ့ဒါကို လက်ခံမှာမဟုတ်ဖူး '

"မင်းက မြူခိုး​တောင်ဂိုဏ်းရဲ့ တပည့်တစ်​ယောက်ပဲ  မင်းရဲ့အပြုအမူ​တွေက လမ်းမှားကို​ရောက်​နေမယ်ဆိုရင် ဂိုဏ်းချုပ်က အပြစ်​ပေးမယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စပဲ..ပြီး​တော့ ဒီကိစ္စမှ မင်းက ဂိုဏ်းသားအချင်းချင်း အရင်တိုက်ခိုက်ခဲ့တာ​လေ..."

"ယွီ​ရှောင်း...မင်းတပည့်ကိုကြည့်စမ်း..သူမက အစက​တော့ ဂိုဏ်းသားအချင်းချင်းတိုက်ခိုက်တယ် အခု​တော့ ဂိုဏ်းချုပ်ကိုပါ ပုန်ကန်​နေပြီ  သူမကိုပြင်းပြင်းထန်ထန်အပြစ်​ပေးသင့်တယ် "

"သူမကို ငါတို့ဂိုဏ်းက အရမ်းကိုညှာတာ​​ပေးခဲ့​ပြီးပြီ..ဒီ​ကောင်မ​လေးရဲ့သ​န္ဓေကိုက ယုတ်ညံ့ပြီး ကျက်သ​ရေမရှိဘူး..သူမကငါတို့ဂိုဏ်းအတွက်ပြသနာ​တွေကိုယူ​ဆောင်လာခဲ့လိမ့်မယ်လို့ ​ပြောခဲ့တုန်းက မင်းကယုံမှမယုံခဲ့ပဲ...အခုကြည့်စမ်း..ဘယ်​လောက်​တောင်ဆိုးသွမ်း​နေပြီလဲ..."

ယွီ​ရှောင်းရဲ့အမူအရာကမ​ပြောင်းလဲသွား​ပေမယ့် သူတကယ်ကို စိုးရိမ်​နေ​ကြောင်း မျက်နှာမှာ အထင်းသား​ပေါ်လွင်​နေတယ်
သူက ရှီရှန်းအတွက် မားမားမတ်မတ်ရပ်တည်​ပေး​နေတုန်းပဲ

"ဂိုဏ်းချုပ်ကသာ ​ရှောင်ရှူကို အရင်တိုက်ခိုက်ခဲ့တာပါ..သူမက ကိုယ့်ကိုကိုယ်ကာကွယ်ခဲ့ရုံပါပဲ "

"မင်း..မင်း .ဂိုဏ်းတူညီ​လေး...မင်း သိပ်ကိုမိုက်မဲလွန်း​နေပြီ..."

ရှီရှန်းကယွီ​ရှောင်းကိုအပြစ်တင်​နေတဲ့သူ​တွေကိုကြည့်ရင်း အနည်းငယ်အံ့အားသင့်လာတယ်

'ငါ့ရဲ့ကံကြမ္မာက ကျက်သ​ရေမရှိဘူးတဲ့လား... ယဲ့ချင်ချိုးက စကား​လေးတစ်ခွန်းနှစ်ခွန်း​ပြောလိုက်တာနဲ့ ဒီလူ​တွေက အဲ့ဒါကို ယုံကြည်ပြီး  ရှန်းရှူနဲ့ယွီ​ရှောင်းကို အကြီးအကျယ်အပြစ်​တင်​နေ​တော့မှာလား......'
ရှီရှန်းရဲ့မျက်နှာအမူအရာ​ပြောင်းသွားတာကိုမြင်တဲ့အခါမှာ ဖုန်းစီရဲ့နီညို​ရောင်မျက်လုံး​တွေက ကြမ်းကြုတ်လာတယ်
"ယဲ့ချင်ချိုးကို အခု​ခေါ်ထုတ်ခဲ့စမ်း...မဟုတ်ရင်မင်းတို့အကုန်​သေမယ်"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now