"​ရှောင်၀မ်..လုချင်းယွင်မင်းကိုရှာ​နေတယ် "

သူက အခန်းတံခါး၀မှာရပ်​နေရင်းနဲ့ရှီရှန်းကို​ခေါ်လိုက်တယ်

~ငါမသွားချင်ဘူး​နော် နဲနဲ​လေးမှသွားချင်စိတ်မရှိဘူး~

"၀ါး......​ချောလိုက်တာ"

ဖန်ကျင်းယွီက လုချင်းယွင်ကို အရင်ဆုံးမြင်လိုက်သူဖြစ်ပြီး​တော့ သူ့ရဲ့မျက်လုံးထဲမှာ အသဲပုံ​တွေ​ပေါ်လာတယ်

~ဘယ်လိုလူကဒီ​လောက်ထိ​ချော​နေနိုင်ရတာလဲ~

"အသားလုံး​လေး မင်းကငါမရှိတုန်း ​ကောင်​လေးရသွားတာလား"

ဖန်းလီချိုးရဲ့မျက်နှာအမူအရာကလည်းအသည်းအသန်ဖြစ်​နေပြီး အခုချက်ချင်းပဲရှီရှန်းကို ထရိုက်​တော့မယ့်ပုံ​ပေါက်​နေတယ်

"အသားလုံး​​လေး မင်း ဒီ​လောက်​ချောတဲ့ ရည်းစားကိုရှာထားတယ်​ပေါ့ ကြည့်စမ်း သူက မင်းထက်​တောင်ကြည့်​ကောင်း​နေ​သေးတယ် မဟုတ်မှလွဲ​ရော မင်းကသူ့လိုအလှ​လေး​ကို စပွန်ဆာ​ပေးပြီးအမ်းထားတာလား မဟုတ်ဖူး!!!အဲ့လိုမလုပ်ရဘူး အသားလုံး​လေး ဒီလိုအဓိပ္ပါယ်မရှိတဲ့ကိစ္စ​တွေမလုပ်ရဘူး "

ရှီရှန်း "........."

'​

~သောက်ချီးကိုအမ်း!!!ငါ​ကလည်းအဲ့လိုမျိုး​တွေ မလုပ်ချင်​နေပါဘူး​နော် ဒီအ​ကြောင်းကြီးကို​ကျေးဇူးပြုပြီး ဆက်မ​ပြောပါ​တော့နဲ့လား မဟုတ်ရင်ငါ​လေး ငိုချမိ​တော့မယ် ~

ရှီရှန်းက သူမရဲ့ထိုင်ခုံက​နေထရပ်ပြီး သူ့ဆီကို​ လျှောက်သွားကာbပြုံးပြလိုက်တယ်

"ရှင်ဘာလိုချင်လို့လဲ"

သူကအခန်းတံခါးပိတ်ပြီး အပြင်ကိုထွက်​ပြေးသွားတဲ့စုရီရှိုးကို တစ်ချက်ကြည့်ရင်း ရှီရှန်းကိုပြန်​ဖြေလိုက်တယ်

"လူတစ်​ယောက်ကို ကိုယ်နဲ့အတူလိုက်​တွေ့​ပေး"

.........

လုချင်းယွင်က သူမကို သူ့ရဲ့အဖိုးဆီကို​ခေါ်သွားမယ်လို့မ​မျှော်လင့်ထားဘူး

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now