ကျန်း၀မ်ကို ချစ်ခင်သူ​တွေဒီ​လောက်​တောင်များ​နေတဲ့အတွက် သူမက မနာလိုလာတယ်

သူ့သမီးရဲ့​မေးခွန်း​ကြောင့် ကျန်းယွမ်က  တိတ်ဆိတ်သွားတယ်
တစ်သက်လုံးရွာမှာသာ​ နေ​နေခဲ့ရတဲ့သူ့လိုလူက ဒီလိုကိစ္စကြီးကို ဘယ်လိုလုပ်​ဖြေရှင်းတတ်မှာလဲ

ဒီအ​ခြေအ​နေမှာ သူ့စိတ်ထဲမှာ ဘာအ​ဖြေမှ ရှိမ​နေဘူး
​ရှေ့ဆက်ပြီး ဘာဆက်လုပ်လို့လုပ်ရမှန်းသူမသိဘူး

............
ကျန်းကျိန်ကျိန်က သူမကိုလာ​တွေရဲအုံးမယ်လို့ ရှီရှန်းကမထင်ခဲ့ဘူး
ရှီရှန်းက အသံတိတ်ရီလိုက်ပြီး​တော့ သူမဘက်ကို​မေး​ငေါ့ပြလိုက်တယ်
"ထိုင်လေ... မင်းဘာလိုချင်လို့လဲ.."
"​ရှောင်၀မ်....အနည်းဆုံး​တော့ငါတို့ကမိသားစု​တွေ​လေ..ငါတို့ကို ဒီလိုအ​ပြောခံရ​အောင် မင်းဘယ်လို​တောင်လုပ်ရက်ရတာလဲ "

ကျန်းကျိန်ကျိန်ရဲ့မျက်လုံးက ငိုထားပုံ​ပေါက်ပြီးနီရဲ​နေတယ်ကျန်းကျိန်ကျိန်က ရှီရှန်းရဲ့​ရှေ့မှာခေါင်းမငုံ့ချင်ဘူး ဒါ​ပေမယ့် သူမသာ ဒီလိုမလုပ်ဖူးဆိုရင် ပိုက်ဆံရမှာမဟုတ်ဖူးလို့ အ​ဖေက​ပြောတယ်
Companyနဲ့ ​ငွေ​ကြေး​တွေ​ကြောင့်သာမဟုတ်ရင် သူမက ဒီကို ​ရောက်လာမှာ​တောင်မဟုတ်ဖူး
"ငါ့ပရိသတ်​တွေက နင်တို့ကိုဘာ​တွေ​ပြော​နေကြလို့လဲ..."
ရှီရှန်းကအပြစ်ကင်းစင်တဲ့ပုံနဲ့မျက်​တောင်ခတ်ပြလိုက်တယ်

ရှက်ရွံ့မှု​ကြောင့်လား ​​ဒေါသ​ကြောင့်လားမသိ​ပေမယ့် ကျန်းကျိန်ကျိန်ရဲ့မျက်နှာက နီရဲ​နေလို့​သွေး​တွေ​တောင်​ပေါက်ထွက်​တော့မလိုပဲ
​ဘေးမှာချထားတဲ့သူမရဲ့လက်က ကျစ်ကျစ်ပါ​အောင်ဆုပ်ထားတယ်
"နင့်လူ​တွေငါတို့ကို အင်တာနက်မှာ​ပြော​နေကြတယ် အဲ့ဒါက....အဲ့ဒါက....."
သူမဆက်မ​ပြောနိုင်​တော့ဘူး
"အို...အဲ့ဒါလား..နင်​ပြောကြည့်​လေ အဲ့ဒီကိစ္စ​တွေကို နင်တို့မိသားစုကတကယ်မလုပ်ခဲ့လို့လား.."
'နင်တို့အခုမှအတိတ်​မေ့သလိုလို​ရွှေ​ပျောက်သလိုလို လာလုပ်​မ​နေနဲ့.. ငါက မလကိုယ်ကျန်း၀မ်လိုမျိုး တုံးအပြီး အနိုင်ကျင့်ရလွယ်တဲ့လူမဟုတ်ဖူး ...'
"အဲ့ဒီ​ငွေ​တွေက..အဲ့ဒီ​​ငွေ​တွေက... နင်ပဲငါတို့ကို​ပေးခဲ့တာ​တွေ​​လေ ... "
ကျန်းကျိန်ကျိန်ကသူမရဲ့​ခေါင်းကို​မော့ပြီး ​အော်​တော့တယ်
အခု​တော့သူမမျက်လုံးထဲမှာရှိတဲ့ စိတ်ထားအစစ်အမှန်က ​ပေါ်လာပြီ
"အဲ့ဒီအရွယ်တုန်းက ငါကသိပ်ငယ်လွန်း​သေးလို့ ဘာမှနားမလည်နိုင်​သေးဘူး နင်တို့မိသားစုကသာငါ့ရဲ့ပိုင်ဆိုင်မှု​တွေကို လက်၀ါးကြီးအုပ်ထားခဲ့ကြတာ
အဲ့ဒီတုန်းက တုံးအခဲ့တဲ့ငါ့ကိုယ်ငါပဲအပြစ်တင်ရမှာပဲ
ဒါ​ပေမယ့် ...အခု​တော့ငါ့ပိုင်ဆိုင်မှု​တွေကို တစ်ခုမကျန်ပြန်လိုချင်တယ်  နင်တို့မိသားစုက​တော့ ငါ့companyအ​ရှေ့ထိလာပြီး နင်တို့နဲ့မသက်ဆိုင်တဲ့ ​နောက်ထပ်ပိုင်ဆိုင်မှု​တွေကို ​လောဘလာတက်​နေကြပြန်ပြီတဲ့လား ရီစရာပဲ.....ငါက အရင်ကလိုမျိုးတုံးအတဲ့က​လေးမ​လေးတစ်​ယောက်လို့ နင်တို့​တွေတကယ်ထင်​နေကြတုန်းလား...."
ကျန်းကျိန်ကျိန်က ရှီရှန်းရဲ့ချက်ကျလက်ကျပြန်​ပြောမှုကို လန့်သွားတယ် ဒါ့အပြင်သူမတို့ကသာ တကယ်အမှားလုပ်ခဲ့သူ​တွေ​လေ
ကျန်းကျိန်ကျိန်ထွက်သွားတဲ့အခါမှာ ကျန်းယွမ်နဲ့သူ့ဇနီးတို့က ရှီရှန်းဆီ​ရောက်လာပြီး ​တောင်းပန်ကြပြန်တယ်
'နင်တို့က ဒီစကားကိုပဲ အကြိမ်တစ်​ထောင်​လောက်​ပြော​နေကြ​တော့မှာလား'
"ငါတို့က​ဆွေမျိုး​တွေ​လေ...နက်ချမွးသားသွားတဲ့အချိန်မှာငါတို့ကို စွန့်ပစ်လိုက်​တော့မလို့လား...ကူညီပါ ကူညီပါ..ကူညီပါ''တဲ့လား
~​စောက်ချီးကိုကူညီ..... ​သေ​တောင်မကူညီနိုင်ဘူး​ဟေ့.....~
စက်တင်ဘာလ၉ရက်နေ့မှာ ရှီရှန်းရဲ့မင်္ဂလာပွဲကို ကျွန်းလေးတစ်ကျွန်းပေါ်မှာကျင်းပခဲ့တယ်
ကျန်းယွမ်တို့မိသားစုကအတော်ကိုအရေထူတယ်
ဒီလောက်ထိဆဲဆိုခံနေရပြီးအပုပ်ချခံနေရတာတောင်မှမင်္ဂလာပွဲကိုလာရဲသေးတယ်သူတို့က ခမ်းနားကြွယ်၀တဲ့ ပွဲအပြင်အဆင်ကို ​လောဘတကြီးကြည့်​နေကြတယ်
ဒါ​ပေမယ့် လူ​တွေအကုန်လုံးကသူတို့ကိုမျကွစိ​ဒေါက်​ထောက်စောင့်ကြည့်နေကြတယ်သူတို့ဘာပြသာနာမှမရှာရဲကြဘူး
ရှီရှန်းက​တော့ လိုလိုပိုပိုအ​နေနဲ့ လူတွေသူတို့အပေါ်အာရုံစိုက်အောင်လုပ်ထားတယ်
အကယ်၍တစ်ခုခုဖြစ်ရင်အကုန်လုံးကသူတို့ကိုလက်ညှိုးဝိုင်းထိုးကြမှာပဲ
ရှီရှန်းကသူမရဲ့fanတွေအတွက်လက်ဆောင်အနေနဲ့မင်္ဂလာပွဲကိုliveလွှင့်ပေးခဲ့တယ်
ဒီလိုမျိုးတခမ်းတနားကျင်းပတဲ့ပွဲကိုliveလွှင့်ပေးတယ်ဆိုတာကရှီရှန်းကတစ်ကယ်ကိုသဘောကောင်းတဲ့သူပဲ
မင်္ဂလာပွဲပြီးသွားတဲ့အချိန်မှာရှီရှန်းကပုံမှန်သူလုပ်နေကြအတိုင်းပဲရုပ်ရှင်ရိုက်တယ်
ပိုက်ဆံရှာတယ်
ပိုက်ဆံသုံးတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now