သူမကကုမ္ပဏီရဲ့ကြင်နာတတ်သူလေးပေါ့။
"အမမန်...အမမန်...ဒီနေ့ကုမ္ပဏီကိုလာတယ်ပေါ့။အမဒီနေ့ရိုက်ကူးရေးပြီးပြီလား"ရှမန်ဆီမှာလူတွေဝိုင်း၀ိုင်းလည်​​နေတယ်။
"အမမန် ဆီကျွန်မလာတုန်းကအမအဲမှာမရှိခဲ့ဘူးသိလား"
"အမမန်..ကျွန်မတို့အလုပ်တော်တော်ကြိုးစားနေတာကြာပြီ။ဘယ်တော့မှအမနဲ့အလုပ်တွဲလုပ်ရမှာလဲ"

ရှီရှန်းကရှမန်ရောက်ပြီးခနနေတော့ရောက်လာတယ်။သူမဝင်လာတော့ပထမဆုံးတွေ့လိုက်ကတာကရှမန်ကိုလူတွေဝိုင်းနေတာကိုပဲ။သူမဝင်လာတော့အဲဒီမိန်းကလေးတွေအကုန်လုံးကငြိမ်သွားတယ်။ရှမန်က
ဂန်းစတားပုံစံဖြစ်နေတဲ့ရှီရှန်းကိုလှည့်ကြည့်လိုက်တယ်။သူမကအနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ထားပြီးနေကာမျက်​မှန်တပ်ထားတယ်။ဆံပင်ကုတ်ဝဲနဲ့သူမရဲ့ပုံစံကလုံးဝကိုအမိုက်စားဖြစ်နေတယ်။အခြားမိန်းကလေးတွေကသူမရဲ့အရှိန်အဝါကြောင့်ရှိန်သွားကြတယ်။ခနနေတော့ရှီရှန်းကသူမရဲ့မျက်မှန်ကိုချွတ်ပြီးစိတ်ညစ်စွာပြောနေတယ်
"နင်က​ရောဒီကိုရောက်နေပြန်တာလား"
ရှီရှန်းကအ​ပြောင်းအလဲမြန်တတ်တယ်ဆိုတာကိုရှမန်က ရိုး​နေပြီဆို​ပေမယ့် အခြားမိန်းကလေးတွေကတော့ ထူးဆန်းနေတုန်းပဲ။
'နတ်ဘုရားမတစ်ယောက်လိုလှပတဲ့သူကအချိန်ခနအတွင်းမှာအရူးမတစ်ယောက်ပုံစံ​ပြောင်းသွားတတ်တာကို မင်းဆိုရင် ဘယ်လို​နေမလဲ'
"အကိုထန်းကငါ့ကိုလာဖို့​ခေါ်ထားတာ။သွားကြစို့။မင်းတို့တွေအလုပ်ကြိုးစားကြနော်"ပထမပြောလိုက်တဲ့စကားကရှီရှန်းကိုပြောတာဖြစ်ပြီးဒုတိယတစ်ခုကသူမနားမှာဝိုင်းနေတဲ့မိန်းကလေးတွေကိုပြောတာဖြစ်တယ်။မိန်းကလေးတွေကခေါင်းငြိမ့်လိုက်တယ်
"ပျော်လိုက်တာ။အမမန်ကအကောင်းဆုံးပဲ..အမမန်ကငါတို့ကိုအလုပ်ကြိုးစားဖို့ပြောတယ် ငါတို့ကြိုးစားရမယ်"
ထန်းရင်းနဲ့CEOတို့ကသူမတို့ကိုစောင့်နေကြတယ်။ရှီရှန်းကရောက်လာတာနဲ့CEOရဲ့ကွန်ပြူတာကိုသုံးတော့တယ်ထန်းရင်းနဲ့CEOကရရှီရှန်းကိုကြောင်ပြီးကြည့်နေတယ်။~
သူပိုက်ဆံရှာတာကလွဲပီးဘာလုပ်စရာရှိသေးလို့လဲသူမအတွက်အခြားအရေးကြီးတာတစ်ခုခုဆိုရင်​တော့တစ်မျိုး​ပေါ့လေ~
ထန်းရင်းနဲ့ရှမန်ကတော့ကုမ္ပဏီရဲ့ဘယ်နေရာတွေမှာတိုးတက်နေတယ်ဆိုတာကိုဆွေးနွေးနေပြီးနောက်ဆုံးမှာရှီရှန်းရဲ့အကြံညဏ်ကိုမေးလိုက်တယ်
ကုမ္ပဏီရဲ့ဒီအသင်းကတိုးတက်မှုရှိတယ် လူထုကိုချပြလိုက်လို့ရပီ,ရှောင်ဝမ်...မင်းအခုလုပ်နေတဲ့ အစီအစဥ်က​ရောဘယ်လိုလဲ  မင်းတို့လူထပ်ခေါ်မယ်လိုကြားတယ်။သူတို့ကိုထည့်လိုက်လို့ရမလား "
" ဘာလို့ငါပဲလဲ...ဒီအစီအစဥ်ကဘယ်လောက်တောင်ခက်လဲသိလား။သူတို့ကိုပွဲမစခင်မှာရှုံးစေချင်နေတာလား."
ထန်းရင်"...",
."မင်းဒီထက်ပိုပြီးအကောင်းမြင်ပေးလို့မရဘူးလား"
CEO"......".
.,'ဒီသူ​ဌေးကိုတော့ငါနားမလည်နိုင်​တော့ဘူး '
"အဲလိုမဟုတ်ဘူးလေရှောင်ဝမ်ကလည်း..ဒီပွဲကလူတွေအများကြီးကိုဆွဲဆောင်နိုင်မှာလေသူတို့ကလည်းဒီပွဲအတွက်ပဲကြိုးစားနေကြတာကို...မဟုတ်ဘူးရင်သူတို့ဘာလို့ဒီလောက်ကြိုးစားနေမှာလဲ"
ရှမန်ကတည်တည်ငြိမ်ငြိမ်နဲ့ပြန်ပြောလိုက်တယ်။
"ဒါမတရားပါဘူးနော်။"
ရှီရှန်းကမကျေမနပ်နဲ့ပြောလိုက်တယ်။
"ငါတုန်းကတော့ဒီပွဲအတွက်ကြိုးစားလိုက်ကတာ။သူတို့ကကြတော့လွယ်လွယ်လေးပွဲဦးထွက်မယ်ပေါ့။ငါကြားမိတာကတော့သူတို့ဒီအစီအစဥ်အတွက်စပွန်ဆာရှာနေတယ်ဆိုပဲ"
"အာ..ရှောင်မန်..မင်းအခုသရုပ်ဆောင်နေတဲ့ဇာတ်ကားကဘယ်လိုလဲ"
ထန်းရင်းက စကားလမ်း​ကြောင်းပြောင်းပြောလိုက်တယ်။အကယ်၍သူသာဆက်ပြောခိုင်းနေမယ်ဆိုသူမအဲ့အစီအစဥ်ကိုစပွန်ဆာပေးဖို့လုပ်တော့မှာ။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now