ရှီရှန်းကအစည်းအဝေးပွဲမှာပြောတာ​တွေအားလုံးက
'ငွေသုံးကြမယ်။ငွေထပ်သုံးကြမယ်။ငွေပိုပြီးထပ်သုံးကြမယ်ဆိုတာပဲ'
နိုင်ငံခြားက​ခေါ်လာတဲ့ကျွမ်းကျင်ပညာရှင်CEO"........"
ဒီလိုသူ​ဌေးမျိုးနဲ့လူတိုင်းကအလုပ်လုပ်ဖို့ဆိုတာ၀န်ထမ်းတိုင်းရဲအိမ်မက်ပဲ'
ထန်းရင်းကတော့ရှီရှန်းရဲ့တည့်တိုးဆန်မှုကိုအသားကျနေပြီဖြစ်တယ်။
ရှီရှန်းဘယ်လောက်ပဲဖြုန်းဖြုန်း​ကုမ္ပဏီကတော့ငွေပြတ်မှာမဟုတ်ဘူးဆိုတာသူသိတယ်။
~တစ်ခုခုလိုချင်တယ်မလား။ငွေသာပေးလိုက်။ပွဲတစ်ခုရဲ့ဇာတ်ဆောင်နေရာလိုချင်တယ်မလား စပွန်ဆာသာပေးလိုက်။~
ကုမ္ပဏီကအရင်းအနှီးတွေရှိတယ်ဆိုပေမဲ့စည်းကမ်းတွေကတင်းကြပ်တယ်။ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့လူတိုင်းကကိုယ်တိုင်စည်းကမ်းလိက်နာကကြရပြီးကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်ရမယ်။
ပြီးတော့ကုမ္ပဏီထဲကလူနဲ့ရန်မဖြစ်ရဘူး။အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီးစည်းလုံးကြရမယ်။သူတို့မှာပိုပြီးအရည်အချင်းရှိလေ​လေ ရလာမယ့်အကျိုးအမြတ်များ​လေလေဖြစ်တယ်။ကုမ္ပဏီရဲ့ညီမျှတဲ့ဆက်ဆံမှုနဲ့အခွင့်အရေးတွေကြောင့်ကုမ္ပဏီနဲ့စာချုပ်ချုပ်တဲ့အနုပညာရှင်တွေများလာတယ်။ပြီးတော့ကုမ္ပဏီမှာပဋိပက္ခဖြစ်တာတွေမရှီဘူး။ရှီရှန်းနဲ့ရှမန်က​ရှေ့က​နေဦး​ဆောင်ပြီးကိုယ်တိုင်​တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေဝေမျှပေးတယ်။
ရှီရှန်းရဲ့ပုံစံကပေါင်းရသင်းရဲ့လွယ်ကူပုံပေါက်ပေမယ့်တကယ်ပေါင်းကြည့်ရင်သူမကထင်ထားသလိုချစ်စရာကောင်းတဲ့သူမဟုတ်ဘူး
သူမတစ်ကိုယ်လုံးကဆူးတွေလွှမ်းခြုံထားသလိုပဲသူမစိတ်မပျော်ရွှင်ဘူးဆိုရင်အခြားသူကိုလည်းမပျော်ရွှင်အောင်လုပ်နိုင်တယ်။သူမကိုရန်သွားမစဘူးဆိုရင်တောင်သူမကစိတ်အနှောက်အယှက်ပေးနိုင်တယ်။ဘာလို့လဲဆိုတော့သူမကကုမ္ပဏီရဲ့ပထဦးဆုံးအနုပညာရှင်ဖြစ်ပြီးဒုတိယအဆင့်ကိုရောက်တော့မယ့်တတိယအဆင့်အနုပညာရှင်ဖြစ်တယ်။ဘယ်သူကမှသူမနဲ့ရန်မဖြစ်ချင်ကြဘူး။တစ်ခါတစ်လေမှာကုမ္ပဏီကသူမကိုလူတွေနဲ့တွေ့ဆုံခိုင်းတယ်။သူမရဲ့မျက်နှာကအမြဲတမ်းတင်းမာနေပြီးသူမရဲ့သရုပ်ဆောင်တွေကိုရန်လာစရင်တော့ပြန်ကလဲ့စားချေတတ်တယ်။ရှမန်ကတော့သူမနဲ့မတူဘူး။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now