နန်ကုန်းကျန်းက ​ခေါင်းငုံ့ထားတဲ့ရွှီချန်ယွဲ့ကိုလှမ်းကြည့်လိုက်တယ်
ချူးထန်ကိုယ်တိုင်ကသူမအတွက်​ပြော​ပေးရ​အောင် သူမတတ်နိုင်တာပဲ

"ကျွန်​တော်နားလည်ပါပြီ"
နန်ကုန်းကျန်းကစိတ်မပါပဲသ​ဘောတူလိုက်ရတယ်.ချူးထန်ရဲ့လက်​ချောင်း​လေးတစ်​ချောင်းလှုပ်လိုက်တာနဲ့ companyတစ်ခုကိုအသာ​လေးဖျက်စီးနိုင်​လောက်တာမို့ သူ့ကို ဆန့်ကျင်ဖို့ မ၀ံ့ရဲဘူး

ရှီရှန်းနဲ့နန်ကုန်းကျင်းကလွဲရင် ဒီမှာရှိတဲ့တခြားဘယ်သူကမှ ချူးထန်ရဲ့ ကိယ်​ရေးအချက်အလက်​တွေကိုမသိတာမို့လို့ ချူးထန်ရဲ့စကားတစ်ခွန်းကဒီ​လောက်ထိ အ​ရေးပါသွားတယ်ဆိုတာကို သူတို့​တွေနားမလည်နိုင်ဘူး.ဒါ​ပေမယ့် ဘယ်သူကမှထုတ်​မေးဖို့​တော့ မ၀ံ့ရဲကြပါဘူး

​စေ့စပ်ပွဲကိုဖျက်ဖို့ဆိုတာလူသိရှင်ကြားထုတ်​ပြောဖို့လိုအပ်တာမို့လို့ နန်ကုန်းကျန်းအ​နေနဲ့၃ရက်​လောက်​တော့အချိန်ဆွဲနိုင်ခဲ့တယ်
ဒီ၃ရက်အတွင်းမှာ ရွှီချန်ယွဲ့သာသူမစိတ်ကို​ပြောင်းချင်​သေးရင်​ပြောင်းလို့ရတာမို့လို့ ဒီအချိန်အတွင်းမှာ နန်ကုန်းကျန်းအတွက်​မျှော်လင့်ချက်​တွေရှိ​နေ​သေးတယ်

ချူးထန်က သူမထွက်သွားခင်မှာရှီရှန်းကိုသူ့ရဲ့လိပ်စာကဒ်ကို​ပေးခဲ့တယ်.
​ရွှေ​ရောင်အနားကွပ်ထားတဲ့အနက်​ရောင်ကဒ်က သာမန်လူတို့မှာမရှိနိုင်တဲ့ အရှိန်အ၀ါတစ်ခုကို​ပေး​နေတယ်.ကဒ်​ပေါ်မှာ ချူးထန်ရဲ့နာမည်နဲ့သူ့ရဲ့ personal phone numberသာပါတယ်

ရှီရှန်းတို့ကား​ပေါ်​ရောက်တဲ့အထိ​အောင် သူမရဲ့အ​ဖေက သူ့ရဲ့သိချင်စိတ်ကို ထိန်းထားခဲ့ရတယ်
"သမီး​လေး....အဲ့​ကောင်​လေးက ဘယ်သူလဲ"

နန်ကုန်းကျန်းက​လေးစားရ​လောက်​အောင် အဆင့်အတန်းမြင့်တဲ့သူဆိုရင် ဒီလူက​တော်ရုံတန်ရုံအာဏာရှိတာ​တော့မဖြစ်နိုင်ဘူး

"ချူးထန် ..... အဲ့ဒီလူကချူးထန်ပဲ"
ရှီရှန်းက​​ဖြေလိုက်တယ်
"နာမည်ကဒ်​ပေါ်မှာ ချူးထန်လို့​ရေးထားတယ်"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now