"ရှမန်ငါ့အမှားပါဟာ။ဟုတ်ပြီလား။စိတ်မဆိုးပါနဲ့။ဆေးရုံကိုအရင်သွားကြမယ်။မိန်းကလေးတစ်ယောက်ရဲ့မျက်နှာမှာအမာရွတ်ကျန်ခဲ့ရင်မကောင်းဘူးလေ"ရှရွှမ်းကအမတစ်ယောက်အနေနဲ့ရှမန်ကိုစိုးရိမ်နေတဲ့ပုံစံဖမ်းနေခဲ့တယ်။သူမပုံစံကအခုချက်ချင်းကိုအကယ်ဒမီဆုရကတော့မယ့်အတိုင်းပဲ။
ရှီရှန်းကအဲဒီ​နေရာက​နေထွက်သွားမလို့လုပ်​နေတုန်းမှာထန်းရင်းကလူအုပ်ထဲကနေထွက်လာပြီးတော့ရှမန်ကိုသွားကူညီလိုက်တယ်။သူ့ရဲ့မျက်နှာကအမူအယာကင်းမဲ့နေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့အေးစက်နေတယ်။
"မိန်းက​လေးရှ...ဒါကလူမြင်ကွင်းကြီးမှာပါ။ဒီလောက်လူတွေအများကြိးကိုမင်းဂရုစိုက်သင့်တယ်။ပတ်ဝန်းကျင်ရဲ့အာရုံစိုက်မှုကိုလိုချင်နေတဲ့အကြောင်းရင်းကဘာလို့ပါလဲ
"ထန်းရင်စကားလုံးတွေကနည်းနည်းလေးမှမညင်သာဘူး။ဒီလူတွေအများကြီးကပါးစပ်လုံမယ်ထင်နေတာလား။ဒီအချိန်ခနလေး​အတွင်းမှာတင်သူတို့ကဖြစ်နိုင်ခြေရှိတာတွေအကုန်တွေးပြီးနေလောက်ပြီ။ရှရွှမ်းကလူတွေရဲ့အကြည့်တွေပြောင်းလာတာကိုသတိထားမိတယ်။သူမနှလုံးသားထဲမှာမုန်းတီနေပေမဲ့အပြင်ဘက်မှာတော့နွေးထွေးပြီးကြင်နာတတ်တယ်အမတစ်ယောက်ပုံစံရှိ​နေတုန်းပဲ
"..ဒီက အစ်ကို.ကျွန်မကသူ့အမပါ။သူမကိုဒဏ်ရာကုဖို့ဆေးရုံကိုခေါ်သွားချင်ယုံလေးပါ။အခြားဘာရည်ရွယ်ချက်မျမရှိပါဘူး။ပြီးတော့မိန်းကလေးတစ်ယောက်ရဲ့မျက်နှာပေါ်မှာအမာရွတ်ကျန်ရင်မကောင်းဘူးလေ"
ရှမန်ကစိတ်ထဲမှာတော့အေးစက်စွာရီနေလိုက်တယ်။ဒီမိန်မကငါ့ကိုကူညီသလိုလိုနဲ့သေစေချင်နေတာပဲ
~ဘယ်လောက်တောင်စိတ်ပျက်စရာကောင်းလိုက်လဲ~
ရှမန်ကရှီရှန်းကိုတွေ့တဲ့အချိန်မှာရှရွှမ်းကိုတွန်းထုတ်လိုက်ပြီးထန်းရင်းကိုပြောလိုက်တယ်"သွားရအောင်"ထန်းရင်းကသူမကိုတွဲပြီးတံခါးဘက်ကိုလျှောက်လာခဲ့တယ်။
"ရှောင်မန်...."ရှရွှမ်းကရှမန်ကိုထပ်ဆွဲတယ်။"နင်သရုပ်ဆောင်ဖြစ်ချင်နေတယ်လို့ငါကြားတယ်။ငါ့မှာနင့်အတွက်ဇာတ်ညွှန်းနည်းနည်းရှိတယ်။နင်လိုချင်ရင်ပေါ့..."
ရှမန်ကသူမလက်ကိုဖယ်ထုတ်လိုက်တယ်
"ဟုတ်လား။ရှင်ကစဥ်းစားတတ်လိုက်တာ။ဝမ်းနည်းစရာပဲ...ကျွန်မမလိုဘူး။"
"ရှမန်...ဒါမင်းအမကိုပြောဆိုဆက်ဆံရမယ့်ပုံစံလား"
အနောက်ကနေကျယ်လောင်တဲ့အသံထွက်ပေါ်လာတယ်။အရပ်ရှည်ပြီးခန့်ညားတဲ့ရှီမိုကလူအုပ်ထဲကနေထွက်လာတယ်။သူ့ရဲ့ခန့်ညားတဲ့မျက်နှာကမဲမှောင်နေတယ်။အထူးသဖြင့်ထန်းရင်းကရှမန်ကိုတွဲပေးထားတာမြင်တဲ့အခါမှာပေါ့။လူသတ်ချင်နေတဲ့အငွေ့အသက်ကသူ့နားမှာပျံနှံ့နေတယ်။အဲတာကြောင့်လူတွေကသူ့ကိုရှောင်ဖယ်သွားကြတယ်။
ရှမန်ကရှီမိုကိုတွေ့တဲ့အချိန်မှာသူ့ရဲ့ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့မျက်နှာကပိုပြီးဖျော့သွားတော့တယ်။ဒါပေမဲ့သူမအားမွေးပြီးတော့ရှီမိုနဲ့မျက်လုံးချင်းဆုံလိုက်တယ်။မျက်နှာအရင်လွှဲတဲ့သူကအရှုံးပဲ
"မင်းရဲ့အမကိုတောင်းပန်ပါ"ရှီမိုကခက်ထန်တဲ့မျက်နှာနဲ့ပြောလိုက်တယ်။
"တောင်းပန်ရမယ်...ဘာအတွက်လဲ"
ရှမန်ရဲ့အသံကအနည်းငယ်တုန်ခါနေတယ်။
"အားမို,ရပါတယ်။သူကငါ့ရဲ့ညီမလေးပါ။"ရှရွှမ်ကရှီမိုကိုသဘောထားကြီးတဲ့အမပုံစံနဲ့ပြောနေတယ်။သူမပုံစံကရှမန်ကဘဲရှရွှမ်းဘာမှမလုပ်ဘဲအပြစ်ပြောနေတဲ့ပုံစံပေါက်နေတယ်။သူ့ရဲ့ညီမကပြသာနာရှာနေပြီးအမကဖြေရှင်းပြီးခွင့်လွှတ်ပေးနေတဲ့ပုံစံမျိုးဘယ်လောက်တောင်သဘောထားကြီးလိုက်ပါလိမ့်။

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now