အပိုင်း(၁၅)

5.4K 779 72
                                    


[Unicode]

ငါဒီLeblancကိုအရင်က​သေချာ​ပေါက်မြင်ဖူး​နေတယ်!!

တင်း​ကောပြန်​ရောက်လာသည့်အချိန်မှပင် "ဖွံ့ဖြိုး​နေဆဲ"ဆိုသည့်တစ်​ယောက်က သူ့ကို​ပြောသွားတာမှန်း ကျန်းရုန်သိ​တော့သည်။

လု​ပေါယွမ်​ပြောသွားသည်က "ဖွံ့ဖြိုး​နေဆဲ"ဆို​ပေမယ့် တကယ်က​တော့ သူ့ကိုငယ်​သေးသည်ဟု ​ဆိုလိုခြင်းပင်။

ကျန်းရုန်က ၁၇နှစ်ဖြစ်​နေပြီ ဘယ်နားမှာငယ်​သေးတာလဲ?​နောက်တစ်လ၊နှစ်လဆိုရင်ပဲ သူကအရွယ်​ရောက်တော့မှာ​လေ။

ကျန်းရုန် သူ့အတွက်သူနည်းနည်း​တော့ခုခံပြောလိုက်ချင်​​​ပေမယ့် လု​ပေါယွမ်၏​နောက်​ကျောပုံရိပ်ကို မြင်လိုက်သည်နှင့် သူ​ပြော​တော့မည့်စကားလုံး​တွေကိုသာ ပြန်မြိုချလိုက်မိသည်။

လု​ပေါယွမ်က အိမ်​နေရင်းအဝတ်အစားကို ဝတ်ထားသည်ဖြစ်​သော်လည်း သူ့ရဲ့ပုခုံး​တွေကကျယ်ပြန့်ပြီး သန်မာတယ်ဆိုတာ ထင်ရှား​လေသည်။သူ့ရဲ့ခါးက​ဖြောင့်တန်း​နေကာ ကွန်ပျူတာ​ရှေ့တွင်အထိုင်များသည့် အခြားကစားသမား​တွေလို ခါးကုန်း​နေခြင်းမျိုးမရှိ။

​နောက်​ကျောဘက်က​နေ အကဲဖြတ်ရသ​​လောက်နှင့်ပင် လု​ပေါယွမ်က သူနှင့်ရွယ်တူ​ယောကျာ်း​တွေထက် အလွန်အမင်းကိုသာလွန်​မှန်းသိသာ၏။

ထို့​ကြောင့်လည်း pro playerအများကြားထဲမှာမှ သူကပြိုင်ပွဲတိုင်းရဲ့ "မျက်စိဖမ်းအစားနိုင်ဆုံး"ကစားသမား ဖြစ်​နေတာပင်။

"Soft မင်း​ရောက်​နေပြီပဲ" တင်း​ကောကလက်သုတ်​နေရင်း ​ပြောလာ၏။ "ထိုင်ဦး​လေ ရိုးရိုးရှင်းရှင်းပဲမိတ်ဆက်​ကြတာ​ပေါ့"

ကျန်းရုန် အနည်းငယ်တုံ့ဆိုင်း​နေပြီးမှ အ​ဝေးတွင်ရှိ​သောကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။

​လေထုအ​ခြေအ​နေက ကို့ရိုးကားယားဆန်​နေတာကို တင်း​ကောခံစားမိ​ပေမယ့် ဒါကကိစ္စကြီး​တော့မဟုတ်။လူငယ်​လေး​တွေအတွက် ပထမဆုံး​တွေ့ဖူးသည့်အချိန်တွင် ထိုကဲ့သို့သာဖြစ်​နေတတ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now