သေချာပြန်​တွေးကြည့်လိုက်တဲ့အခါမှာ မသင်္ကာစရာအချက်​တွေအများကြီးရှိ​နေတာကို​တွေးမိလိုက်တယ်

~ငါသိပြီ...စုရီရီပဲ စုရီရီကသာ ရွှီချန်ယွဲ့ကို လိုက်ပြီး ​ချောက်ချ​နေခဲ့တာပဲ ~

စုရီရီအ​ကြောင်းကိုစဥ်းစားမိတဲ့အခါမှာ အားနန်ရဲ့မျက်နှာက အစိမ်း​ရောင်​ပြောင်းသွားခဲ့တယ်

....၃နှစ်ကြာတဲ့အခါမှာ ရှီရှန်းရဲ့စီးပွား​ရေးလုပ်ငန်းက ချူးထန်နဲ့ စိန်ခေါ်ထားတဲ့ပမာဏကို​ရောက်လာခဲ့တယ်.အဲ့ဒီအချိန်မှာ​တော့ ချူးထန်က ရှီရှန်းနဲ့သ​ဘောတူညီချက်ကို လိုက်နာခဲ့ပြီး နှစ်ဖက်မိဘနဲ့ မျက်​မြင်သက်​သေ​တွေ​ရှေ့မှာ သူမကို လက်ထက်ခွင့်​တောင်းခဲ့တယ်​.

စေ့စပ်ပွဲက​နေ မင်္ဂလာပွဲ​နေ့အထိ အရာရာအားလုံးက အဆင်​ပြေ​ချော​မွေ့​နေခဲ့တယ်.သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးက အရမ်းကိုခိုင်မြဲပြီး ချူးထန်ဆီမှာ ရှီရှန်းကလွဲလို့တစ်ခြားမိန်းက​လေး မရှိဘူး.

ချူးထန်က ပွဲတိုင်းကို ရှီရှန်းနဲ့အတူသွားပြီး အတူပြန်ကြတယ် ရှီရှန်းအ​ပေါ်မှာရှိတဲ့ ချူးထန်ရဲ့ ကြင်နာမှု​တွေ​ကြောင့် များစွာ​သောလူ​တွေရဲ့ အားကျမှု မနာလိုမှု​တွေနဲ့ရင်ဆိုင်ရတယ်.ဒါ​ပေမယ့် သူတို့နဲ့ နီးကပ်တဲ့လူ​တွေက​တော့ အဲ့ဒါ​တွေက အပြင်ပန်း အမူအရာ​တွေသာဖြစ်ပြီး​တော့ လက်​တွေ့မှာ​တော့ တစ်ချိန်လုံး သတ်​နေကြတဲ့ ဇနီး​မောင်နှံမှန်းသတိထားမိကြတယ်.1

ရွှီချန်ယွဲ့ရဲ့မိဘ​တွေက သူတို့ရဲ့​ ​နောက်ဆုံးအချိန်ထိ သူမတို့ဇနီး​မောင်နှံနဲ့ ​ပျော်ရွှင်စွာ​နေထိုင်သွားခဲ့တယ်.သူတို့အတွက်တစ်ခုထဲ​သောနှ​မြောစရာက ​မြေးမချီလိုက်ရတာပဲ.

နှစ်​ပေါင်းများစွာကြာလို့ ချူးထန် ဆုံးသွားတဲ့အချိန်မှာ ရှီရှန်းက အဲ့ဒီကမ္ဘာက​နေထွက်လာပြီး system space ထဲကိုပြန်သွားခဲ့တယ်.

သူမရဲ့ငယ်ရွယ်တဲ့ရုပ်ရည်ကိုပြန်ရတဲ့အချိန်မှာ ရှီရှန်းက spaceထဲမှာ စိတ်လက်ချမ်းသာစွာ ​ပတ်ကြည့်နေခဲ့တယ်.အရင်တုန်းက သူမကို​ခေါင်းကိုက်​စေခဲ့တဲ့ စာအုပ်ပုံစံ crystalပုံကြီး​ရှေ့မှာ​ရှီရှန်းခြေ​ထောက်ချိတ်ပြီးထိုင်​နေတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now