Story continues below

ဒါ​ပေမယ့် ရှီရှန်းက​တော့ ယုံကြည်မှုရှိရှိနဲ့ ပြုံးပြုံး​လေးပဲ​ပြောတယ်

"ဟုတ်တယ်...ကျွန်မတို့​စောင့်ရမယ် "

ထန်းရင်းက​တော့ စိတ်ဖိစီးလွန်းလို့​အော်ထုတ်မိ​တော့မတတ်ပဲ

~ ဒီမင်းသမီးက ငါ့ကိုဒုက္ခ​ပေးဖို့လာတာမဟုတ်ဖူးဆိုတာ ​သေချာရဲ့လား~

ရှီရှန်းက ​စောင့်ဖို့​ပြော​ပြီး​တော့  ရက်အ​တော်ကြာ​အောင် ​ပျောက်ချက်သား​ကောင်း​နေတယ်

သူမရဲ့​အေးဂျင့်ဖြစ်တဲ့ ထန်းရင်းက လုပ်စရာမရှိတဲ့အတွက် ပျင်းလွန်းလို့​​သေ​တော့မလိုပဲ

၁လ​လောက်ကြာတဲ့အခါမှာ လူ​တွေကထန်းရင်း အ​ကြောင်းအတင်းအဖျင်း​ပြော​နေကြတာကို ကြားတဲ့အချိန်မှာvရှီရှန်းက သူမရဲ့တိုက်ခန်းထဲက​နေထွက်လာပြီး companyကိုလာတယ်

*ကျစ်*

~ငါမရှိတဲ့၁လအတွင်းမှာ ထန်းရင်းက ဘာမှမတိုးတက်လာ​သေးဘူးပဲ~

Company​ရှေ့မှာ လူ​တွေကအတင်းအဖျင်း​ပြော​နေကြတယ်

"ထန်းရင်းကို ထန်းမိသားစုက က​လေးလို့ မထင်ထားခဲ့ဘူး သူက သူတို့နဲ့လည်းရုပ်မတူဘဲနဲ့....."

"ထန်းမိသားစုတဲ့လား...ဘယ်ထန်းမိသားစုလဲ"

"ဘယ်ထန်းမိသားစုဖြစ်ရအုံးမှာလဲ....."

"တကယ်လို့နင်က အတင်းအဖျင်းစကား​တွေကြားချင်တယ်ဆိုရင် အထဲမှာသွားပြီးစုံစမ်း​လေ ဘာကိစ္စ အပြင်မှာရပ်ပြီး သူများ​ပြောတာနား​ထောင်​နေတာလဲ"

ရှီရှန်းက အတင်းအဖျင်းစကား၀ိုင်းထဲကို ၀င်​ပြောလိုက်တယ်

"နင်ရူး​နေလား ထန်းမိသားစုရဲ့ အကြီးဆုံးမမ​လေးထန်းက companyမှာရှိ​နေတယ်​လေ"

ရှီရှန်းရဲ့စကားကိုပြန်​ဖြေလိုက်တဲ့​ ကောင်မ​လေးက ​နောက်ကိုသံသယဖြစ်စွာလှည့်ကြည့်လိုက်တယ်

ရှီရှန်းကို မြင်လိုက်တဲ့အခါမှာ​တော့ လန့်သွားပြီး သူမ​ဘေးနားကလူ​တွေကိုပါ လက်နဲ့တို့လိုက်တယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Tahanan ng mga kuwento. Tumuklas ngayon