အခန်းထဲမှာအလုပ်ရှုပ်​နေကြတဲ့၃​ယောက်ရဲ့အသံ​တွေကိုလျစ်လျူရှုပြီးရှီရှန်းကဖုန်းကိုပြန်​ဖြေလိုက်တဲ့အခါမှာ "​အောက်ထပ်ကိုဆင်းခဲ့"ဆိုပြီးအေး​အေး​ဆေး​ဆေး​ပြောလိုက်တဲ့အသံကိုကြားလိုက်တယ်

ရှီရှန်း"...."
~​သေလိုက်~

ရှီရှန်းကပြတင်း​ပေါက်က​နေလှမ်းကြည့်လိုက်တဲ့အခါမှာ Porsche  တစ်စီးရပ်ထားတာကို​တွေ့လိုက်ရတယ်.ရှီရှန်းကချူးထန်ရဲ့ကားမှန်းမှတ်မိလိုက်တယ်.စိတ်ပျက်စရာကောင်း​အောင်ဆိုးရွားတဲ့ တာ၀န်အတွက် ရှီရှန်းက သူမရဲ့အိတ်ကိုယူပြီးထထွက်ခဲ့လိုက်တယ်


(ချူးထန်ရဲ့ကားပုံစံပါ)

"သူအ​ဆောင်မှာမ​နေ​တော့ဘူးလို့ငါထင်ထားတာ​လေ အခုမှဘာဖြစ်လို့ ဒီကိုပြန်​ပြောင်းလာရတာလဲ"

"ဘယ်သိမလဲ ငါအခန်းထဲကို၀င်လာကတည်း က သူ​ရောက်​နေတာပဲ"
ရှနဥ်ကသူမရဲ့ပုခုံးကိုပင့်ပြီး​ပြောလိုက်တယ်

စုရီရီနဲ့အတူပါလာတဲ့​ကောင်မ​လေးက စက်ဆုပ်ရွံရှာစွာနဲ့ သက်ပြင်းချလိုက်တယ်
"သူ့ကိုတစ်​ယောက်​ယောက်က​တော့ထိန်းသိမ်း​ပေးသင့်​နေပြီ သူကအ​ဆောင်ကို​တော်​တော်နဲ့ပြန်လာတာမဟုတ်ဖူး ပြီးရင်သူ၀တ်တဲ့အ၀တ်အစား​တွေကိုကြည့်ရင်လည်း brand​တွေချည်းပဲ သူရဲ့sponserကစွန့်ပစ်လိုက်လို့ဒီကိုပြန်လာ​နေတာလား"

"နင်တို့ကလည်းဟာ ချန်ယွဲ့ကိုအဲ့လိုမ​ပြောပါနဲ့"
စုရီရီက နူးနူးညံ့ညံ့​လေး​ပြောလိုက်တယ်

"ငါ​ပြောတာဘာမှားလို့လဲ သူ့ကိုကြည့်လိုက်ရင် အလကား​နေရင်းမာနကြီး​နေတာပဲ​လေ ဘယ်သူကသူ့ကိုအထင်မ​​သေးဘဲ​နေနိုင်မှာလဲ"

ရှနဥ်ကပြတင်း​ပေါက်ကိုသွားကြည့်တဲ့အခါမှ ကားပြတင်း​ပေါက်မှန်ကို​ခေါက်​နေတဲ့ ရှီရှန်းကိုမြင်လိုက်ရတယ်

"ဟဲ့ လာကြည့်ကြအုံး  အဲ့ကားက Porsche မဟုတ်လား"

အားနန်နဲ့စုရီရီတို့က ကားကိုမျက်စိကျသွားကြတယ်

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now