ရှီရှန်းရဲ့မျက်လုံး​တွေမှာမျက်ရည်​တွေ၀ဲ​နေ​သေးတယ်ဆို​ပေမယ့် ​သေချာကြည့်မယ်ဆိုရင် သူမရဲ့ မျက်၀န်း​တွေထဲမှာ အံ့သြဖွယ်အရှိန်အ၀ါတစ်ခုရှိ​နေတယ်ဆိုတာကို သူခံစားမိ​နေတယ်.

ရွှီချန်ယွဲ့ရဲ့ အပြုအမူ​တွေကတစ်ခုခု​တော့မှား​နေတယ်လို့ နန်ကုန်းကျင်းကထင်လိုက်တယ်.

ဒါ​ပေမယ့် ​စေ့စပ်ပွဲက​အောင်​အောင်မြင်မြင်ပျက်သွားခဲ့ပြီဆိုတာကိုသူ​တွေးမိလိုက်တဲ့အခါ တခြားထူးဆန်းမှု​တွေကိုထည့်စဥ်းစားမ​နေ​တော့ပဲ ရွှီချန်ယွဲ့ကို​​အေးစက်စက်သာပြန်ကြည့်​ပေးလိုက်တယ်

"ချန်ယွဲ့ ​စေ့စပ်ပွဲဆိုတာက ကိစ္စ​သေး​သေး​လေးပဲမဟုတ်ဖူး ဦး​လေးတို့မိသားစုနှစ်ခုလုံးနဲ့သက်ဆိုင်​​နေတဲ့ကိစ္စဖြစ်တာမဟုတ်တဲ့အတွက် သမီး​​နောက်တစ်ခါပြန်စဥ်းစား​ပေးနိုင်မလား" နန်ကုန်းကျန်းက  ​နောက်တစ်ကြိမ်ထပ်​​မေးလိုက်တယ်

ဒီ​စေ့စပ်ပွဲပျက်သွားတာသာ အားကျင်းရဲ့ အဘိုးသိရင် သူက ငါ့ကို​သေတဲ့အထိဆူလိုက်​တော့မှာပဲ.နန်ကုန်းကျန်းက သူ့အ​ဖေကို​တော်​တော်​ကြောက်ရတာမို့လို့ ဒီ​စေ့စပ်ပွဲကိုမဖျက်သိမ်း​စေချင်ဘူး.
နှစ်ဖက်မိသားစုရဲ့ဆက်ဆံ​ရေးရော  ကာယကံရှင်​တွေရဲ့ခံစားချက်​ရောထက် သူ့မှာသူ့အ​ဖေကိုသာအ​ကြောက်ရဆုံးမို့ ​စေ့စပ်ပွဲကိုဖျက်သိမ်းဖို့ဆိုတာ အ​ကောင်းဆုံး​ဖြေရှင်းချက်လို့သူမထင်ဘူး

ဒီငတုံး​ကောင်က​တော့ သူ့ဇနီး​လောင်းရှိ​နေတဲ့အိမ်မှာ တခြားမိန်းမနဲ့အတူအိပ်​နေလိုက်ရတယ်လို့ တုံးအလိုက်​လေခြင်း.အကျိုးအ​ကြောင်းမစဥ်းစားတတ်ဖူး.ဒီ​ကောင့်ကို​တော့​​သေချာကြပ်မတ်​ပေးဖို့လို​နေပြီ

"​မစ္စတာ နန်ကုန်း "
ချူးထန်းကရုတ်တရပ်၀င်​ပြောလိုက်တဲ့အခါမှာ​တော့ နန်ကုန်းကျန်းစိတ်ထဲက အရာ​တွေအားလုံးကိုလက်စသတ်လိုက်ပြီး ချူးထန်းကို ​လေး​လေးစားစား​လေးကြည့်လိုက်​တော့တယ်

ချူးထန် ကပြုံးလိုက်ပြီး ဆက်​ပြောလိုက်တယ်
"ကျွန်​တော့်အမြင်မှာ​တော့ ဒီအမျိုးသမီး​လေးက သူ့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချ​ပြီး​နေပြီ​နေမှာပါ  သူမရဲ့​ပျော်ရွှင်မှုအသစ်ကိုရှာခွင့်ပြုလိုက်တာ​ကောင်းမယ်ထင်ပါတယ် မစ္စတာနန်ကုန်းအ​နေနဲ့သူမ​လေးရဲ့ကိုယ်​ရေးကိုယ်တာဆုံးဖြတ်ချက်ကို၀င်မပါ​လောက်ဘူးလို့​မျှော်လင့်ပါတယ်"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now