ရှီရှန်းက ဆိုဖာ​ပေါ်မှာ မအီမသာ နဲ့ထိုင်​နေတယ်.သူမရဲ့​အ​ရှေ့မှာထိုင်​နေတဲ့အဖိုးက အင်္ကျီခပ်ပွပွကို ၀တ်ဆင်ထားတယ်

​ငွေဖြူ​ရောင် ဆံပင်​တွေနဲ့ အဖိုးလုက ကြင်နာတတ်ပုံ​ပေါ်ပေမယ့် သူ့ရဲ့ထက်မြက်တဲ့မျက်လုံး​တွေကအရာရာကိုထွင်း​ဖောက်မြင်နိုင်​နေသလိုပဲ

သူမရဲ့​ဘေးနားမှာထိုင်​နေတဲ့ လုချင်းယွင်က ပြုံး​နေတယ.သူကရှီရှန်းအတွက် စကားစ​ပေးမယ့်ပုံမ​ပေါ်ဘူး

~ချီး!!!​သေစမ်း !!ငါက ဒီမှာ လူကြီး​သူမကိုလာ​တွေ့​နေတာပါ. ဒါကပုံမှန်ပါပဲ ဘာဖြစ်လို့ အရမ်းခက်ခဲ​နေသလိုခံစား​နေရတာလဲ~

"မိန်းက​လေးကျန်းက အနုပညာရှင်မလား "

အဖိုးလုရဲ့မြင့်မြတ်တဲ့အရှိန်အ၀ါနဲ့ အသံ​ကြောင့် ရှီရှန်းက ဖိအား​ပေးခံရသလိုဖြစ်သွားတယ်

~ဖာ့ခ်!!! ​မြေ​ခွေးအိုကြီး~

ရှီရှန်းက စိတ်ထဲက​နေ ဆဲဆိုလိုက်တယ်

သူမကပြုံးပြီး​တော့ပြန်​ဖြေတယ်

''သရုပ်​ဆောင်တယ်ဆိုတာက အဓိကအလုပ်မဟုတ်ပါဘူး "

"အို ... မိန်းက​​လေးကျန်းမှာ တခြားအဓိကအလုပ်ရှိ​သေးတာလား "

~ဒီအမျိုးသမီး​လေးက အဲ့​လောက်မရိုးရှင်းဘူး တခြားမိန်းက​လေး​တွေသာ သူမ​နေရာမှာဒီလိုအ​မေးခံရရင် ပြယာခတ်ကုန်ကြ​လောက်ပြီ~

ရှီရှန်းရဲ့ စကားအ​ပြောအဆိုတတ်မှု​ကြောင့် အဖိုးလုကသူမကို ပိုသ​ဘောကျသွားတယ်

''အပြင်လူ​တွေနဲ့ စပ်ယှက်ထားတာ မဟုတ်​ပေမယ့် စီးပွား​ရေးလုပ်ငန်း​လေးတစ်ခုကို မကြာ​သေးခင်က စလုပ်​နေပါတယ် ဒါ​ပေမယ့် အဖိုးလုနဲ့ယှဥ်မယ်ဆိုရင် ဖုန်မှုန့်​သေး​သေး​လေး တစ်ခုစာ​လောက်ပဲရှိမှာပါ "

အဖိုးလုရဲ့​မေးခွန်းကို ရှီရှန်းက လိမ္မာသားပါပါ​ဖြေလိုက်တယ်

သူက ရှီရှန်းအ​ကြောင်းကိုသိရ​လေ​​လေ သူမကို ပိုပြီးသ​ဘောကျလာ​လေ​လေပဲ

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now