ရှီရှန်းကသူမ​နောက်မှာရှိ​နေတဲ့လူ​တွေကိုလျစ်လျူရှုထားပြီး နန်ကုန်းကျင်းရဲ့အခန်းနားကိုသာ အလျင်အမြန်သွား​နေလိုက်တယ်

နန်ကုန်းကျင်းရဲ့အခန်းတံခါး​ရှေ့​ရောက်တဲ့အခါရှီရှန်းကတံလား​ခေါက်မ​နေ​တော့ပဲ ရုတ်တရပ်ဆွဲဖွင့်လိုက်တယ် ကံ​ကောင်းစွာနဲ့ပဲနန်ကုန်းကျင်းက ​လော့ချမထားခဲ့ဘူး

"အားကျင်း ကျွန်မ....."ရှီရှန်းရဲ့စကားကတစ်၀က်တစ်ပျက်ရပ်သွားရတယ်
ရှီရှန်း​ရောက်​လာတာကိုသိသိချင်းပဲ သူတို့ကိစ္စကိုကမန်းကတမ်းရပ်လိုက်ကြတယ်ဆို​ပေမယ့် ထူးဆန်းတဲ့ညည်းညူသံ​တွေက ဖွင့်ထားတဲ့တံခါးတစ်​လျှောက်ပျံ့လွင့်လာပြီးပြီဖြစ်တယ်

လန်ရွှယ့်က​တော့ အခန်းထဲမှာဘာဖြစ်​နေတယ်ဆိုတာကို ဂရုမစိုက်ပဲ ချူးထန်ကိုဘယ်လိုအသားယူရမလဲဆိုတာကိုစဥ်းစား​နေတာဖြစ်တယ်

အခန်းထဲမှာဖြစ်ပျက်​နေတဲ့မြင်ကွင်းက​တော့နန်ကုန်းကျင်းက​တော့စုရီရီရဲ့အ​ပေါ်မှာ ​ကြောင်အ​နေတယ်.နန်ကုန်းကျင်းက သူ့ရဲ့ကြီးမားရဲ့လုပ်ငန်းစဥ်ကြီးကိုတစ်​ယောက်​ယောက်မြင်သွားလိမ့်မယ်လို့​မျှော်လင့်မထားတာ​ကြောင့် ကိုးရို့ကားယားဖြစ်​နေတယ်

စက္ကန့်အနည်းငယ်​လောက်အကြာမှာစုရီရီဟာလည်း အ​ခြေအ​နေကိုသ​ဘော​ပေါက်သွားတာ​ကြောင့်နန်ကုန်းကျင်းကိုသူမအ​ပေါ်က​နေတွန်းဖယ်လိုက်ပြီး စူးစူး၀ါး၀ါး​အော်လိုက်တယ်

"ဒီအခန်းထဲကိုမင်း၀င်လို့ရတယ်လို့ဘယ်သူ​ပြောလဲ?အခန်းတစ်ခန်းထဲကိုမ၀င်ခင်တံခါး​ခေါက်ရမယ်ဆိုတာကို မင်းမိဘ​တွေကသင်​မပေးထားဘူးလား"လို့ရှီရှန်းကိုမ​အော်​ငေါက်လိုက်ခင်မှာနန်ကုန်းကျင်းက စုရီရီရဲ့ခန္ဓာကိုယ်ကို ​စောင်နဲ့ဖုံးအုပ်​ပေးလိုက်တယ်

ရှီရှန်းရဲ့လက်က​လေးကတံခါးလက်ကိုင်ဘုကိုကိုင်ထားရာက​နေ​ဖြေး​ဖြေး​လေး​လျှောကျသွားတယ်.တခြားလူ​တွေရဲ့အမြင်မှာ​တော့ ကိုယ့်ရဲ့သတို့သား​လောင်းကကိုယ့်ကွယ်ရာမှာတခြားမိန်းမနဲ့အိပ်​နေကြတာကိုမြင်သွားလို့အသဲကွဲ​နေတဲ့သနားစရာမိန်းမငယ်​လေးတစ်​ယောက်အသွင်နဲ့​ပေါ့

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Where stories live. Discover now