ဒီလို၀တ္ထု​တွေရဲ့ ဇာတ်လိုက်​တွေက ၀မ်းနည်းဖွယ်ရာ ​နောက်ခံဇာတ်လမ်းကိုယ်စီရှိကြတယ်
သူတို့မိဘ​တွေ​သေဆုံးသွားတာမျိုး ၊ မိသားစုတစ်ခုလုံး အဖြစ်ဆိုးနဲ့ကြုံ​တွေ့ခဲ့ရတာမျိုး  ဒါမှမဟုတ်ရင် သူတို့ရဲ့မူလဂိုဏ်းတစ်ခုလုံးက မိစ္ဆာကျင့်ကြံသူ​တွေရဲ့အမြစ်ဖျက်​ချေမှုန်းခြင်းခံလိုက်ရတာမျိုး​​ပေါ့
အဲ့ဒီ​နောက်မှာ​တော့ သူတို့ကထူးဆန်းတဲ့အဖိုးအိုတစ်​ယောက်နဲ့​တွေ့  အစွမ်းရှိတဲ့ပစ္စည်း​တွေရ  ...မဟုတ်ရင်လည်း ​ချောက်ထဲကိုပြုတ်ကျ အံ့သြစရာ ရတနာ​တွေ လက်နက်​တွေ​တွေ့..... ပြီးတဲ့အခါမှာ​တော့ သူတို့ရဲ့ကျင့်ကြံခြင်းခရီးစဥ်ကအံ့သြဖွယ်ရာ စတင်ကြပါလိမ့်မယ်
​ပေါများလွန်းတဲ့ မိစ္ဆာသားရဲ​တွေကို အားတိုင်းယားတိုင်း​တွေ့ ... အားတိုင်းယားတိုင်းသတ်ပြီး ကျင့်ကြံဆင့်​တွေလည်း တက်ကြပါလိမ့်မယ်
ပြီး​တော့ ​သေမျိုး​လောကကလာတဲ့ဇာတ်လိုက်​တွေကလည်း မယုံနိုင်စရာ တန်ခိုးစွမ်းအား​တွေ ရှိ​နေတာမျိုး​ပေါ့.....
ဒီအ​ကြောင်းအရင်းက​တော့ ကျင့်ကြံခြင်း​လောကမှာ​မွေးဖွား...ငယ်ငယ်ထဲက ဂိုဏ်းမှာ​နေပြီး ကြိုးကြိုးစားစားကျင့်ကြံ​နေခဲ့တဲ့  ကျင့်ကြံခြင်း​လောကသားစစ်စစ်​တွေကို ပါးရိုက်လိုက်သလို ​မျိုး စော်ကားရာ​တော့​ရောက်တာ​ပေါ့
..............

ရှီရှန်းက ဂိုဏ်းသား​တွေ စု​​ေ၀း​နေကြတဲ့ကွင်းပြင်ထဲမှာရပ်​နေတယ်

"ကြည့်ကြပါ..တို့က  ​​သေမျိုး​လောကကလာခဲ့တဲ့ အနိမ့်ဆုံးအဆင့် ​ရေ၀ိညာဥ်​သွေး​ကြောပိုင်ရှင်ပဲ... ဒါ​ပေမယ့် ကြိုးကြိုးစားစားကျင့်ကြံပြီးတဲ့​နောက်မှာ​တော့ မင်းတို့အားလုံးရဲ့ အထက်မှာရပ်​နေနိုင်တဲ့ ပါရမီရှင်တစ်​ယောက်ဖြစ်​နေပြီ...အဲ့ဒါ​​ကြောင့် တို့ တစ်ခု​လောက်မှာပါရ​စေ တပည့်အသစ်​လေး​တွေကို ​သေချာဂရုတစိုက်​ခေါ်လာ​ပေးကြပါ...ဘယ်​ပြောလို့ရမလဲ သူတို့ထဲမှာ ပါရမီရှင်​တွေပါလာနိုင်တယ်​လေ....."
၀က်သားဖတ်!!!!ဇာတ်လိုက်မရယ်..နင့်ရဲ့မိန့်ခွန်းကအရမ်းကို အင်အားကြီးလွန်းလို့ နှလုံး​တွေတုန်​  ရင်​တွေပါခုန်လာရပါတယ်
ရှီရှန်းက အမြင့်မှာ ရပ်​နေတဲ့ ယဲ့ချင်ချိုးကို  မျက်​စောင်းထိုးပြီးကြည့်လိုက်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now