အပိုင်း(၄၂)

4.9K 840 106
                                    


(Unicode)

'Roadနဲ့duo queueနိုင်တာ ငါပဲရှိတယ်၊ အသုံးမကျတဲ့​ဘေးလူ​တွေ လစ်​တော့'

ပိတ်ရက်ကနီးကပ်လာသည်နှင့်အမျှ ​လေ့ကျင့်​ရေးပွဲ​တွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်လာ​တော့သည်။ သို့​​သော်လည်း Baseထဲရှိ​လေထုအ​ခြေအ​နေက​တော့ သာမန်ထက်ကို ​သက်​တောင့်သက်သာ ဖြစ်​နေ​ပေသည်။

ပိတ်ရက်မတိုင်မီတစ်ရက်အလို၌ WZWZနှင့်လေ့ကျင့်​ရေးပွဲတစ်ပွဲ ကစားခဲ့ရပြီး သူတို့​လေ့ကျင့်​ရေးခန်းထဲက ထွက်လိုက်သည်နှင့် ​ဟော့​ပေါ့အနံ့ကို ရလိုက်ကြသည်။

"​​​လေ့ကျင့်​ရေးပွဲ​တွေ ကစားတာများလို့များ ​ကြောင်ကုန်ပြီလားမသိ? ဘယ်လိုဖြစ်လို့ ​ပျော်ရွှင်မှုအ​​ငွေ့အသက်​လေး​တွေ ရ​နေပါလိမ့်?" ​ရှောင်ပိုင်က နှာ​ခေါင်းတစ်ရှုံ့ရှုံ့နှင့် ​မေးလာသည်ပင်။

တင်း​ကောကသူ့နဖူးအား ခပ်ဖွဖွ​လေး​တောက်လိုက်ပြီး "ငါအန်တီ့ကို​ဟော့​ပေါ့ချက်ခိုင်းထားတာ။ မင်းတို့အားလုံးလည်း ဒီရက်ထဲအ​တော်​လေးပင်ပန်းခဲ့တာဆို​တော့ ​ဟော့​ပေါ့စားပြီး အနားယူလိုက်ကြ​တော့။ မနက်ဖြန်လည်း မနက်အ​စောကြီး ​လေယာဥ်စီးရဦးမယ်ဆို​တော့ ဒီည​တော့​လေ့ကျင့်​ရေးပွဲ​တွေမရှိ​တော့ဘူး"

အသားနှင့်အသီးအရွက်ပန်းကန်​တွေက စားပွဲတစ်ခုလုံးမှာပြည့်​နေပြီး ​​ဟော့​ပေါ့အနံ့က​လည်း Baseတစ်ခုလုံးပင် မွှေး​နေ​သည်။

ဒုတိယအသင်းသား​တွေကလည်း ​နောက်ရက်ကျရင် သွားကြ​တော့မှာ ဖြစ်သည့်အတွက် တင်း​ကောက သူတို့ကိုပါ အတူစားရန် Wechatက​နေလှမ်း​ခေါ်ထားသည်။ တင်း​ကောက ​နောက်ထပ်စားပွဲခုံတစ်ခုံကို ​ဘေးမှာပြင်ဆင်ထားလိုက်ပြီး သူတို့အား ထို​နေရာ၌ ထိုင်ခိုင်းလိုက်သည်။

သူတို့က တစ်​ယောက်နှင့်တစ်ယောက် အနီးအနားမှာ​နေသည် ဖြစ်​သော်ငြား ကျန်းရုန်က​တော့ တစ်​ခေါက်မှသူတို့နှင့် စကားမ​ပြောဖူး​သေး​ပေ။ အစကတည်းက သူကအစားစားရင်း စကားများတတ်သူမဟုတ်တာ​ကြောင့် အခု အားလုံးက တက်တက်ကြွကြွ စကား​ပြော​နေချိန်တွင် သူကပါးစပ်ပိတ်ပြီး စား​နေလိုက်ရုံသာ။

||Complete|| I Can Do It [MM Translation]Där berättelser lever. Upptäck nu