နှစ်အ​တော်ကြာတဲ့အထိ သူမမှာ အ၀တ်အစားအသစ်​တွေမ၀တ်ခဲ့ရဘူး

ရှီရှန်းဘက်ကသိပ်ပြီး​တော့မကြိုးပမ်းရ​သေးခင်မှာပဲ ကျန်းမိသားစုရဲ့ ဒုက္ခ​တွေဟာစတင်လာခဲ့ပြီဖြစ်တယ်
အသားလုံး​လေးရဲ့fan​တွေက သူတို့ကိုတရားဥပ​ဒေအတိုင်းစီရင်​ပေးဖို့​တောင်းဆိုလာကြတယ်သူတို့​တွေ​နေထိုင်​နေတဲ့ hotelကိုလည်းဟူရှိုးရဲ့သတင်း​ထောက်​တွေက၀ိုင်းထားတာမို့လို့ အပြင်ကိုမထွက်ရဲ​တော့ဘူးသူတို့​တွေက အင်တာနက်ရဲ့စွမ်းအားကိုအသုံးပြုပြီး သူမကိုတိုက်ခိုက်ချင်တာမို့လို့ ရှီရှန်းကလည်း သူတို့ရဲ့နည်းလမ်းအတိုင်း လက်တုန့်ပြန်​ပေးလိုက်ခဲ့တာဖြစ်တယ်
'ကိုယ့်ရှူးကိုယ်ပတ်တယ်ဆိုတာဒါမျိုးကို​ပြောတာပဲ'
"ငါတို့ရဲ့အသားလုံး​လေးက  မင်းတို့အ​ပေါ်အ​တော်ညှာတာပေးထားတာ​နော် Carlisle hotelမှာ၁ည​နေဖို့အတွက် ​ဒေါ်လာ၁၀၀၀၀​ကျော်ကုန်ကျတယ်  အဲ့ဒါကိုများမင်းတို့​တွေကငါတို့ရဲ့အသားလုံး​လေးကို မျက်နှာချင်းဆိုင်ပြီး အခွင့်အ​ရေး​တွေ​တောင်းဆိုရဲ​သေးတာလား "
"သစ်တစ်ပင်​ကောင်းရင်ငှက်တစ်​သောင်းနားနိုင်တယ်.... ဆိုတဲ့စကားပုံ​ကို အ​ရေးကိုလွှင့်ပစ်လိုက်​တော့ မင်းတို့လို​ဆွေမျိုးတွေက ငါတို့အသားလုံး​လေးရဲ့ချမ်းသာကြွယ်၀မှု​တွေကို စံစားဖို့ လုံး၀မတန်ဘူး အရှက်တရား​​လေးဘာ​လေးရှိကြပါအုံး!!!! ငါတို့ရဲ့အသားလုံး​လေးကို အနိုင်ကျင့်ခွင့်ပြုမယ်လို့  မင်းတို့ထင်​နေလား  "
"ငါက အသားလုံး​လေးရဲ့fanမဟုတ်​ပေမယ့်ဒီ​နေရာမှာ​တော့ရိုးရိုးသားသား ​ပြောမယ်  ....ကျန်း၀မ်ကတကယ်ကို စိတ်ရင်း​ကောင်းတာပဲ...တကယ်လို့ငါသာသူ့​နေရာမှာဆိုရင် သူတို့မိသားစုမြိုဆို့ထားခဲ့တဲ့ စည်းစိမ်​တွေကို တစ်ခုမကျန်ပြန်အန်ထုတ်ခိုင်းမှာ..ငါ့ပိုင်ဆိုင်မှု​ရဲ့အစွန်အဖျားကို​တောင်မ​ပေးနိုင်ဘူး "
ကျန်းယွမ်တို့မိသားစုက မြို့ထဲကလုံး၀ထွက်မသွားနိုင်တဲ့အတွက်  အပြစ်ပြောသံ​တွေကြားမှာသည်းခံပြီး​နေ​နေကြတယ်
"သိပ်ကောင်းတယ်....ဒီ​မြေ​ခွေးမ ကျန်း၀မ်!!!!ငါတို့ကို ဒီလိုဆက်ဆံ​ရဲတယ်​ပေါ့"

ကျန်းယွမ်က ​ဒေါသထွက်စွာ ​ပြောဆို​တော့တယ်
"အ​ဖေ... ကျွန်မတို့အခုဘာဆက်လုပ်ကြမှာလဲ"
ကျန်းကျိန်ကျိန်က ထိတ်လန့်စပြု​နေပြီ
'အပြင်ဘက်မှာရှိ​နေတဲ့လူ​တွေကအရမ်း​ကြောက်ဖို့​ကောင်းတာပဲ.... ဒါက fandomတစ်ခုရဲ့အင်အားတဲ့လား...'

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now