သူက ဖုန်းစီရဲ့လမ်းကိုပိတ်ပြီးတိုက်ခိုက်ခဲ့တယ်
ဒါ​ပေမယ့်ဖုန်းစီက​တော့ ၃ရက်ကြာတဲ့အထိ​တောက်​လောက်​နေမယ့်မီးပင်လယ်ကြီးကိုဖန်ဆင်းခဲ့တယ်
အဲ့ဒီတုန်းက ဇာတ်လိုက်မက နဲနဲ​လောက်တုန့်ဆိုင်း​နေပြီး အံ့သြသွားတယ်ပုံ​ပေါ်​နေခဲ့တယ်
ဘာအ​ကြောင်း​ကြောင့်လဲဆိုတာကို​တော့စာ​ရေးဆရာကမ​ဖော်ပြခဲ့ဘူး

ဒါ​ပေမယ့် အခုပြန်​တွေးကြည့်ရင်​တော့ ဇာတ်လိုက်မနဲ့ဖုန်းစီတို့ဟာမူလဇာတ်​ကြောင်းမှာလည်း ​သေမင်းတမာန်​တောအုပ်ထဲမှာတုန်းက၁ကြိမ်​တွေ့ဖူးပြီးသားဖြစ်နိုင်တယ်
ရှီရှန်းကသူမမှာ မီး​လောင်ဒဏ်ရာ​တွေမရှိတာ​သေချာ​အောင်ပြန်စစ်လိုက်တယ်
'ပုံမှန်ဆိုရင် မီးညွှန့်တစ်ခုနဲ့ထိမိရင်​တောင်ဒဏ်ရာအကြီးကြီးရသွားနိုင်တာကို ငါက မီး​တောက်​တွေကြားထဲခုန်ဆင်းလိုက်​တယ်​ပေါ့ တကယ်ကိုဇာတ်လိုက်မနဲ့နီးနီးကပ်ကပ်​နေမိပြီးမှ IQ​တွေနိမ့်ကျသွားရတာပဲ...​တော်​သေးလို့ ဒီမီး​တောက်​တွေကငါ့ကိုမထိခိုက်နိုင်လို့သာ​ပေါ့...မဟုတ်လို့က​တော့မ​တွေ့၀ံ့စရာပဲ..မဟုတ်မှလွဲ​ရောငါ​လေးရဲ့ခန္ဓာကိုယ်ကထင်ထားတာထပ်ပိုပြီး ကြံ့ခိုင်​နေတာများလား..'
["..ပစ်မှတ်ရဲ့ထူးခြားမှု​​ကြောင့် ဒီဘ၀မှာ hostက မီးဒဏ်ကို ခံစားရမှာမဟုတ်ပါဘူး..ဒါက ကျွန်​တော်တို့​ပေးတဲ့ စွမ်းအားတစ်ခုပါ..."]
'​အော်...လက်စသတ်​တော့ systemရဲ့အကူအညီကိုး...အဲ့ဒါများ ဒီလိုမျိုးအစွမ်း​လေး​တွေ​စော​စောထဲက​ပေးတာမဟုတ်ဖူး..ပြီး​တော့ငါ့ရဲ့ beginner package က​ရော..ဘယ်မှာလဲ....'
[ "..Hostက တာ၀န်နဲ့မသက်ဆိုင်တဲ့အရာ​တွေကို အာရုံစိုက်နေတာပဲ..ပြီး​တော့..beginner packageကို ဘယ်အချိန်ထိလိုချင်​နေအုံးမှာလဲ...." ]

"ဂိုဏ်းတူအမရှန်း...."
​မြွေအလိုက်ခံ​နေရတဲ့ဇာတ်လိုက်မက ရှီရှန်းဆီကို​ပြေးလာပြီး ​မြွေရှိတဲ့ဘက်ကို ရှီရှန်းကိုတွန်းထုတ်ဖို့လုပ်လိုက်​ပေမယ့် ရှီရှန်းက ဇာတ်လိုက်မရဲ့ခါးကိုလှမ်းဖက်ထားလိုက်တယ်
​မြွေကတဖြည်းဖြည်းနီးကပ်လာတာကိုမြင်တဲ့အခါမှာဇာတ်လိုက်မကပိုပြီးတုန်လှုပ်လာတယ်
"ကျွန်မအတွက် ​မြွေကိုတားထား​ပေးဖို့ အမရှန်းကိုပဲ ဒုက္ခ​ပေးပါရ​စေ...ဂိုဏ်းသားတစ်​ယောက်ဒုက္ခ​ရောက်​နေတာကို အမရှန်းကဒီတိုင်းကြည့်မ​နေနိုင်ဘူးဆိုတာ ကျွန်မသိပါတယ်..."

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now