ရှောင်ပိုင်တစ်ယောက် ငိုပြီးသွားသည်မှာ အတော်ကြာပြီဆိုပေမယ့် အသံကတော့ နှာသံပေါက်နေဆဲ။ "ဒီနှစ်တွေထဲ ခခယယနဲ့ ဒုက္ခတွေခံပြီး မင်းကိုခစားလာရတာတောင် အခုတော့ ငါ့ကိုဒီလိုဆက်ဆံတယ်ပေါ့"
Pine၏ခြေထောက်ကို ထပ်မံ ဖက်တွယ်လိုက်ပြီးနောက် ရှောင်ပိုင်မှာ ငိုချင်လာပြန်သည်။ Pine၏ခြေထောက်ပေါ် သူ့မျက်နှာအပ်လိုက်ပြီး မပြောမဆိုဖြင့် သူ့မျက်ရည်တွေကို ကပ်သုတ်လိုက်၏။
အကြာကြီးကြာသွားမှ သူ့အထက်ကနေ Pineစကားသံကို ကြားလိုက်ရသည်။ "ဘာလို့ဒီမှာထိုင်နေတာလဲ?"
ရှောင်ပိုင် ဗလုံးဗထွေး ပြန်ပြောလိုက်သည်။ "မင်းကိုစောင့်နေတာ"
ရှောင်ပိုင် ဘာတွေသိသွားမှန်း Pineလည်း ဝိုးတဝါး ခန့်မှန်းမိသွားပြီး "ဘာလို့အခန်းထဲကစောင့်မနေတာလဲ?"
"မင်းနဲ့လွဲသွားမှာကြောက်လို့"
"ငါပြန်မလာရင်ဘယ်လိုလုပ်မလဲ"
"..."
ရှောင်ပိုင်က ခပ်တိုးတိုး ပြောလာသည်။ "မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့...ပစ္စည်းတွေလာသိမ်းရဦးမှာလေ"
လမ်းတစ်ဝက်မှာ ရပ်တန့်သွားသည့်လက်က အောက်ကိုဆက်ဆင်းလာသည်။ ထိုလက်က ကျွမ်းရိပိုင်၏ဆံပင်ထဲ နစ်မြုပ်သွားပေမယ့် တကယ်တမ်း သူ့လက်ကအေးစက်နေမှာ Pineက စိုးရိမ်တာကြောင့် ထိတော့မထိရဲပါချေ။
Pine : "ထ"
ရှောင်ပိုင် : "မထဘူး။ အရင်ရှင်းပြ"
Pineကတံခါးဖွင့်လိုက်ပြီး "အထဲဝင်ပြီးပြောရအောင်"
ရှောင်ပိုင်က မလှုပ်မရပ်သာ။ "မဝင်ဘူး"
ကြမ်းပြင်ပေါ်ကျနေသည့်ဖုန်းက အသံထမြည်လာ၏။ Pineက လှမ်းကြည့်လိုက်ပြီး "မင်းရဲ့ဖုန်း"
ဒီစကားက ရှောင်ပိုင့်ကို သတိဖော်လိုက်သလိုဖြစ်သွားသည်။ "ငါဖုန်းဆက်တာတွေ ဘာလို့မကိုင်တာလဲ? မင်းစာချုပ်လက်မှတ်ထိုးနေတာကို ငါနှောင့်ယှက်မှာကြောက်လို့လား?"
"ဖုန်းအားကုန်ပြီး စက်ပိတ်သွားတာ" Pineကပြောလာသည်။ "ဖုန်းကအိတ်ထဲမှာ။ မယုံရင် ကိုယ်တိုင်ယူကြည့်"
ရှောင်ပိုင်က စကားမပြောတော့ဘဲ တိတ်တဆိတ်သာ Pine၏ခြေထောက်ကို ဖက်ထားသည့် သူ့လက်မောင်းကို ပိုတင်းကျပ်လိုက်သည်။
Pine : "မြန်မြန်မထရင် ခဏနေ ချန်ကောပြန်လာတော့မှာ။ သူမင်းကိုဓါတ်ပုံရိုက်သွားလိမ့်မယ်"
ရှောင်ပိုင် : "..."
Pine : "ပြီးရင် ကျန်းရုန်ဆီ ပို့ရင်ပို့မှာ"
ရှောင်ပိုင် : "...မတ်တပ်ရပ်မရဘူး"
သူက ဖက်ထားသည့်အားကို အနည်းငယ် လျှော့လိုက်ပြီး ခေါင်းမော့လာသည်။ သူ့မျက်ဝန်းထောင့်တွေက နီရဲနေဆဲ။ "ထိုင်တာတအားကြာသွားလို့ ခြေထောက်ကျင်နေပြီ
"ကူထူပေးပါဦး"
Pineက သက်ပြင်းဖွဖွချလိုက်ပြီး ခါးကိုင်းကာ ကြမ်းပြင်ပေါ်မှရှောင်ပိုင်ကို ဆွဲထူလိုက်သည်။ ရှောင်ပိုင်က အခြေအနေကို အခွင့်ကောင်းယူပြီး Pineဆီ မှီချလိုက်ကာ သူ့မျက်နှာတစ်ခုလုံးကို Pine၏ပုခုံးပေါ် မြှုပ်ပစ်လိုက်သည်။
နှစ်ယောက်က အလွန်အမင်း နီးကပ်နေသည်မို့ အချင်းချင်း ဖက်နေသည့်ပမာ။
ပြီးခဲ့သည့်တစ်ခေါက် ရှောင်ပိုင် အရက်မူးပြီး ဒီလိုလုပ်ဖူးကတည်းက သူတို့နှစ်ယောက် နီးနီးကပ်ကပ် အတူရှိချိန်တိုင်း သည်းမခံနိုင်ပါဘဲ ရှောင်ပိုင် Pine၏ပုခုံးထဲ သူ့ခေါင်းကို မှီထားတတ်သည်။ ပြိုင်ပွဲပြိုင်လက်စ Backstageမှာလား စီးပွားရေးပွဲတွေမှာလား သူတို့ရောက်နေသည့်နေရာက မရေးမပါဘဲ ကျယ်ပြန့်လွန်းသည့် Pine၏ပုခုံးတွေက မှီထားဖို့ရာ သက်တောင့်သက်သာရှိလှသည်။
စစချင်း Pineက ရုန်းတတ်ပေမယ့် သူကျင့်သားရသွားသည်နှင့် ရှောင်ပိုင့်စိတ်တိုင်းကျသာ လုပ်ခိုင်းသည်ပင်။
ရှောင်ပိုင်က ခေါင်းလှည့်လာပြီး Pine၏လည်ပင်းကို အနံ့ခံလိုက်၏။ "ဆေးလိပ်တွေအများကြီးသောက်ထားတယ်မလား"
Pine : "အင်း။ ဝေးဝေးနေ"
"ငါမကြိုက်တာမှမဟုတ်တာ"
Pineက မာဖလာပတ်မထားသည်မို့ အပြင်တွင် နာရီဝက်လောက်ရပ်ထားသည့်အခါ သူ့လည်ပင်းကပင် အေးစက်နေသည်။ Pine၏ခန္ဓါကိုယ်အပူချိန်ကို သတိပြုမိတော့ ရှောင်ပိုင်က သူ့ကိုနွေးသွားစေရန် လက်မြှောက်ကာ Pine၏ဂုတ်ပိုးကို ပွတ်ပေးလာသည်။
Pineက သူ့ကို ဖယ်ထုတ်ပစ်လိုက်ချင်ပေမယ့် ထိုအပြုအမူကြောင့် ရပ်တန့်သွား၏။ အဆုံးမှာတော့ ရှောင်ပိုင့်ခါးကိုသာ ဖက်လိုက်ပြီး သူမူးနေတုန်း သူလုပ်နေကျအတိုင်း အခန်းထဲသို့ ဆွဲခေါ်လာလိုက်သည်။
အထဲရောက်သည်နှင့် Pineက တံခါးပိတ်လိုက်သည်။ ပြီးနောက် ရှောင်ပိုင်ကို ထိုင်ခုံပေါ်ချပေးလိုက်ပြီး တစ်သျှူးအနည်းငယ်ကိုယူလိုက်ကာ ရှောင်ပိုင့်ဆီ ကမ်းပေးလိုက်၏။ "မငိုနဲ့တော့"
"မငိုပါဘူး။ သောက်ရမ်းပျော်ပြီးသွားလို့ မျက်လုံးတွေပင်ပန်းနေတာ" ကတ်တီးကတ်ဖဲ့ပြောပြီးကာမှ သရဲတောင်သူ့စကားမယုံလောက်ဘူးဟု ခံစားလိုက်ရပြီး ထပ်ဖြည့်စွက်ကာ ပြောလိုက်၏။ "ငိုတော့ရောဘာဖြစ်လဲ? ငါ့ယောကျာ်းက ထွက်ပြေးတော့မယ့်အကြောင်း တစ်လောကလုံးကသိနေပြီ။ ငါတစ်ယောက်ပဲမသိသေးတာ။ ဒါတောင် ငိုခွင့်မရှိဘူးလား?"
Pine : "..."
Pineက သူနှင့် ဆန့်ကျင်ဘက်သို့ မျက်နှာလွှဲလိုက်ပြီး အနည်းငယ် ခေါင်းငုံ့လျက်ဖြင့် ဂျက်ကတ်ကိုချွတ်လိုက်သည်။ "အသင်းဖော်။ မင်းယောကျာ်းမဟုတ်ဘူး"
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~