နှစ် နှစ်အကြာမှာတော့ရှီရှန်းကသရုပ်ဆောင်လောကရဲ့ဘုရင်မဖြစ်လာခဲ့ပြီးတော့သူမကသရုပ်ဆောင်လောကထဲကနေထွက်သွားတော့မည်ဖြစ်ကြောင်းကြေငြာလိုက်တာ​ကြောင့်သူမရဲ့ဖန်တွေကဝမ်းနည်းလို့မဆုံးဖြစ်သွားကြပေမဲ့သူတို့ရဲ့အသားလုံးလေးကသူမခင်ပွန်းနဲ့အတူပျော်ပျော်ရွှင်ရွှင်နေ နေတာကိုသိလို့သူတို့စိတ်အေးရကြတယ်

အသားလုံးလေးကသရုပ်ဆောင်လောကထဲမှာမရှိတော့ဘူးဆိုရင်တောင်သူမကသူတို့ရဲ့အသားလုံး​လေးဖြစ်​နေတုန်းပါပဲ

၅နှစ်အကြာမှာရှီရှန်းကအဘိုးလုဆီကနေဒေါ်လာ၁သန်းရခဲ့တယ်

သူမကအဲဒီ​ငွေကိုလုချင်းယွင်ရဲ့accountဆီလွှဲပေးကာသူမဆီကို​ငွေသားနဲ့ပြန်​ပေးခိုင်းလိုက်ပြီးဒီကမ္ဘာရဲ့hidden questကလည်း ပြည့်စုံသွားခဲ့တယ်
သူမရဲ့တာဝန်ကပြီးဆုံးသွားပြီမို့လို့ရှီရှန်းက ကွာချင်းချင်တယ်လို့​တောင်းဆိုတာ​ကြောင့်လုချင်းယွင်ကကြောင်သွားတယ်
'ငါတကယ်သူမဘာတွေးနေတယ်ဆိုတာကိုမသိတော့ဘူး ဒီပိုက်ဆံတွေအားလုံးကိုပစ်ပြီးလွတ်လပ်ချင်နေတာလား....ကိုယ့်ရဲ့ဇနီးကပိုက်ဆံတွေပေါနေတာကအတော်ကိုဖိအားများတာပဲ'

အဘိုးလုကသာကွာရှင်းတာကိုအတားခဲ့ဘူးဆိုရင်လုချင်းယွင်ကတော့ရှီရှန်းရဲ့ဖန်တွေအမြင်မကြည်တာခံရတော့မှာပဲ
ကွာရှင်းတာကမဖြစ်မြောက်သွားပေမဲ့ရှီရှန်းကလုချင်းယွင်နဲ့အတူမနေတော့ဘူး
သူမက ကမ္ဘာပတ်ပြီးလျှောက်သွားတော့တယ်ပြီးတော့အသားလုံးလေးရဲ့ဖန်တွေကလည်းရှီရှန်းကသူမခင်ပွန်းနဲ့အတူ​နေတာကိုရပ်လိုက်ပြီးအခြားဟာတွေလုပ်နေတာကိုသိသွားကြတယ်
ပြီးတော့ရှီရှန်းကလည်းသရုပ်ဆောင်ဘဝကနေစာရေးဆရာမဘဝကိုအောင်မြင်စွာပြောင်းလဲလိုက်နိုင်တယ်
သူမက ကောင်းကောင်းမွန်မွန်လုပ်နေပြီးသူမ မှာဖန်အချို့တွေတောင်ရှိနေပြီ

အသားလုံးလေးရဲ့ပုံပြင်တွေကအမြဲတမ်းဆန်းကြယ်စွာအဆုံးသတ်လေ့ရှိတပြီးမမျှော်လင့်နိုင်တဲ့ဇာတ်ကွက်တွေလည်းပါတယ်
ဘယ်လိုပဲဖစ်ဖြစ်သူတို့ရဲ့အသားလုံးလေးကိုချစ်နေကြဆဲပါပဲ
အသားလုံးလေးဘာပဲလုပ်လုပ်သူမနောက်ကိုလိုက်ဖို့အဆင်သင့်ရှိကြတယ်
ဒါကမပြောင်းလဲနိုင်တဲ့အမှန်တရားပဲ
.အဘိုးလုကသူမဆုံးခင်မှာသူတို့နှစ်ယောက်ကိုမကွာရှင်းပါဘူးလို့ကတိ​ပေးခိုင်းတယ်
ရှီရှန်းကသူမကြိုက်နေတဲ့အခြားသူလည်းမရှိသေးတာကြောင့်သဘောတူလိုက်တယ်
လုချင်းယွင်ကလည်း ရှီရှန်းကလုမိသားစုရဲ့သခင်မဖြစ်နေတာကိုကောင်းတယ်လို့ခံစားရတယ်
ဘာလို့လဲဆိုတော့သူကမိသားစုအ​ရေးကိစ္စတွေကိုင်တွယ်ရမှာပျင်းတယ်လေ
အဲတာကြောင်သူလည်းသဘောတူခဲ့တယ်
သူတို့နှစ်ယောက်အခြားတစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကိုဝင်စွက်ဖက်ခြင်းမရှိဘဲနဲ့သီးခြားနေခဲ့တယ်
ပြီးတော့ရှီရှန်းကလုချင်းယွင်ဘာလို့ရှီမိုကိုမုန်းလဲဆိုတာသိသွားတယ်
ထန်းရန်မှာထန်းရွယ်လို့ခေါ်တဲ့အကိုတစ်ယောက်ရှိတယ်
ထန်းရွယ့်ကလုချင်းယွင်နဲ့အရမ်းရင်းနှီးတယ်
အရင်တုန်းက သူတို့မိဘတွေကထန်းရွယ့်ကိုကိုယ်၀န်​ဆောင်ထားခဲ့ချိန်မှာ လုချင်းယွင်နဲ့​စေ့စပ်​ပေးထားခဲ့ဖူးတယ်
ဒါပေမဲ့ထန်းရွယ့်ကယောကျ်ားလေးအဖြစ်​မွေးဖွားလာခဲ့တာကြောင့်မို့လို့စေ့စပ်တာက​ဒုတိယက​လေးဖြစ်တဲ့ထန်းရန်ဆီပြောင်းသွားခဲ့တယ်
လုချင်းယွင်မှာအရင်တုန်းကနှလုံးရောဂါရှိခဲ့တယ်သူကကြာကြာအသက်ရှည်မှာမဟုတ်ဘူးလို့ထင်ထားခဲ့ပြီးစောစောစီးစီးထွက်သွားမဲ့သူနဲ့ထန်းရန်ကမစေ့စပ်ချင်ခဲ့တာ​ကြောင့်သူမကစေ့စပ်ပွဲဖျက်သိမ်းဖို့ပြသာနာပေါင်းစုံရှာခဲ့တယ်
ထန်းရန်စေ့စပ်ပွဲဖျက်သိမ်းဖို့လုပ်နေတဲ့အချိန်မှာထန်းရွယ့်က ကားအက်ဆီးဒန့်ဖြစ်သွားခဲ့တယ်
အဲ့လိုဖြစ်အောင်လုပ်ခဲ့တဲ့သူကရှီမိုကလွဲပီးအခြားသူမဟုတ်ဘူး
လုချင်းယွင်ကရှီမိုကိုထန်းရွယ့်အ​ပေါ်လုပ်ခဲ့တာတွေအတွက်ပြန်ပေးဆပ်ရအောင်လုပ်ချင်ခဲ့တယ်
နောက်နှစ်အနည်းငယ်အတွင်းမှာရှီမိုကသူ့မိသားစုရဲ့လုပ်ငန်းကိုဆက်ခံရတဲ့အခါလုချင်းယွင်ကစပြီးတိုက်ခိုက်တော့တယ်
ဇာတ်လိုက်မရဲ့အကူအညီမရှိတာကြောင့်ရှီမိသားစုရဲ့စီးပွားရေးကထိုးကျသွားပြီးအဆုံးမှာကုမ္ပဏီသေးသေးလေးတစ်ခုပဲကျန်ရှိတော့တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now