အပိုင်း(၉၄)

4.3K 724 80
                                    

(Unicode)

အပိုင်း(၉၄) : ပိုက်ဆံစုထား​တော့ ငါသ​ဘောကျတဲ့သူသုံးလို့ရတာ​ပေါ့

တင်းကောတစ်ယောက် ခေါင်းကိုချာခနဲလှည့်ထားသည့် အနေအထားအတိုင်း အေးခဲသွားလျက် တစ်ကိုယ်တည်းတွေးတောခန်း ဝင်သွားလေသည်။

ပြီးခဲ့သည့်တစ်ခေါက် လုပေါ်ယွမ် သူ့ဆီ ချိန်းတွေ့နေပြီဟု ဖွင့်ပြောပြီးကတည်းက တင်းကော ထိုကိစ္စအကြောင်း သူနှင့် ထပ်မဆွေးနွေးဖြစ်ပေ။ ဟိုးအတွင်းထဲမှာတော့ သူ့ကိုယ်သူ နှစ်သိမ့်ထား၏။ အခြေအနေက သူထင်နေသလိုမျိုး မဟုတ်ခဲ့ရင် ဘယ်လိုလုပ်မလဲ?

ပထမဆုံးအချက်က သူချိန်းတွေ့နေသည့်ပုဂ္ဂိုလ်က ဒီနယ်ပယ်ထဲကပဲလား ဆိုသည်ကို လုပေါ်ယွမ်က မဖြေရှင်းထားပေ။ ဒုတိယအချက်ကတော့ သူချိန်းတွေ့နေသည်က ယောကျာ်းလား ၊ မိန်းမလား ဆိုသည်ကို သဲသဲကွဲကွဲ မပြောချေ။ တင်းကောတစ်ယောက်တည်း အတွေးလွန်နေတာဆို ဘယ်လိုလုပ်မလဲ?

ပြီးတော့ လုပေါ်ယွမ်ကို သူသိလာခဲ့သည့်နှစ်တွေထဲ သူဂေးနေသည်ဆိုသည့်အကြောင်းကို တစ်ခါမှ မကြားဖူးချေ။

ကျန်းရုန်ဆိုရင် သောက်ကျိုးနည်း တယ်လီဖုန်းတိုင်ထက်တောင် ဖြောင့်တဲ့ကောင်လို့ ထင်ရတယ်လေ! ဟိုးတစ်လောကပဲ သူ့ကိုဖွင့်ပြောတဲ့ယောကျာ်းတစ်ယောက်ကြောင့် လန့်သွားသေးတယ်မဟုတ်လား?

သူတို့တွေက Playoffsကြောင့် အလုပ်များနေသလို တင်းကောကလည်း လက်တွေ့ကို ရင်မဆိုင်ချင်ပေ။

ထို့ကြောင့် နွေဦးရာသီပွဲမပြီးခင်အထိ သူဘာမှမမြင်ရ ၊ မကြားရသလို ယာယီဟန်ဆောင်နေမည်ဟု တင်းကော ဆုံးဖြတ်ထားခြင်းပင်။ ကိစ္စတွေကို သူသာအောက်ဆုံးအထိလိုက်တူးမနေလျှင် သူဘာမှမသိထားသလို ဟန်ဆောင်နေနိုင်သေးသည်။

သို့သော် ထိုတံခါးဖွင့်လိုက်သည့်အခိုက် တင်းကောကို အကြာကြီး ပျော်ရွှင်စေခဲ့သည့် အတွေးတို့က ရုတ်တရက် အပိုင်းပိုင်းအစိတ်စိတ် ကွဲအက်သွားကာ ကြမ်းပြင်အနှံ့ ပျံ့ကျဲသွားတော့သည်။

လုပေါ်ယွမ်၏ဖုန်းပြန်ဖြေသံကို သိပ်ဂရုမထားခဲ့သည့် ကျန်းရုန်မှာလည်း တင်းကောကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားလေသည်။ မသိစိတ်၏စေ့ဆော်မှုအရ သူက အလိုလို မျက်နှာတည်သွားပြီး အင်္ကျီကို ဆန့်လိုက်မိသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now