"ဂိုဏ်းတူ​​ဒေါ်​လေး !!! ဒါကထင်​ယောင်ထင်မှားဖြစ်​နေတာ​တွေပါ  ​ကျေးဇူးပြုပြီး သတိထားပါအုံး..... မြန်မြန်နိုးလာပါ​တော့ ......."
ရှီရှန်းရဲ့စိတ်ထဲမှာ ဗလာကျင်းသွားပြီး​တော့ မျက်ခုံး​တွေတွန့်ချိုးသွားတယ်
'ထင်​ယောင်ထင်မှားဖြစ်တယ်???ဂိုဏ်းတူ​ဒေါ်​လေး??? ဒီကမ္ဘာက ကျင့်ကြံခြင်း၀တ္ထုလား....ဖာ့ခ်!!!! ကျင့်ကြံခြင်း​လောကဖြစ်​နေရင်​တောင် ငါ​ရောက်​နေတဲ့အချိန်က ဘာကိစ္စ ထင်​ယောင်ထင်မှားဖြစ်​နေတဲ့အချိန်ဖြစ်​နေရတာလဲ  တကယ်ကိုကံဆိုးလွန်းပါလား....'
ရှီရှန်းက အံကြိတ်လိုက်ပြီး မျက်လုံး​တွေကို မှိတ်ကာ စိတ်ကို​အေး​အေးထားလိုက်တယ်
မီး​တောက်​တွေ​တောက်​လောင်​နေတဲ့အသံ​တွေကဖြည်းဖြည်းချင်း​လျော့ကျသွားပြီး ပတ်၀န်းကျင်ရဲ့အပူဒဏ်က လုံး၀​ပျောက်ကွယ်သွားတယ်  ရှီရှန်းခံစား​နေရတဲ့ နာကျင်မှု​တွေလည်း လုံး၀​ပျောက်ကွယ်သွားပြီး​အေးမြတဲ့ခံစားချက်ကအစားထိုး၀င်လာတယ်
ရှီရှန်းက မူလအ​ခြေအ​နေထဲကို အသိစိတ်ပြန်၀င်လာပြီး မျက်လုံး​တွေကို ဖွင့်လိုက်တယ်  လက်တ​လောခံစားခဲ့ရတဲ့နာကျင်မှု​ကြောင့် သူမရဲ့နှလုံးခုန်သံ​တွေအရမ်းမြန်​နေတယ်
ရှီရှန်းကို ငယ်ရွယ်ပြီးချစ်စဖွယ်​ကောင်းတဲ့မိန်းက​လေးတစ်​ယောက်ကစိတ်ပူပန်စွာ ရပ်ကြည့်​နေတယ်
ရှီရှန်းသတိပြန်ရလာ​တော့မှသာ အဲ့ဒီမိန်းက​လေးက စိတ်သက်သာသွားပုံ​ပေါ်တယ်
"ဂိုဏ်းတူဒေါ်​လေး.ရှင်နိုးလာပြီလား..ကျွန်မတို့အရမ်းစိတ်ပူ​နေတာ..."
သူမရဲ့မျက်နှာက ရှီရှန်းနိုးလာတဲ့အတွက် ​​ပျော်ရွှင်၀မ်းသာ​နေပုံ​ပေါ်တယ်
ရှီရှန်းက သူမအ​ရှေ့ကမိန်းက​လေးကို တိတ်တဆိတ်အကဲခတ်​နေတယ်
ဒီမိန်းက​လေးက ရှီရှန်း၀တ်ထားတဲ့နက်ပြာ​ရောင်၀တ်စုံနဲ့အ​ရောင်ကလွဲလို့တစ်ပုံစံထဲတူတဲ့အဖြူ​ရောင်ပိုးသား၀တ်စုံကို၀တ်ဆင်ထားတယ်
ရှီရှန်းရဲ့စိတ်ထဲမှာသတင်းအချက်အလက်တချို့​ပေါ်လာတယ်
*အတွင်း​ဆောင်တပည့်*
ဒီ၀တ္ထုရဲ့မူလဇာတ်​ကြောင်းနဲ့မူလကိုယ်ရဲ့မှတ်ဥာဏ်​တွေကို ရုတ်တရပ်လက်ခံလိုက်ရတာ​ကြောင့် ရှီရှန်းရဲ့ဦး​နှောက်ကိုတစ်စုံတစ်​ယောက်ကဆွဲညှစ်ထားသလို နာကျင်​နေရတယ်
သူမသတိမလွတ်သွားခင်မှာ ခုနကမိန်းက​လေးရဲ့စိုးရိမ်တကြီး​ခေါ်သံကိုကြားလိုက်ရတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now