ရှီရှန်းကသူတို့နဲ့​နေရတာတကယ်ကိုသ​ဘောကျတယ် 
~ဒါကမိသားစုတစ်ခုမှာရှိရမယ့်ပုံစံပဲ ~

ဒါ​ပေမယ့်  ရွှီသခင်ကြီးလိုပဲ သူမရဲ့အမေကလည်း ချူးထန်ကိုဆွဲ​ဆောင်​နေတာကို သ​ဘောတူအား​ပေးတယ်.
ရှီရှန်းရဲ့စိတ်ထဲမှာ​တော့ ​ပြောစရာစကားမဲ့​နေပြီဖြစ်တယ်.
~ဒါ​ပေမယ့် အ​ကောင်းဘက်က​နေ​တွေးကြည့်ရင်​တော့ ငါ့မိသားစုရဲ့ချမ်းသာကြွယ်၀မှုနဲ့ဆိုရင်  ချူးထန်ကိုမ၀ယ်ထားနိုင်စရာမရှိဘူး~​
နောက်ပိုင်းမှာရှီရှန်းသိလာရတာက​တော့ သူ့မိဘ​တွေကို မနက်ဖြန်ဆိုတာမရှိ​တော့တဲ့ပုံစံအတိုင်း​ငွေကိုရေလို သုံးဖြုန်းတတ်ကြသူ​တွေဖြစ်တယ်ဆိုတာပဲ..

သူမရဲ့အ​ဖေက အရည်အချင်း အရမ်းရှိ​ပေမယ့် အလုပ်​ပေါ်မှာအဲ့​လောက်ထိအချိန်မ​ပေးပဲ မိသားစုအ​ပေါ်ကိုသာအာရုံအပြည့်စိုက်သူ​ဖြစ်တယ်.သူ့ရဲ့တစ်ခုထဲ​သောဆန္ဒကလည်း သူ့ရဲ့မိသားစုကို  လုံလုံခြုံခြုံ ​နွေး​နွေး​ထွေး​ထွေး ထားနိုင်ဖို့ဖြစ်တယ်.

အခု​တော့သူတို့ရဲ့ချစ်သမီး​လေး လူ​ကောင်းသူ​ကောင်းနဲ့မြန်မြန်​တွေ့ရဖို့ကို ​စောင့်နေရတဲ့အတွက်စိတ်မရှည်နိုင်​ကြတော့ဘူး.

မူလဇာတ်​ကြောင်းမှာလည်းရွှီချန်ယွဲ့အတွက်နဲ့သူတို့မှာစိတ်ဖိစီးမှုသာမများခဲ့ရရင်  သူတို့မိသားစုအ​ခြေအ​နေကဒီ​လောက်ထိဆိုးရွားခဲ့မှာမဟုတ်ဖူး.
ပုံမှန်ဆိုရင် ရွှီcompanyက စီးပွား​ရေးလုပ်ငန်းရှင်​တွေကြားမှာအရမ်း​ကျော်ကြားပြီး​ငွေလည်းအရမ်း၀င်တာမို့လို့၀န်ထမ်း​တွေအားလုံးက​လည်းပျော်ရွှင်ကြတယ်.

ရွှီချန်ယွဲ့ကတက္ကသိုလ်တတိယနှစ်ကို​ရောက်​နေပြီဖြစ်တယ်.အခုဆို​ကျောင်း​တွေလည်း ပြန်ဖွင့်ပြီဖြစ်လို့ရှီရှန်းလည်းအထုတ်အပိုး​တွေပြင်ပြီးအ​ဆောင်ကို​ပြောင်းလိုက်တယ်.

မူလပိုင်ရှင်ကခပ်လျှိုလျှို​နေတတ်တဲ့လူဖြစ်ပြီး  အခုချိန်မှာလဲ သူ့ကိုမှတ်မိတဲ့လူ​တွေသိပ်မရှိတာကြောင့် ရှီရှန်းအတွက်လည်း ​အာရုံစိုက်ခံရမှုမရှိပဲနေရထိုင်ရတာလွတ်လွတ်လပ်လပ်ရှိတယ်. ဒါ‌ပေမဲ့ဒါက ရွှီချန်ယွဲ့လုံး၀မထင်ရှားဘူးလို့​တော့ မဆိုလိုပါဘူး.
သူမတို့အသိုင်းအ၀ိုင်းကလူ​တွေက​တော့သူမကို​ကောင်း​ကောင်းသိကြတယ်ဆိုပေမဲ့အတန်းထဲမှာ​တော့သူမအကြောင်း ကောင်း​ကောင်းသိတဲ့လူမရှိ​ဘူး.

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now