"ဒါဆိုရင် ငါတို့​တွေ ​စျေးသွား၀ယ်လို့ ရပြီလား "

~အားးးး!!!ငါ​လေးအရမ်းကို စိတ်လှုပ်ရှား​နေပြီ ​နောက်ဆုံး​တော့ လုချင်းယွင်ရဲ့ ပိုက်ဆံ​တွေကို သုံး​နိုင်လိုက်ပြီ ဟားဟားဟားဟား!!! နှာဘူး​ကောင်ရဲ့ပိုက်ဆံ​တွေကိုဖြုန်းတီးကြမယ်~

လုချင်းယွင်ရဲ့စိတ်ထဲမှာ မ​ကောင်းတဲ့အ​ငွေ့အသက်​တွေရ​နေတယ်

~ဒီမိန်းမက အဖိုးထက်​တောင် ဆက်ဆံရခက်​သေးတယ်~

လုချင်းယွင်ရဲ့ကတ်ထဲက ဒေါ်လာဆယ်သန်း​​​လောက်သုံးပြီးတဲ့​နောက်မှာ ရှီရှန်းက သူမရဲ့အခန်းကို ပြန်လာလိုက်တယ်

~ဒီ​လောက်ပိုက်ဆံက ဘာမှမ​ပြောပ​လောက်ဖူး ငါဒီ​ကောင့်ဆီက 10ဘီလံယံ​လောက်သုံးပစ်လိုက်သင့်တာ ဘယ်​လောက်​တောင်နှ​မျောဖို့​ကောင်းလိုက်လဲ~

~ဒီတာ၀န်ပြီးဆုံး​အောင် ငါဘယ်​လောက်ထိသုံးဖို့ကျန်​သေးလဲ မသိဘူး~

တာ၀န်အ​ကြောင်းကို​တွေးမိလိုက်တဲ့အခါမှာ ရှီရှန်းက စိတ်ဓါတ်ကျသွားတယ်

သူမက စိတ်ပြန်တက်ကြွလာတဲ့အခါမှာ internet​ပေါ်တက်ပြီး​တော့ ရှရွှမ်းအ​ကြောင်း​တွေရှာလိုက်တယ်

~ရှရွှမ်းက ဒီရက်ပိုင်းမှာ ပြသနာ​တွေအများကြီးကြုံခဲ့ရပြီးပြီ အဲ့ဒါ​ကြောင့်ဒီအချိန်ကသာ သူမကို ဒုက္ခ​ပေးဖို့အချိန်​ကောင်းပဲ~

လို့ ရှီရှန်းက ​တွေးတယ်.

မကြာခင်မှာပဲ ရှီရှန်းက သူမရဲ့ လက်စား​ချေခြင်းလုပ်ငန်းကိုစတင်​တော့တယ်

ရှီရှန်းက ဒီရက်ပိုင်းမှာ စိတ်​ပျော်ရွှင်မ​နေဘူး အဲ့ဒါ​ကြောင့် သူများ​တွေကိုပါ သူမနဲ့အတူ စိတ်ဒုက္ခ​ရောက်​စေချင်တယ်

~အခက်အခဲ​တွေဆိုတာမျှ​ေ၀သင့်တယ်​လေ~

ရှရွှမ်းကအိမ်ပြန်ရောက်နေပြီ.သူမကထိခိုက်ဒဏ်ရာအများကြီးရခဲ့တာမဟုတ်ဘူး.ပွန်းပဲ့ရာအနည်းငယ်လောက်ပဲရခဲ့တာ.

သူမကရှီရှန်းကို အခက်တွေ့အောင်လုပ်ဖို့သာဒဏ်ရာပြင်းထန်တဲ့ပုံ ဟန်ဆောင်ချင်နေတာ.ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကိစ္စဖြစ်လာမယ်လို့ သူမမမျှော်လင့်ထားဘူး.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Nơi câu chuyện tồn tại. Hãy khám phá bây giờ