လင်းရှန်းရှန်းနဲ့ကိစ္စကမြန်မြန်ဆန်ဆန်ဖြေရှင်းပြီးပြီဆိုပေမဲ့ရှီရှန်းကပြောရဲတယ်
မီလန်ကသေသေချာချာစိတ်ဝင်တစားဖြေရှင်းခဲ့တာမဟုတ်ဖူးဆိုတာ
ကျန့်၀မ်ရဲ့နာမည်ဆိုးကိုလုံးဝပျောက်ဖို့အတွက်ဘာမှမလုပ်ပေးခဲ့ဘဲနဲ့ဒီကိစ္စကိုဖြေရှင်းဖို့အတွက်အခြားတစ်ယောက်ရဲ့သတင်းတစ်ခုကိုသုံးခဲ့တာဆိုတာ
ရှီရှန်းကအခုသူမသတုံးဖန်းentertainmentကနေထွက်သွားချင်တာသေချာသွားပြီ
စာချုပ်ချုပ်ထားတာက၃နှစ်ဖြစ်ပြီးတော့အခုမှနှစ်ဝက်ပဲကုန်သေးတယ်
နှစ်နှစ်နဲ့တစ်ဝက်ကျန်သေးတယ်အကယ်၍သူမသာအခုနှုတ်ထွက်မယ်ဆိုရင်သူမမတတ်နိုင်တဲ့လျော်ကြေးကိုပေးရမှာ
"ငါမြန်မြန်ချမ်းသာချင်နေပြီ"

......
နောက်တစ်နေ့မှာရှီရှန်းကကုမ္ပဏီကခန့်ထားတဲ့နောက်ထပ်အေးဂျင့်တစ်ယောက်ကိုတွေ့လိုက်တယ်
"မစ္စကျန့်..ခင်ဗျားကမီလန်ရဲ့အောက်ကသရုပ်ဆောင်ပဲသူမရဲ့အရည်အချင်းတွေပြောဆိုဆက်ဆံမှုတွေကအကောင်းဆုံးပဲဟာကို
ဘာလို့ကျွန့်တော့်လိုအသစ်ပြောင်းလာတဲ့အေးဂျင့်ဆီဝင်ချင်ရတာလဲ"
လို့အေးဂျင့်ကသူ့ရဲ့သနားစဖွယ်နောက်ခံအကြောင်းကိုပြောလိုက်တယ်
"ငါကကိုယ့်တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်တဲ့အေးဂျင့်ကိုလိုချင်တာ"
သူမကအခုချက်ချင်းကြီးတုံးဖန်entertainmentကထွက်သွားလို့မှမရတာ တခြားအစီအစဥ်ဆွဲရတာပေါ့။သူမမီလန်ကိုတော့ဆက်မသုံးချင်ဘူးလေ
"မိန်းက​လေးကျန်းက
ကျွန်​တော့်လို​အေးဂျင့်အသစ်က
မီလန်ဆီကသရုပ်ဆောင်ကိုလုယူနိုင်မယ်လို့ဘာလို့များထင်နေတာပါလိမ့်"လို့သူ   ထုတ်​ဖော်မပြောပေမဲ့သူ့ပုံစံကသက်သေပြနေတယ်
ရှီရှန်းကပြုံးလိုက်ပြီးပြတ်သားတဲ့လေသံနဲ့"ငါမင်းကိုယုံတယ်မင်းလုပ်နိုင်မှာပါ"လို့ပြောလိုက်တယ်

​အေးဂျင့်ကခေါင်းကိုအသာမော့လိုက်ပြီးရှီရှန်းကိုကြည့်လိုက်တယ်
သူမရဲ့မျက်လုံးကတွေဝေမှုမရှိပဲတည်ငြိမ်နေပြီးအရာအားလုံးကိုချုံကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာကခက်ထန်နေတယ်
~ကုမ္ပဏီကိုဝင်တာတစ်လတောင်မပြည့်သေး​တဲ့​အေးဂျင့်​ပေါက်စတစ်​ယောက်က
မီလန်လိုအ​တော်ဆုံး​အေးဂျင့်ဆီကနေသူမကိုလုယူနိုင်မယ်လို့ဘယ်အရာကများ ယုံကြည်​စေပါလိမ့်~
သူကမျက်မှန်ကိုတွန်းတင်လိုက်ပြီးမေးလိုက်တယ်
"မိန်းက​လေးကျန်းမှာဘယ်လိုအစီအစဥ်ရှိနေလို့မင်းကိုလုယူဖို့ကျွန်တော့်ကိုစည်းရုံးနိုင်မှာလဲ"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now