"မင်းဘာဖြစ်​နေတာလဲ သူမကိုဘယ်လို​တောင် ​ပြောရဲလိုက်တာလဲ "

"ကျွန်မ​ပြောတာ ဘာမှားလို့လဲ"
သူမရဲ့ရည်းစားက သူမကို ဆူ​ငေါက်တဲ့အခါမှာ အားနန်က မျက်နှာပျက်သွားတယ်

"ရှင်သူမကိုကြိုက်သွားတာ​တော့မဟုတ်ပါဘူး​နော်"

သူက​အေးစက်စက်သာရီလိုက်တယ်

"ငါကြိုက်ချင်တာ​ပေါ့ ဒါ​ပေမယ့်သူမက နဲနဲ​လေး​တောင်စိတ်၀င်စားမှာ​မဟုတ်ဖူး မင်းသူမကို ဘယ်သူလို့ထင်​နေတာလဲ သူမကယွမ်ရှန်းလုပ်ငန်းစုရဲ့ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတဲ့ သူရဲ့သမီးပဲ သူမရဲ့ပိုင်ဆိုင်မှု​တွေက တစ်ဘီလီယံထက်​တောင် ပိုတယ် သူမသာငါ့ကိုပြန်ကြိုက်မယ်ဆိုရင် ငါ့မှာရှိသမျှကို​ ကျေ​ကျေနပ်နပ်ကြီး​ပေးဆပ်လိုက်မယ် "

~သူမသာ စိတ်ဆိုးသွားမယ်ဆိုရင် ငါတို့လုပ်ငန်းလည်းအဆုံးသတ်ပြီပဲ~

သခင်​လေးက အားနန်ရဲ့တုံ့ပြန်မှုကို​စောင့်မ​နေ​တော့ဘဲ ထွက်လာခဲ့တယ်.
မိန်းမတစ်​ယောက်အတွက်နဲ့ သူတို့လုပ်ငန်းကို လက်မလွှတ်လိုက်နိုင်ဘူး သူ့အ​​ဖေကသူ့ကိုသတ်လိမ့်မယ်.

အားနန်က ခန​လောက်​ကြောင်​​တောင်​တောင်ဖြစ်သွားခဲ့တယ်.ယွမ်ရှန်းလုပ်ငန်းစုရဲ့ မမ​လေးရွှီအ​ကြောင်းကို သူမကြားဖူးခဲ့ပါတယ်ဒါ​ပေမယ့် အဲ့ဒီမမ​လေးရွှီက ရွှီချန်ယွဲ့ဖြစ်​နေလိမ့်မယ်လို့​တော့ တစ်ခါမှမ​တွေးမိခဲ့ဘူး

~ဒဏ္ဍာရီလာ မမ​လေးရွှီက ရွှီချန်ယွဲ့တဲ့လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ~

အားနန်က online​ပေါ်တက်ပြီး​တော့ search boxမှာ မမ​လေးရွှီအ​ကြောင်းကိုရှာလိုက်တယ်. သတင်း​တွေအများကြီးတက်လာ​ပေမယ့် ပုံ​တွေ​တော့မပါဘူး.ဒါ​ပေမယ့် အ​သေးစိတ်အချအချက်အလက်​တွေအရ မမ​လေးရွှီက သူမသိတဲ့ရွှီချန်ယွဲ့ပဲဆိုတာကိုအတည်ပြုလိုက်နိုင်တယ်.

သူမခုနက​ပြောလိုက်တဲ့စကား​တွေကို ပြန်​တွေးမိလိုက်တဲ့အခါမှာ​တော့ တိုင်နဲ့​ခေါင်းနဲ့သာ​ပြေး​ဆောင့်ပြီး ​သေလိုက်ချင်​တော့တယ်
~ဒါ​ပေမယ့် သူမလို တကယ့်သူ​​ဌေးကြီးတစ်​ယောက်ရဲ့သမီးက ဘာကိစ္စသူများမယားငယ် သွားလုပ်ရမှာလဲ~

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now